လား႐ိႈးခ႐ိုင္တြင္ ၂၀၁၉ ခုႏွစ္ သႀကၤန္အတြင္း ယာဥ္တိုက္မႈ ၂ မႈျဖစ္ပြားရာ အမ်ိဳးသား ၂ ဦး ေသဆံုး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, April 18, 2019

လား႐ိႈးခ႐ိုင္တြင္ ၂၀၁၉ ခုႏွစ္ သႀကၤန္အတြင္း ယာဥ္တိုက္မႈ ၂ မႈျဖစ္ပြားရာ အမ်ိဳးသား ၂ ဦး ေသဆံုး


ေနာင္ (ျမစ္မခ)
.
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးခရိုင္အတြင္းရွိ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္ သၾကၤန္ကာလအတြင္း ယာဥ္တိုက္မႈ မႈျဖစ္ပြားခဲ႔ၿပီး အမ်ိဳးသား ဦး ေသဆံုးခဲ႔ရေၾကာင္း အမွတ္ (၁၂၀) ယာဥ္ထိန္း ရဲတပ္ဖဲြ႔ (လားရိႈး)မွ သိရွိရသည္။
.
.
လားရိႈးခရိုင္အတြင္း ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္အနက္ သိႏၷီၿမိဳ႕၌ ယာဥ္မေတာ္တဆမႈ မႈ ျဖစ္ပြားခဲ႔ၿပီး ယာဥ္တိုက္မႈ တစ္ခု စီမွ အမ်ိဳးသား တစ္ဦးစီ ေသဆံုးသြားခဲ႔ရေၾကာင္း သိရသည္။
.
လားရိႈးခရိုင္မွာ ၄ ၿမိဳ႕ရွိတယ္။ က်န္တဲ႔ၿမိဳ႕ေတြမွာ ယာဥ္မေတာ္တဆမႈ မရွိခဲ႔ပါဘူး။ သိႏၷီၿမိဳ႕မွာေတာ့ မႈ ျဖစ္တယ္။ တစ္မႈစီက တစ္ဦးစီေသဆံုးသြားခဲ႔ပါတယ္။ဟု အမွတ္ (၁၂၀)ယာဥ္ထိန္းရဲတပ္ဖဲြ႔(လားရိႈး)မွ တပ္ဖဲြ႔စုမွဴး ဒုရဲမွဴး ေက်ာ္ခိုင္က ေျပာသည္။
.
လားရိႈးခရိုင္အတြင္း သိႏၷီၿမိဳ႕၊ လားရိႈးၿမိဳ႕၊ မိုင္းရယ္ၿမိဳ႕၊ ကြမ္းလံုၿမိဳ႕မ်ားတြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ပညာေပးျခင္းမ်ားကို ေန႔စဥ္ ေဆာင္ရြက္ခဲ႔ျခင္းမ်ားေၾကာင္႔ ယာဥ္မေတာ္တဆမႈမ်ား ေလ်ာ့ပါးလာရျခင္း ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။
.
ကြ်န္ေတာ္တို႔ လားရိႈးမွာၾကေတာ့ ေရေႏြးၾကမ္း ရဲမင္းသားက တစ္ေန႔ တစ္မ်ိဳးမရိုးရေအာင္ ယာဥ္အႏၱရာယ္ ကင္းရွင္းေအာင္ဆိုၿပီးေတာ့ ပညာေပးေတြ လုပ္ေနၾကလို႔ ၿမိဳ႕သူ ၿမိဳ႕သားေတြ စည္းကမ္းရွိလာလို႔ ယာဥ္တိုက္မႈေတြ ေလ်ာ႔နည္းလာတယ္လို႔ ထင္ပါတယ္။ဟု လားရိႈးၿမိဳ႕ ေဒသခံ ဦးေက်ာ္က ေျပာသည္။ 
.
လားရိႈးၿမိဳ႕ေပၚတြင္ ၂၀၁၉ ခုႏွစ္ သၾကၤန္ကာလအတြင္း မ႑ပ္ႀကီး ၆ ခု၊ ေရကစားမ႑ပ္ ၅ ခု စုစုေပါင္း မ႑ပ္ ၁၁ ခုျဖင့္ သၾကၤန္အား စည္ကားစြာ က်င္းပခဲ႔ၿပီး ယာဥ္ထိန္းတပ္ဖဲြ႔မ်ား၏ ႀကီးၾကပ္မႈ၊ သၾကၤန္လည္ပတ္သူမ်ား၏  စည္းကမ္းရွိမႈမ်ားေၾကာင့္ ယာဥ္မေတာ္တဆမႈမ်ား မျဖစ္ပြားခဲ႔ေၾကာင္း သိရသည္။ 
.
လားရှိုးခရိုင်တွင် ၂၀၁၉ ခုနှစ် သင်္ကြန်အတွင်း ယာဉ်တိုက်မှု ၂ မှုဖြစ်ပွားရာ အမျိုးသား ၂ ဦး သေဆုံး
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တွင် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ယာဉ်တိုက်မှု ၂ မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး သေဆုံးခဲ့ရကြောင်း အမှတ် (၁၂၀) ယာဉ်ထိန်း ရဲတပ်ဖွဲ့ (လားရှိုး)မှ သိရှိရသည်။
.
လားရှိုးခရိုင်အတွင်း မြို့နယ် ၄ မြို့နယ်အနက် သိန္နီမြို့၌ ယာဉ်မတော်တဆမှု ၂ မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု တစ်ခု စီမှ အမျိုးသား တစ်ဦးစီ သေဆုံးသွားခဲ့ရကြောင်း သိရသည်။
.
လားရှိုးခရိုင်မှာ ၄ မြို့ရှိတယ်။ ကျန်တဲ့မြို့တွေမှာ ယာဉ်မတော်တဆမှု မရှိခဲ့ပါဘူး။ သိန္နီမြို့မှာတော့ ၂ မှု ဖြစ်တယ်။ တစ်မှုစီက တစ်ဦးစီသေဆုံးသွားခဲ့ပါတယ်။ဟု အမှတ် (၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့(လားရှိုး)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူး ကျော်ခိုင်က ပြောသည်။
.
လားရှိုးခရိုင်အတွင်း သိန္နီမြို့၊ လားရှိုးမြို့၊ မိုင်းရယ်မြို့၊ ကွမ်းလုံမြို့များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးခြင်းများကို နေ့စဉ် ဆောင်ရွက်ခဲ့ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ လျော့ပါးလာရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
.
ကျွန်တော်တို့ လားရှိုးမှာကြတော့ ရေနွေးကြမ်း ရဲမင်းသားက တစ်နေ့ တစ်မျိုးမရိုးရအောင် ယာဉ်အန္တရာယ် ကင်းရှင်းအောင်ဆိုပြီးတော့ ပညာပေးတွေ လုပ်နေကြလို့ မြို့သူ မြို့သားတွေ စည်းကမ်းရှိလာလို့ ယာဉ်တိုက်မှုတွေ လျော့နည်းလာတယ်လို့ ထင်ပါတယ်။ဟု လားရှိုးမြို့ ဒေသခံ ဦးကျော်က ပြောသည်။ 
.
လားရှိုးမြို့ပေါ်တွင် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း မဏ္ဍပ်ကြီး ၆ ခု၊ ရေကစားမဏ္ဍပ် ၅ ခု စုစုပေါင်း မဏ္ဍပ် ၁၁ ခုဖြင့် သင်္ကြန်အား စည်ကားစွာ ကျင်းပခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့များ၏ ကြီးကြပ်မှု၊ သင်္ကြန်လည်ပတ်သူများ၏  စည်းကမ်းရှိမှုများကြောင့် ယာဉ်မတော်တဆမှုများ မဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
.

No comments:

Post a Comment