သီပေါမြို့၊ မိုးတေချောင်းအတွင်း နစ်မြုပ်ခဲ့သည့် အမျိုးသားအလောင်း ပြန်လည် တွေ့ရှိ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Boxed(True/False)
Comments system
Photo of three cats
Friday, April 19, 2019
နောင် (မြစ်မခ)
.
.
.
.
အဆိုပါ အမျိုးသားမှာ မိုးတေချောင်းတံတားအောက်တွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ပြီး တံတားအောက်က် အနီးတွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ အလောင်းအားသီပေါဆေုးံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ပြီး သီပေါမြို့မ ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ်-၁၁ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။
.
.
သီပေါမြို့၊ မိုးတေချောင်းအတွင်း နစ်မြုပ်ခဲ့သည့် အမျိုးသားအလောင်း ပြန်လည် တွေ့ရှိ
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ မိုးတေချောင်းအတွင်း ဧပြီ ၁၈ ရက်က သူငယ်ချင်းများနှင့်အတူ ရေဆင်းကူးရာမှ ရေနစ်ခဲ့သည့် အသက် ၂၀ အရွယ် အမျိုးသား၏ အလောင်းအား ဧပြီ ၁၉ ရက်တွင် အဆိုပါ ရေနစ်ရာ နေရာ၌ပင်  ပြန်လည် တွေ့ရှိခဲ့ရကြောင်း သိရှိရသည်။
.
မနေ့ (ဧပြီ ၁၈ ရက်)က သူငယ်ချင်း ၃ ယောက်ရေသွားကူးရင်းကနေ ရေနစ်သွားတာ ဒီနေ့ (ဧပြီ ၁၉ ရက်) မှာ ပြန်တွေ့တာပါ။ အသက်(၂၀)ဝန်းကျင် ဆယ်တန်းဖြေထားတဲ့ ကျောင်းသားလို့ သိရပါတယ်’’ဟုသီပေါမြို့မ ရဲစခန်းမှ စခန်းမှူး ဝင်းတင်က ပြောသည်။
.
အဆိုပါ အမျိုးသားမှာ မိုးတေချောင်းတံတားအောက်တွင်း ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်း ဖြစ်ပြီး တံတားအောက်ဘက် အနီးတွင် အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မနေ့ နေ့လယ်ပိုင်းလောက်က ရေဆင်းချိုးကြတာလို့ပြောတယ်။ တပ်မိသားစုကလို့ သိရတယ်။ အလောင်းကို သယ်ပြီးတော့ သီပေါဆေးရုံကို ပို့ပေးခဲ့တာပါ။’’ဟု နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ ကိုမျိုးက ပြောသည်။
.
အဆိုပါ အလောင်းအားသီပေါဆေးရုံကြီးသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ပြီး သီပေါမြို့မ ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ်-၁၁ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။
.
မိုးတေချောင်းအတွင်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက ကိုရီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦးရေနစ်သေဆုံးကာ ယခုချိန်ထိ အလောင်းအား ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။
.
No comments:
Post a Comment
Journal Download
Photo of three cats