ရွမ္းျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္အၾကား ပြတ္တိုက္မႈ မရွိဘဲ အျပန္အလွန္ ေလးစားနားလည္မႈ ရွိဟု ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေျပာၾကား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, April 27, 2019

ရွမ္းျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္အၾကား ပြတ္တိုက္မႈ မရွိဘဲ အျပန္အလွန္ ေလးစားနားလည္မႈ ရွိဟု ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေျပာၾကား


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္တြင္ ျပည္နယ္အ စိုးရအဖြဲ႕ႏွင့္ ျပည္နယ္လႊတ္ေတာ္ အၾကား ပြတ္တိုက္မႈမရွိဘဲ အျပန္အလွန္ ေလးစားမႈမ်ား ရွိေနသည္ဟု ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ကေမၻာဇတုိင္းသို႔ ေျပာ ၾကားခဲ့သည္။
.

.
''ရွမ္းျပည္နယ္က နယ္ေျမအ က်ယ္ဆံုးျဖစ္သလို အေရာင္အေသြး စံုလွတဲ့ တိုင္းရင္းသားလူမ်ိဳးေပါင္းစံု မီွတင္းေနထိုင္ၾကတဲ့ျပည္နယ္ျဖစ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္အမ်ားစုရွိသလို ျပည္သူ႔စစ္အဖြဲ႕ေတြလည္း အမ်ားအျပား ရွိေနပါတယ္။ ရွမ္း ျပည္နယ္ကထူးျခားပါတယ္။ လႊတ္ ေတာ္နဲ႔ အစိုးရၾကား ပြတ္တိုက္မႈမရွိ ပါဘူး။ အျပန္အလွန္ ေလးစားမႈရွိၾက ပါတယ္''ဟု ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ကေမၻာဇတုိင္း  ၏ အင္တာဗ်ဴးအစီအစဥ္တြင္ ေျပာ ၾကားခဲ့ျခင္း ျဖစ္သည္။
.
ရွမ္းျပည္နယ္အတြင္း တိုင္းရင္း သားလက္နက္ကိုင္မ်ား၊ ျမန္မာ့တပ္ မေတာ္ႏွင့္ အစိုးရအဖြဲ႕မ်ား အၾကား တြင္ ျပႆနာအနည္းငယ္ရွိခဲ့ေသာ္ လည္း ညိႇႏိႈင္းေဆြးေႏြး အေျဖရွာႏိုင္ ခဲ့ၾကသည့္အတြက္ ၿငိမ္းခ်မ္းသင့္သ ေလာက္ ၿငိမ္းခ်မ္းေနၿပီျဖစ္ၿပီး တခ်ိဳ႕ စီးပြားေရးအခ်က္အခ်ာက် သည့္ နယ္စပ္မ်ားတြင္ တစ္ခါတစ္ရံ အင္အားခ်ိန္ခြင္လွ်ာ ညႇိႏိႈင္းသည့္သ ေဘာေဆာင္သည့္ ျဖစ္စဥ္မ်ားျဖစ္ ပြားမႈအခ်ိဳ႕ရွိခဲ့ကာ တည္ၿငိမ္မႈမရွိ သည့္ေဒသမ်ားတြင္ ဖြံ႕ၿဖိဳးေရးလုပ္ ငန္းမ်ားေဆာင္ရြက္ရာ၌ အကန္႔အ သတ္ႏွင့္ အခက္အခဲမ်ားရွိေနေၾကာင္း ျပည္နယ္ဝန္ႀကီးခ်ဳပ္က ဆက္လက္ ေျပာၾကားခဲ့သည္။
.
ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ ေျပာ ၾကားခ်က္ႏွင့္ ပတ္သက္၍ သိႏၷီၿမိဳ႕ နယ္ မဲဆႏၵနယ္အမွတ္ (၁)မွ ျပည္ နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚ နန္းခင္ထားရီက ''ပြတ္တိုက္မႈ မရွိ တာေတာ့ မဟုတ္ပါဘူး။ အနည္း အက်ဥ္းေတာ့ ပြတ္တိုက္မႈရွိပါတယ္။ ဒါေပမဲ့ အရမ္းႀကီးထိပ္တိုက္ ပြတ္ တိုက္တာမ်ိဳးေတာ့ မရွိပါဘူး။ အခု ဆိုရင္ ဘတ္ဂ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ခြဲေဝမႈ မမွ်တဘူး။ ျပည္ခိုင္ၿဖိဳးလႊတ္ ေတာ္ကိုယ္စားလွယ္ေတြ အား ေကာင္းတဲ့ေနရာေတြ၊ NLD ဝန္ႀကီး ေတြရဲ႕ မဲဆႏၵနယ္ေတြမွာဆိုရင္ ဘတ္ဂ်က္ေတြ ပိုခ်ထားတာ ျမင္ေနရတယ္။ ဒါေၾကာင့္ မမွ်တဘူး ဆိုၿပီးေတာ့ ကြၽန္မကေတာ့ ၿပီးခဲ့တဲ့လႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ပါေသးတယ္''ဟု ¤င္း၏ အျမင္ကို ကေမၻာဇတုိင္းသို႔ ေျပာ သည္။
.
အေနျဖင့္ လက္ရွိအစိုးရ၏လုပ္ေဆာင္ခ်က္မ်ားအေပၚ အားရ ေက်နပ္မႈမရွိေသးသလို ¤င္း၏မဲ ဆႏၵနယ္အတြင္း၏ လုပ္ေဆာင္မႈ မ်ားအေပၚတြင္လည္း အားရေက် နပ္မႈ မရွိေသးေၾကာင္း ေဒၚနန္းခင္ ထားရီက ဆက္လက္ေျပာၾကားခဲ့ သည္။
.
ထို႔အတူ ရပ္ေစာက္ၿမိဳ႕နယ္ မဲ ဆႏၵနယ္ အမွတ္(၁)မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခိုင္ညီ ညီေက်ာ္က ''အနည္းနဲ႔အမ်ားေတာ့ ပြတ္တိုက္မႈရွိပါတယ္။ ကြၽန္ေတာ္ တို႔ပါတီက လႊတ္ေတာ္မွာ လူနည္းစု ေပမယ့္ အစိုးရအဖြဲ႕ျဖစ္ေနတယ္။ သူမ်ားပါတီေတြက်ေတာ့ လႊတ္ေတာ္ မွာ အင္အားႀကီးတယ္။ အစိုးရအဖြဲ႕ မွာ အားမေကာင္းဘူး။ အဲဒီေတာ့ ထိန္းထိန္းသိမ္းသိမ္းနဲ႔ အျပန္အ လွန္ လုပ္ေနၾကရတာေပါ့။ လႊတ္ ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အဓိက အခက္အခဲကေတာ့ စီမံခန္႔ခြဲပိုင္ ခြင့္မရွိဘူး။ ျပည္သူ႕ဆႏၵကို တင္ျပ ေတာင္းဆိုတဲ့အခါမွာ ေအာင္ျမင္ တာရွိတယ္။ မေအာင္ျမင္တာ ရွိ တယ္။ ကိုယ္လုပ္ေဆာင္ေနရတာနဲ႔ ပတ္သက္ၿပီး ေက်နပ္အားရမႈက အတိုင္းအတာ တစ္ခုအထိေတာ့ ရွိပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြ ဥပမာေျမယာဆိုင္ရာကိစၥမ်ိဳးေတြက်ေတာ့ လုပ္ရကိုင္ရခက္တာေပါ့။ ေဒသဆိုင္ရာ ဖြံ႕ၿဖိဳးေရး ကိစၥေတြ ကေတာ့ ကိုယ္ႀကိဳးစားရင္ ႀကိဳးစား သလို သက္ဆိုင္ရာ အစိုးရအဖြဲ႕နဲ႔ ရင္းႏွီးမႈရေအာင္ ယူၿပီးေတာ့ လုပ္ ေဆာင္ေနရပါတယ္''ဟု ကေမၻာဇ တုိင္းသို႔ ေျပာသည္။
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕တြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ဌာနဝန္ႀကီး ၈ ဦး၊ တုိင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီး ၇ ဦး၊ ဥပေဒခ်ဳပ္ ၁ ဦး၊ ဝန္ ထမ္းအႀကီး အကဲ ၁ ဦး၊ စုစုေပါင္း ၁၈ ဦးျဖင့္ ဖြဲ႕စည္းထားျခင္းျဖစ္ၿပီး ယင္းအစိုးရ အဖြဲ႕ဝင္ ၁၈ ဦးတြင္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္မွ ၇  ဦး၊ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ ၿဖဳိးေရးပါတီမွ ၄ ဦး၊ တပ္မေတာ္မွ ၁ ဦး၊ အာခါအမ်ိဳးသားဖြံ႔ၿဖဳိးတိုးတက္ ေရးပါတီမွ ၁ ဦး၊ လီဆူအမ်ိဳးသား ဖြံ႕ၿဖဳိးတိုးတက္ေရးပါတီမွ ၁ ဦး၊ လားဟူအမ်ိဳးသားဖြံ႕ၿဖိဳးတိုးတက္ေရး ပါတီမွ ၁ ဦး၊ တစ္သီးပုဂၢလ ၁ ဦး၊ ဥပေဒပညာရွင္ ၁ ဦး၊ ဝန္ထမ္း ၁ ဦးတို႔ ပါဝင္ေနလ်က္ရွိသည္။
.
ထို႔အတူ ရွမ္းျပည္နယ္လႊတ္ ေတာ္တြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္ စားလွယ္  စုစုေပါင္း ၁၄၁ ဦး ရွိရာ ျပည္ေထာင္စုႀကံ႕ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳး ေရးပါတီမွ ကုိယ္စားလွယ္ ၃၁ ဦး၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအ ဖြဲ႕ခ်ဳပ္မွ ကုိယ္စားလွယ္ ၂၈ ဦး၊ အ မ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ကိုယ္ စားလွယ္ ၂၄ ဦး၊ တအာင္း (ပ ေလာင္) အမ်ိဳးသားပါတီမွ ကိုယ္စား လွယ္ ၆ ဦး၊ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ ခ်ဳပ္မွ ကိုယ္စားလွယ္ ၆ ဦး၊ လားဟူ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ  ကိုယ္စားလွယ္ ၂ ဦး၊ '''' ဒီမိုက ရက္တစ္ပါတီမွ ကိုယ္စားလွယ္ ၂ ဦး၊ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကရက္ တစ္ပါတီမွ ကိုယ္စားလွယ္ ၁ ဦး၊ ကိုးကန္႔ဒီမိုကေရစီႏွင့္ ညီၫြတ္ေရး ပါတီမွ ကိုယ္စားလွယ္ ၁ ဦး၊ ''''အမ်ဳိးသားစည္းလံုး ညီၫြတ္ေရး ပါတီမွ ကိုယ္စားလွယ္ ၁ ဦး၊ အာခါ အမ်ိဳးသား ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ မွ ကိုယ္စားလွယ္ ၁ ဦး၊ လီဆူအမ်ိဳး သားဖြံ႕ၿဖိဳးတိုးတက္ေရးပါတီမွ ကိုယ္ စားလွယ္ ၁ ဦး၊ တစ္သီးပုဂၢလ ၁ ဦးႏွင့္ တပ္မေတာ္သားကိုယ္စား လွယ္ ၃၆ ဦးတို႔ျဖင့္ ပါဝင္ဖြဲ႕စည္း ထားေၾကာင္း သိရသည္။
.
ရှမ်းပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်အကြား ပွတ်တိုက်မှု မရှိဘဲ အပြန်အလှန် လေးစားနားလည်မှု ရှိဟု ရှမ်းပြည်နယ် ဝန်ကြီးချုပ် ပြောကြား
.
ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တွင် ပြည်နယ်အ စိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော် အကြား ပွတ်တိုက်မှုမရှိဘဲ အပြန်အလှန် လေးစားမှုများ ရှိနေသည်ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
''ရှမ်းပြည်နယ်က နယ်မြေအ ကျယ်ဆုံးဖြစ်သလို အရောင်အသွေး စုံလှတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ပြည်နယ်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အများစုရှိသလို ပြည်သူ့စစ်အဖွဲ့တွေလည်း အများအပြား ရှိနေပါတယ်။ ရှမ်း ပြည်နယ်ကထူးခြားပါတယ်။ လွှတ် တော်နဲ့ အစိုးရကြား ပွတ်တိုက်မှုမရှိ ပါဘူး။ အပြန်အလှန် လေးစားမှုရှိကြ ပါတယ်''ဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ကမ္ဘောဇတိုင်း  ၏ အင်တာဗျူးအစီအစဉ်တွင် ပြော ကြားခဲ့ခြင်း ဖြစ်သည်။
.
ရှမ်းပြည်နယ်အတွင်း တိုင်းရင်း သားလက်နက်ကိုင်များ၊ မြန်မာ့တပ် မတော်နှင့် အစိုးရအဖွဲ့များ အကြား တွင် ပြဿနာအနည်းငယ်ရှိခဲ့သော် လည်း ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင် ခဲ့ကြသည့်အတွက် ငြိမ်းချမ်းသင့်သ လောက် ငြိမ်းချမ်းနေပြီဖြစ်ပြီး တချို့ စီးပွားရေးအချက်အချာကျ သည့် နယ်စပ်များတွင် တစ်ခါတစ်ရံ အင်အားချိန်ခွင်လျှာ ညှိနှိုင်းသည့်သ ဘောဆောင်သည့် ဖြစ်စဉ်များဖြစ် ပွားမှုအချို့ရှိခဲ့ကာ တည်ငြိမ်မှုမရှိ သည့်ဒေသများတွင် ဖွံ့ဖြိုးရေးလုပ် ငန်းများဆောင်ရွက်ရာ၌ အကန့်အ သတ်နှင့် အခက်အခဲများရှိနေကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက် ပြောကြားခဲ့သည်။
.
ပြည်နယ်ဝန်ကြီးချုပ်၏ ပြော ကြားချက်နှင့် ပတ်သက်၍ သိန္နီမြို့ နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ် နန်းခင်ထားရီက ''ပွတ်တိုက်မှု မရှိ တာတော့ မဟုတ်ပါဘူး။ အနည်း အကျဉ်းတော့ ပွတ်တိုက်မှုရှိပါတယ်။ ဒါပေမဲ့ အရမ်းကြီးထိပ်တိုက် ပွတ် တိုက်တာမျိုးတော့ မရှိပါဘူး။ အခု ဆိုရင် ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ ခွဲဝေမှု မမျှတဘူး။ ပြည်ခိုင်ဖြိုးလွှတ် တော်ကိုယ်စားလှယ်တွေ အား ကောင်းတဲ့နေရာတွေ၊ NLD ဝန်ကြီး တွေရဲ့ မဲဆန္ဒနယ်တွေမှာဆိုရင် ဘတ်ဂျက်တွေ ပိုချထားတာ မြင်နေရတယ်။ ဒါကြောင့် မမျှတဘူး ဆိုပြီးတော့ ကျွန်မကတော့ ပြီးခဲ့တဲ့လွှတ်တော်မှာ ဆွေးနွေးခဲ့ပါသေးတယ်''ဟု ¤င်း၏ အမြင်ကို ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
၎င်းအနေဖြင့် လက်ရှိအစိုးရ၏လုပ်ဆောင်ချက်များအပေါ် အားရ ကျေနပ်မှုမရှိသေးသလို ¤င်း၏မဲ ဆန္ဒနယ်အတွင်း၏ လုပ်ဆောင်မှု များအပေါ်တွင်လည်း အားရကျေ နပ်မှု မရှိသေးကြောင်း ဒေါ်နန်းခင် ထားရီက ဆက်လက်ပြောကြားခဲ့ သည်။
.
ထို့အတူ ရပ်စောက်မြို့နယ် မဲ ဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီ ညီကျော်က ''အနည်းနဲ့အများတော့ ပွတ်တိုက်မှုရှိပါတယ်။ ကျွန်တော် တို့ပါတီက လွှတ်တော်မှာ လူနည်းစု ပေမယ့် အစိုးရအဖွဲ့ဖြစ်နေတယ်။ သူများပါတီတွေကျတော့ လွှတ်တော် မှာ အင်အားကြီးတယ်။ အစိုးရအဖွဲ့ မှာ အားမကောင်းဘူး။ အဲဒီတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အပြန်အ လှန် လုပ်နေကြရတာပေါ့။ လွှတ် တော်ကိုယ်စားလှယ်တွေရဲ့ အဓိက အခက်အခဲကတော့ စီမံခန့်ခွဲပိုင် ခွင့်မရှိဘူး။ ပြည်သူ့ဆန္ဒကို တင်ပြ တောင်းဆိုတဲ့အခါမှာ အောင်မြင် တာရှိတယ်။ မအောင်မြင်တာ ရှိ တယ်။ ကိုယ်လုပ်ဆောင်နေရတာနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုက အတိုင်းအတာ တစ်ခုအထိတော့ ရှိပါတယ်။ ဒါပေမဲ့ တချို့နေရာတွေ ဥပမာမြေယာဆိုင်ရာကိစ္စမျိုးတွေကျတော့ လုပ်ရကိုင်ရခက်တာပေါ့။ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး ကိစ္စတွေ ကတော့ ကိုယ်ကြိုးစားရင် ကြိုးစား သလို သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ရင်းနှီးမှုရအောင် ယူပြီးတော့ လုပ် ဆောင်နေရပါတယ်''ဟု ကမ္ဘောဇ တိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဝန်ကြီး ၈ ဦး၊ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ၇ ဦး၊ ဥပဒေချုပ် ၁ ဦး၊ ဝန် ထမ်းအကြီး အကဲ ၁ ဦး၊ စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ယင်းအစိုးရ အဖွဲ့ဝင် ၁၈ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၇  ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ၄ ဦး၊ တပ်မတော်မှ ၁ ဦး၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီမှ ၁ ဦး၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး၊ ဥပဒေပညာရှင် ၁ ဦး၊ ဝန်ထမ်း ၁ ဦးတို့ ပါဝင်နေလျက်ရှိသည်။
.
ထို့အတူ ရှမ်းပြည်နယ်လွှတ် တော်တွင် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်  စုစုပေါင်း ၁၄၁ ဦး ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ကိုယ်စားလှယ် ၃၁ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအ ဖွဲ့ချုပ်မှ ကိုယ်စားလှယ် ၂၈ ဦး၊ အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ် စားလှယ် ၂၄ ဦး၊ တအာင်း (ပ လောင်) အမျိုးသားပါတီမှ ကိုယ်စား လှယ် ၆ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်မှ ကိုယ်စားလှယ် ၆ ဦး၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ  ကိုယ်စားလှယ် ၂ ဦး၊ '''' ဒီမိုက ရက်တစ်ပါတီမှ ကိုယ်စားလှယ် ၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ ''''အမျိုးသားစည်းလုံး ညီညွတ်ရေး ပါတီမှ ကိုယ်စားလှယ် ၁ ဦး၊ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ မှ ကိုယ်စားလှယ် ၁ ဦး၊ လီဆူအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ် စားလှယ် ၁ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦးနှင့် တပ်မတော်သားကိုယ်စား လှယ် ၃၆ ဦးတို့ဖြင့် ပါဝင်ဖွဲ့စည်း ထားကြောင်း သိရသည်။
.

No comments:

Post a Comment