တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, April 4, 2019

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၁၀ ရက် အထိ
.

တနင်္ဂနွေ
.
မိတ်ဆွေသစ်တိုးတက်လာမည်။ အခက်အခဲများ အတန်အသင့် လွတ်မြောက်လာတော့မည်။ အလိုရှိ သော ပစ်္စည်းဝင်မည်။ မော်တော်ကားကိစ်္စေ၊ဆာင်ရွက်ရမည်။ ငွေကြေးကိစ်္စ၀င်ငွေကောင်းလာသဖြင့် စိတ်ချမ်း သာလာမည်။ အဝေးမှ သတင်းကောင်း ကြားသိရလိမ့်မည်။ သားသမီးအတွက် စိတ်ရှုပ်ရလိမ့်မည်။ ကုန်သည် များ အရောင်းအ၀ယ်ရပ်တန့် နှေးကွေးလိမ့်မည်။ ၀န်ထမ်းများ အလုပ်ကိစ်္စခရီးသွားရမည်။ အချို့မှာ အလုပ်သက် သာစွာ လုပ်ရမည်။ ပွဲစားများမှာ အရောင်းအ၀ယ် မဖြစ်နိုင်သေးပါ။ ငယ်သူများ အချစ်ရေးကိစ်္စတွင် ချစ်သူ နဲ့ အဆင်ပြေမည်။ စိတ်ပျော်ရွှင်ရမည်။ ကျန်းမာရေးတွင် လည်ပင်းနာခြင်း အသံဝင်ခြင်းဖြစ်မည်။ ကံကောင်း စေသော ဂဏန်းမှာ (၆/၇/၄)ဖြစ်သည်။
ယတြာ။ စေတီမှာ သစ်သီးလှူပါ။
.

တနင်္လာ
.
ဖုန်းအသစ်ဝင်ခြင်း၊ ပြင်ခြင်းကြုံမည်။ အောက်လူများကြောင့် စိတ်ဆင်းရဲရလိမ့်မည်။ ကြီးသူအတွက် ဆောင်ရွက်ပေးနိုင်မည်။ အိမ်အတွင်း ပြုပြင်ရခြင်းကြုံလိမ့်မည်။ စီးပွားရေး လုပ်ငန်းများတွင် ပြောင်းလဲလုပ်ကိုင် ရန်၊ တိုးချဲ့ရန်ကြုံမည်။ နေအိမ်သို့ သူခိုးဝင်တတ်သဖြင့် သတိထားပါ။ ပစည်းပျောက်တတ်ပါသည်။ ကုန်သည် များ ပစ်္စည်းအရောင်းအ၀ယ် မှားယွင်းတတ်ပါသည်။ သတိထားပါ။ ၀န်ထမ်းများ ၀င်ငွေတိုးတက်လာမည်။ ပွဲ စားများ အပေါင်ကိစ်္စတည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူက အထင်လွဲစိတ်ကောက်နေလိမ့်မည်။ ကျန်းမာရေးကိစ်္စများတွင် ဆီးပူ၊ ဆီးအောင့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၄/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ထီးလှူပါ။
.

အင်္ဂါ
.
ငွေများများ ရုတ်တရက်မြတ်မည်။ ၀င်လာတတ်ပါသည်။ စနေသားများကို သိပ်မယုံကြည်သင့်ပါ။ စိတ်ကူး အကြံအစည်သစ်များ ပေါ်ပေါက်လိမ့်မည်။ ထင်ရှားသော ဘုရားစေတီရောက်လိမ့်မည်။ အိမ်သို့ စက်ပစည်း အသစ်အဆန်းဝင်လာမည်။ လုပ်ငန်းကိစ်္စများတွင် အလုပ်ရှုပ်ထွေးနေပါလိမ့်မည်။ ကုန်သည်များ စာချုပ်ပြုလုပ် ရမည်။ လုပ်ငန်းတိုးချဲ့လိမ့်မည်။ ၀န်ထမ်းများ ကြီးသူ၏ အကူအညီရတတ်ပါသည်။ ပွဲစားများ ငွေကိစအငြင်း ပွားကြလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူထံမှ လက်ဆောင်ကောင်းရလိမ့်မည်။ ကျန်းမာရေးကိစများတွင် အစားမှားသဖြင့် ၀မ်းပျက်မည်။ အစာမကြေဖြစ်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၀/၁/၅)ဖြစ် သည်။
ယတြာ။ သံဃာတော်ကို ဆေးလှူပါ။
.

ဗုဒ္ဓဟူး
.
ခိုက်ရန်ဖြစ်တတ်သည်။ သူတစ်ပါးကိစ၀င်ရောက်ဖြေရှင်းပေးရတတ်ပါသည်။ အိမ်ထောင်ရေးအိမ်တွင်း ကိစ စိတ်ရှုပ်ရမည်။ အစားကောင်းစားရမည်။ အလှူမင်္ဂလာပွဲရောက်လိမ့်မည်။ လူယုံများ သတိထား မိမိကို  လှည့်စားလိမ့်မည်။ ရွှေပြန်ထွက်တတ်သည်။ အရေးကြီးသော စာရွက်စာတမ်းများ ပျောက်နေသဖြင့် စိတ်ညစ် ရမည်။ ကုန်သည်များ ပစ်္စည်းအသစ်တင်ရမည်။ ၀န်ထမ်းများ စာရင်းမှားသွင်းမိတတ်ပါသည်။ သတိပြုပါ။ ပွဲ စားများ အိမ်မြေအရောင်းတည့်လိမ့်မည်။ ငယ်သူများ ချစ်သူနှင့် အလည်သွားရမည်။ ကျန်းမာရေးတွင် ယား ယံခြင်း၊ အသားပတ်ခြင်း ဖြစ်တတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၃/၉)ဖြစ်သည်။
ယတြာ။ စေတီတွင် ကံ့ကော်ပန်းလှူပါ။ 
.

ကြာသပတေး
.
ယာဉ်မောင်းသင်ရလိမ့်မည်။ မောင်းတတ်သူများ အနည်းငယ်တိုက်မိမည်။ အထက်လူကြီးများကို တွေ့ ဆုံရတတ် ပါသည်။ အလှူပွဲများသွားရမည်။ စီးပွားရေးများမှာ ရှုပ်ထွေးနေဆဲဖြစ်သော်လည်း အသင့်သင့်ငွေ ၀င်နေလိမ့်မည်။ အိမ်အနည်းငယ် ပြုပြင်ရလိမ့်မည်။ လက်ဝတ်ရတနာဝင်ကိန်းရှိနေသည် သို့ ပြုပြင်ရမည်။ ကုန်သည်များ ပစည်းမှားခြင်း အတုမိခြင်း ကြုံလိမ့်မည်။ ၀န်ထမ်းများမှာ အတွင်းလူနှင့် ရန်ကြုံမည်။ ပွဲစား များမှာ အရောင်းအ၀ယ်မရှိနိုင်သေးပါ။ ငယ်သူများ အချစ်ရေးတွင် ပျော်ရွှင်စရာကြုံမည်။ ချစ်သူမရှိသေးသူ ချစ်သူတွေ့မည်။ ကျန်းမာရေးတွင် မူးဝေခြင်း၊ သွေးအားနည်းခြင်း စသည်တို့ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (၂/၆/၇)ဖြစ်သည်။
ယတြာ။ အိမ်ဘုရားမှာ ဆီထမင်းလှူပါ။
.

သောကြာ
.
ဖုန်းပျောက်မည်။ ဖုန်းပျက်မည် သို့မဟုတ် ဖုန်းအသစ်လဲလှယ်ရလိမ့်မည်။ အ၀တ်အစား အ၀ယ်မှားတတ်သည်။ ၀ယ်ပြီးမှ မနှစ်သက်ခြင်းကြုံမည်။ စီးပွားရေးအလုပ်အကိုင်များ တိုးချဲ့လိုစိတ်ဖြစ်ပေါ်မည်။ ငွေကြေး အသင့်သင့်ဝင်လာမည်။ ထီပေါက်တတ်ပါသည်။ တစ်ခုလပ်၊ အိမ်ထောင်ပျက်များနှင့် စွပ်စွဲခံရတတ်ပါသည်။ ကုန်သည်များ အရောင်းအ၀ယ် သွက်လာမည်။ အလုပ်မနိုင်မနင်းကြုံမည်။ ၀န်ထမ်းများ အလုပ်အဆင်ပြေနေ မည်။ ပွဲစားများ အလုပ်ကြီးဖြစ်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူနှင့် အတူလည်ရလိမ့်မည်။ ကျန်းမာရေးတွင် သွားကိုက်ခြင်းကြုံတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၆/၁)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ရွှေလှူပါ။
.

စနေ
.
အကြွေးကိစပြောရတတ်သည်။ ငွေကိစ်္စစကားများရမည်။ ငွေကြပ်သဖြင့် ပစ်္စည်းအချို့ပြန်လည် ရောင်း ရတတ်ပါသည်။ အချို့လူများ အပေါင်ဆိုင်ရောက်မည်။ ကိစ်္စဟောင်းပြဿနာဟောင်း ပေါ်ပေါက်မည်။ သို့ သော် မမျှော်လင့်ဘဲ မစသူ ပေါ်သဖြင့် အခက်အခဲမှ လွတ်တတ်ပါသည်။ ဖုန်း၊ ဆိုင်ကယ် စသည် အသစ် လဲလှယ်ရမည်။ ကုန်သည်များ ကြွေးကိစ်္စစကားများမည်။ ငွေကြောင့် ဖြေရှင်းပြောဆိုရမည်။ ၀န်ထမ်းများ အောက်လူကြောင့် သောကကြုံရမည်။ ပွဲစားများမှာ ကြားဖြတ်ခံရမည်။ ငွေကြေးအပြည့်မရနိုင်ပါ။ ငယ်သူများ မှာ အချစ်ရေးတွင် ချစ်သူက ပေးသော လက်ဆောင်ရလိမ့်မည်။ ကျန်းမာရေးတွင် ရေချိုးမှားတတ်ပါသည်။ အဆုတ်အအေးမိတတ်ပါသည်။ ကံကောင်းစေသော ဂဏန်းမှာ(၂/၄/၆)ဖြစ်သည်။
ယတြာ။ ဘုရားမှာ စံပယ်ပန်းလှူပေးပါ။
.

No comments:

Post a Comment

Recent Tube