လွိုင်လင်မြို့၏ ပထမဆုံး လမ်းလျှောက်သင်္ကြန်ကို ဖွင့်ပွဲ ၃မျိုးဖြင့် ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, April 12, 2019

လွိုင်လင်မြို့၏ ပထမဆုံး လမ်းလျှောက်သင်္ကြန်ကို ဖွင့်ပွဲ ၃မျိုးဖြင့် ကျင်းပမည်


မင်းဇော်မင်း
.
ှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့၏ ပထမဆုံး လမ်းလျောက်သင်္ကန်ကို ဖွင့်ပွဲ ၃ မျိုးဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.

လွိုင်လင်မြို့ဈေး အရှေ့၌ ပြုလုပ်မည့် လမ်းလျှောက်သင်္ကန်ကို ဒေသသုံး ခမောက်၊ လွယ်အိတ်၊ ရှမ်းရိုးရာ သဘက်၊ ပအိုဝ်း ခေါင်းပေါင်း၊ ပလိုင်း၊ ဗူးခါးသီးများဖြင့် အလှဆင်ထားကာ နာရီစင်ကို ရှမ်းရွှေငွေအိုးစည် ပအိုဝ်းအိုးစည်နက်တို့ဖြင့် တန်ဆာဆင်ထားပြီး ဗဟိုမဏ္ဍပ်ဘေးရှိ ရေပက်စင်များကို ရိုးရာအိမ်ပုံစံ ဖော်ကျူးထားကြောင်းနှင့် ရေကစာသူများအနေဖြင့် ရိုးရာအိမ်အတွင်းမှ ကစားနေပုံမျိုး ရသ ပြုလုပ်ထားသည်ဟု ၎င်းက ဆိုသည်။
.
လွိုင်လင်မြို့ပေါ်တွင် မဏ္ဍပ်ပေါင်း ၁၈ ခု ရှိမည်ဖြစ်ပြီး သင်္ကန်ရက်များအတွင်း စတုဒီသာများဖြင့် ဧည့်ခံမည်ဖြစ်ကာ ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၃ ရက်(အကြိုနေ့)၊ ညနေပိုင်းတွင် ပြုလုပ်၍ ယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေသွားမည် ဖြစ်ပြီး အတက်နေ့တွင် ဆုပေးပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

လွိုင်လင်မြို့၏ ပထမဆုံး လမ်းလျှောက်သြင်္ကန်ကို ဖွင့်ပွဲ ၃မျိုးဖြင့် ကျင်းပမည်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့၏ ပထမဆုံး လမ်းလျောက်သြင်္ကန်ကို ဖွင့်ပွဲ ၃ မျိုးဖြင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
ဒေသသုံး ရိုးရာ ပစ္စည်းတွေနဲ့ လျှောက်လမ်း ခေါင်ပေါ်မှာ အလှဆင်တာ၊ ဒေသခံ ရှမ်း၊ ပအိုဝ်း ရိုးရာ အိုးစည်တွေနဲ့ နာရီစင် ဖွင့်ပွဲ တစ်ခုနဲ့၊ လွိုင်လင်တောင် နောက်ခံမှာ ဒေသခံ တိုင်းရင်းသားစုံတွဲတွေ ရိုးရာ ရေကစားပုံတွေနဲ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲ၊ ၃ ခု ဖွင့်မှာ ဖြစ်ပါတယ်ဟု လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

လွိုင်လင်မြို့ဈေး အရှေ့၌ ပြုလုပ်မည့် လမ်းလျှောက်သြင်္ကန်ကို ဒေသသုံး ခမောက်၊ လွယ်အိတ်၊ ရှမ်းရိုးရာ သဘက်၊ ပအိုဝ်း ခေါင်းပေါင်း၊ ပလိုင်း၊ ဗူးခါးသီးများဖြင့် အလှဆင်ထားကာ နာရီစင်ကို ရှမ်းရွှေငွေအိုးစည် ပအိုဝ်းအိုးစည်နက်တို့ဖြင့် တန်ဆာဆင်ထားပြီး ဗဟိုမဏ္ဍပ်ဘေးရှိ ရေပက်စင်များကို ရိုးရာအိမ်ပုံစံ ဖော်ကျူးထားကြောင်းနှင့် ရေကစားသူများအနေဖြင့် ရိုးရာအိမ်အတွင်းမှ ကစားနေပုံမျိုး ရသ ပြုလုပ်ထားသည်ဟု ၎င်းက ဆိုသည်။
.
လွိုင်လင်မြို့ပေါ်တွင် မဏ္ဍပ်ပေါင်း ၁၈ ခု ရှိမည်ဖြစ်ပြီး သြင်္ကန်ရက်များအတွင်း၌ စတုဒီသာများဖြင့် ဧည့်ခံမည်ဖြစ်ကာ ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၃ ရက်(အကြိုနေ့)၊ ညနေပိုင်းတွင် ပြုလုပ်၍ ယိမ်းအကများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေသွားမည် ဖြစ်ပြီး အတက်နေ့တွင် ဆုပေးပွဲနှင့် ပိတ်ပွဲ အခမ်းအနားကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube