လားရှိုးမြို့ရှိ ဘာသာမရွေးနာရေးကူညီမှုအသင်း၌ အစာအိမ်နှင့် အူလမ်းကြောင်း ဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ပေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, April 4, 2019

လားရှိုးမြို့ရှိ ဘာသာမရွေးနာရေးကူညီမှုအသင်း၌ အစာအိမ်နှင့် အူလမ်းကြောင်း ဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ပေး


နောင်( မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ဘာသာမရွေးနာရေးကူညီမှုအသင်း၌ အစာအိမ်နှင့် အူလမ်းကြောင်း ဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ပေးခြင်းကို ဧပြီ ၁ ရက်မှ စတင်ကာ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
.

.
ကမ္ဘာ့အစာအိမ်၊ အူလမ်းကြောင်းနေ့နှင့် ကမ္ဘာ့အသည်းရောင် အသာဝါးနေ့အား ဂုဏ်ပြုသောအားဖြင့် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)နှင့် Social Welfare Association (Lashio) တို့မှ ပူးပေါင်းဆောင်ရွက်သော ခရီးစဉ်တွင် ပါမောက္ခများမှ စမ်းသပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
လူနာတွေကို သွေးစစ်တာတွေ လိုအပ်တာတွေ စတင်ပြီးတော့ ကနေဦးစမ်းသပ်ပေးတာပါ။ ခွဲတာတွေ ကို ခွဲမယ် ခွဲပြီးတော့မှ ဘာရောဂါဖြစ်လို့ ဘာဆေးပေးရမလည်းဆိုတာတွေ လုပ်ပေးမှာ၊ ညွှန်ကြားပေးမှာဖြစ်ပါတယ် ဘာသာမရွေးနာရေးကူညီမှုအသင်းမှ ရုံအုပ်ကြီး ဦးသိန်းမြင့်က ပြောသည်။
.
အဆိုပါ ပါမောက္ခ ဆရာဝန်ကြီးများမှ ဧပြီ ၃ ရက်တွင် လားရှိုးမြို့တော်ခန်းမ၌ နံနက် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ လူဦးရေ ၁၀၀ အား ဘီပိုး၊ စီပိုး အခမဲ့ စစ်ဆေးပေးကာ၊ ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ကျွန်တော်က ဗိုက်အောင့်အောင့်နေလို့ လာပြတာပါ။ ဘာဖြစ်မယ်ဆိုတာတော့ မသိသေးပါဘူး။ ဆရာန်တွေ စစ်ဆေးပြီး ညွှန်ကြားတဲ့အတိုင်း ကုသွားရမှာပေါ့။’’ဟု လာရောက်ပြသသူ ကိုသားထွေးက ပြောသည်။
.
ထို့အပြင် ဧပြီ ၃ ရက်၊ နံနက်ပိုင်းတွင်လည်း အခမဲ့ ဆေးခန်းတွင် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ လူနာများအား အခမဲ့ ကြည့်ရှုပေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube