တန္႔ယန္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ ၿမိဳ႕နယ္အတြင္း ေသာက္သံုးေရ လိုက္လံလွဴဒါန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, April 18, 2019

တန္႔ယန္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔မွ ၿမိဳ႕နယ္အတြင္း ေသာက္သံုးေရ လိုက္လံလွဴဒါန္း


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ ေျမာက္ပုိင္း တန္႔ယန္းၿမိဳ႕နယ္အရန္မီးသတ္တပ္ရင္းမွ တန္႔ယန္းၿမိဳ႕အတြင္း ေသာက္သံုးေရ လိုအပ္ေသာ ေနရာမ်ားသို႔ လိုက္လံကာ ေရမ်ား လွဴဒါန္းေပးလ်က္ရွိေၾကာင္း သိရွိရသည္။
.
.
ေႏြရာသီေရာက္ရွိလာျခင္းေၾကာင့္ ေနရာအေတာ္မ်ားမ်ားတြင္ ေရရွားပါးမႈျပႆာနာမ်ား ျဖစ္ေပၚေနရၿပီး တန္႔ယန္းမီးသတ္တပ္ဖဲြ႔မ်ားမွလည္း တန္႔ယန္းၿမိဳ႕အတြင္း ေရရွားပါးမႈျပႆာနာမ်ားအား ေျဖရွင္းေပးရန္အတြက္ ေသာက္သံုးေရမ်ား လွဴဒါန္းေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
.
ကြ်န္ေတာ္တို႔ ဒီတန္႔ယန္း ရပ္ကြက္(၇)က အျမင့္ပိုင္းက်တယ္။ အျမင့္ပိုင္းက်ေတာ့ ေႏြရာသီဆိုရင္ ႏွစ္တိုင္း ေရရွားတဲ႔ျပႆာနာရွိတယ္။ က်န္တဲ႔အခ်ိန္မွာေတာ့ အဆင္ေျပတယ္။ ေႏြရာသီမွာ ကန္ေရေတြက ခန္းသြားေတာ့ ေသာက္သံုးေရအတြက္ အခက္ခဲျဖစ္ေတာ့ သြားေရာက္လွဴဒါန္းေပးတာပါ။’’ဟု တန္႔ယန္းၿမိဳ႕နယ္ အရန္မီးသတ္ တပ္ရင္းမွ တပ္ခဲြမွဴး စိုးမိုးႏိုင္က ေျပာသည္။
.
တန္႔ယန္းၿမိဳ႕တြင္ ယခင္ႏွစ္မ်ားကလည္း ေသာက္သံုးေရ အခက္ခဲမ်ားရွိခဲ႔ျခင္းေၾကာင္႔  လိုအပ္ေသာ ေနရာမ်ားသို႔ လည္း ေန႔စဥ္လွဴဒါန္းေပးသြားမည္ျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။
.
အမွန္ကေတာ့ လူဦးေရမ်ားလာတာေတြ လူေတြေနထိုင္ဖို႔အတြက္ ေျမေတြယူၾကတယ္။ ကန္ေတြ က်ဥ္းလာတာ ေတြေၾကာင့္ ေရေတြက အခက္ခဲေတြျဖစ္ရတာပါ။ ကန္ဆိုတာက အျမဲတမ္း ေဖာ္ေပးေနရတယ္လို႔ ေရွးလူႀကီးေတြ ေျပာတာ ၾကားဖူးပါတယ္။ အခုလို လွဴေပးတာကို ေက်းဇူးတင္ရပါတယ္။’’ဟု တန္႔ယန္းၿမိဳ႕ ေဒသခံ ေဒၚသူဇာေထြးက ေျပာသည္။
.
တန္႔ယန္းၿမိဳ႕နယ္အရန္မီးသတ္တပ္ဖဲြ႔မွ တန္႔ယန္းၿမိဳ႕ ရပ္ကြက္(၇)၌ ျပည္သူမ်ားအသံုးျပဳႏိုင္ရန္အတြက္ ဧၿပီ ၁၇ ရက္က ေရဂါလံ ၈၀၀ ကို လွဴဒါန္းေပးခဲ႔ျခင္းျဖစ္သည္။
.
တန့်ယန်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်အတွင်း သောက်သုံးရေ လိုက်လံလှူဒါန်း
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ရင်းမှ တန့်ယန်းမြို့အတွင်း သောက်သုံးရေ လိုအပ်သော နေရာများသို့ လိုက်လံကာ ရေများ လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။
.
နွေရာသီရောက်ရှိလာခြင်းကြောင့် နေရာအတော်များများတွင် ရေရှားပါးမှုပြဿာနာများ ဖြစ်ပေါ်နေရပြီး တန့်ယန်းမီးသတ်တပ်ဖွဲ့များမှလည်း တန့်ယန်းမြို့အတွင်း ရေရှားပါးမှုပြဿာနာများအား ဖြေရှင်းပေးရန်အတွက် သောက်သုံးရေများ လှူဒါန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ကျွန်တော်တို့ ဒီတန့်ယန်း ရပ်ကွက်(၇)က အမြင့်ပိုင်းကျတယ်။ အမြင့်ပိုင်းကျတော့ နွေရာသီဆိုရင် နှစ်တိုင်း ရေရှားတဲ့ပြဿာနာရှိတယ်။ ကျန်တဲ့အချိန်မှာတော့ အဆင်ပြေတယ်။ နွေရာသီမှာ ကန်ရေတွေက ခန်းသွားတော့ သောက်သုံးရေအတွက် အခက်ခဲဖြစ်တော့ သွားရောက်လှူဒါန်းပေးတာပါ။’’ဟု တန့်ယန်းမြို့နယ် အရန်မီးသတ် တပ်ရင်းမှ တပ်ခွဲမှူး စိုးမိုးနိုင်က ပြောသည်။
.
တန့်ယန်းမြို့တွင် ယခင်နှစ်များကလည်း သောက်သုံးရေ အခက်ခဲများရှိခဲ့ခြင်းကြောင့်  လိုအပ်သော နေရာများသို့ လည်း နေ့စဉ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
.
အမှန်ကတော့ လူဦးရေများလာတာတွေ လူတွေနေထိုင်ဖို့အတွက် မြေတွေယူကြတယ်။ ကန်တွေ ကျဉ်းလာတာ တွေကြောင့် ရေတွေက အခက်ခဲတွေဖြစ်ရတာပါ။ ကန်ဆိုတာက အမြဲတမ်း ဖော်ပေးနေရတယ်လို့ ရှေးလူကြီးတွေ ပြောတာ ကြားဖူးပါတယ်။ အခုလို လှူပေးတာကို ကျေးဇူးတင်ရပါတယ်။’’ဟု တန့်ယန်းမြို့ ဒေသခံ ဒေါ်သူဇာထွေးက ပြောသည်။
.
တန့်ယန်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ တန့်ယန်းမြို့ ရပ်ကွက်(၇)၌ ပြည်သူများအသုံးပြုနိုင်ရန်အတွက် ဧပြီ ၁၇ ရက်က ရေဂါလံ ၈၀၀ ကို လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။
.

No comments:

Post a Comment