လမ္းေဖာက္ရင္း သမိုင္းေပ်ာက္သြားတဲ့ ကာနယ္ ဗထူး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, April 13, 2019

လမ္းေဖာက္ရင္း သမိုင္းေပ်ာက္သြားတဲ့ ကာနယ္ ဗထူး


ေအာင္ဆန္း၀င္း
.

.
အခုတေလာ က်ဳပ္တို႔လမ္းဆံုယာဥ္တိုက္မႈ မၾကာခဏ ျဖစ္တယ္။ ကားနဲ႔ ဆုိင္ကယ္ တိုက္တယ္။ ဆုိင္ကယ္ခ်င္း မ်က္ႏွာခ်င္းဆိုင္ တိုက္တယ္။ ကန္႔လန္႔ျဖတ္တိုက္တယ္။ ေနာက္ဆို လူလူခ်င္း ၀င္တိုက္ၾကမလား မေျပာတတ္ ဘူးတ့ဲ။ ညပိုင္း ၇ နာရီေလာက္ အလိုက္မရဘဲ တိုက္ၾကလဲၾကတဲ့ ဆိုင္ကယ္ႏွစ္စီး ၾကည့္ၿပီးဆုိင္ နီးနားခ်င္း မိတ္ေဆြေနာင္ေတာ္ႀကီးကိုေကာင္းခန္႔ ေျပာေနတာပါ။ သူေျပာမယ္ဆိုလည္း ေျပာေလာက္ပါတယ္။ အခုေနာက္ပုိင္း ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္၊ အေနာက္ၿမိဳ႕ပတ္လမ္း၊ ၀ါးျပားလမ္းဆံု မီးပြိဳင့္နားမွာ ယာဥ္တိုက္ မႈမၾကာခဏ ျဖစ္ပါတယ္။ ေန႔လယ္ေန႔ခင္း အခ်ိန္ျဖစ္တာထက္ ညပိုင္းမွာ အျဖစ္မ်ားတာကို သတိထားမိတယ္။ ဆိုးဆိုး၀ါး၀ါး ျဖစ္လိ႔ု အေရး ေပၚကားနဲ႔ ေဆး႐ုံသြားရတာ ရွိသလို၊ ပြန္းပဲ့႐ုံေလာက္ ႏွစ္ဦးႏွစ္ဖက္ ျပႆနာေရွာင္ ႐ုံးခန္း ေရွာင္သြားတာေတြလည္း ေတြ႕ရပါတယ္။
.
၀ါးျပားလမ္းဆံုက ၿမိဳ႕အခ်က္အခ်ာက်တဲ့ ေနရာထဲပါေတာ့ ယာဥ္အသြားအလာ အေတာ္ ႐ႈပ္ေထြးပါတယ္။ အေနာက္ၿမိဳ႕ပတ္လမ္းေပၚမွာ ရွိတာ ျဖစ္တဲ့အတြက္ ကုန္တင္တြဲကားႀကီးေတြ ေန႔ည မျပတ္ျဖတ္တယ္။ တစ္ခါတစ္ေလေဆာက္လုပ္ေရး လုပ္ငန္းမ်ိဳးစံုက ကြန္ကရစ္ေလာင္းတဲ့ ကားႀကီးေတြနဲ႔ အမိႈက္သိမ္းယာဥ္ေတြ ၿပိဳင္ကား ေမာင္းသလို ေမာင္းတာေတြ႕ရတယ္။ မီးပိြဳင့္နား ခရီးသည္တင္ လိုင္းကားအခ်င္းခ်င္း အပ်င္းေျပ ဖိုက္တင္ပေလးတဲ့ အခါလည္းရွိ၊ ဆယ့္ႏွစ္နာ ရီေနာက္ပိုင္း နာေရးယာဥ္တန္းေပါင္းစံု သူ႕ ထက္ငါ အလုအယက္ အေရာက္ပို႕ၾကတာလည္း ဘယ္သို႔ဘယ္ပံု နားလည္ရမွန္း မသိ။ (ဘုရား ေဟာတရားေတာ္အရ ဘယ္လိုပို႔ပို႕ ခရီးက ဒီ ခရီးျပႆနာ မရွိပါဘူး)။ ကိုယ္ပိုင္ကားတခ်ိဳ႕နဲ႔ ေမာ္ေတာ္ဆိုင္ကယ္ တခ်ိဳ႕ ျပန္ကာလွန္ကာ စည္းကမ္းပ်က္တာလည္း မျမင္ခ်င္အဆံုးေပါ့။
.
အသက္ကယ္ ဦးထုပ္ မေဆာင္းဘဲ ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းၾကတာေတာ့ ႐ိုးရာတစ္ ခုလိုေတာင္ ျဖစ္ေနတယ္ ေျပာရမလားပဲ။ ဆုိင္ကယ္စီး လူငယ္အမ်ားစု ျမင္လိုက္ရရင္ ေခါင္းပလိန္းေတြ ခပ္မ်ားမ်ား။ တခ်ိဳ႕က စည္းကမ္း လိုက္နာသလိုနဲ႔ ဦးထုပ္ေတာ့ေဆာင္းၾကပါ တယ္။ အသက္ကယ္ေမးသိုင္းႀကိဳး တပ္မထား ေတာ့ အေရးအေၾကာင္း ျဖစ္လိုက္ရင္ ေဆးမီ တယ္လို႔ မရွိဘူး။ ကိုယ့္သားသမီးေခတ္နဲ႔ အ ညီ တန္းညိႇေပးကာမွ အမိမကယ္ႏုိင္ အဖလည္း မတတ္ႏိုင္ရင္ သြင္သြင္က်ိဳးရတဲ့ အျဖစ္မ်ိဳး။ ဆုိင္ကယ္စီးခ်ိန္ အသက္ကယ္ဦးထုပ္ေဆာင္းရ မယ္။ ေမးသိုင္းႀကိဳး တပ္ရမယ္ဆိုတဲ့ ပညာေပး အစီအစဥ္ေတြ လုပ္ကိုင္ေနတဲ့ တာ၀န္ရွိသူေတြ အရပ္ဖက္ အဖြဲ႕အစည္းေတြလည္း အားနာဖို႕ ေကာင္းလွပါတယ္။ အသက္ကယ္ဦးထုပ္ေတြ အလကားေ၀ေပးတယ္။ အသိပညာေတြ မၾကာ ခဏေပးတယ္။ သူတို႔ခမ်ာ လုပ္တိုင္းေမာကိုျဖစ္ လို႔။
.
အားတိုင္းျဖစ္ေနတဲ့ ယာဥ္တုိက္မႈအမ်ားစု ကို ၾကည့္မယ္ဆုိရင္ မေတာ္တဆေၾကာင့္ဆို တာထက္ မဆင္မျခင္ ေမာင္းႏွင္တာေတြေၾကာင့္ ျဖစ္တာ အေတြ႕မ်ားပါတယ္။ ယာဥ္ေမာင္းအ ေတာ္မ်ားမ်ားက ကိုယ္သြားတဲ့ ေနရာေရာက္ရင္ ၿပီးေရာ ဆိုတဲ့ စိတ္ဓာတ္နဲ႔ ေမာင္းၾကတယ္။ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း၊ လူ႕စည္းကမ္း ေတြ ဂ႐ုစိုက္ရမွန္း လိုက္နာရမွန္း သိၾကတဲ့ပံု မေပၚဘူး။ အိမ္ကေန ေစ်းကိုသြားတယ္။ ေစ်းေရာက္ရင္ ၿပီးေရာ လမ္းမေပၚစည္းပ်က္ကမ္း ပ်က္ ေမာင္းခ်င္သလို ေမာင္းတယ္။ အိမ္ကေန ေက်ာင္းကိုသြားတယ္။ ေက်ာင္းေရာက္ရင္ ၿပီးေရာ ေမာင္းခ်င္သလုိေမာင္းၾကတယ္။ အမ်ားျပည္သူပိုင္ လမ္းမေပၚ လိုက္နာက်င့္သံုးရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြကို ေစာက္ဂ႐ုစိုက္စရာ မလိုတဲ့အထာနဲ႔ ေမာင္းၾကလားေတာ့ မေျပာတတ္။ အဲဒီေတာ့ မျမင္ခ်င္ မၾကားခ်င္တဲ့ သတင္းေတြ ေန႔စဥ္ေတြ႕ရပါေလေရာ။
.
ၿပီးခဲ့တဲ့ လအတြင္း ရက္ဆက္ဆိုသလိုၾကားသိရတဲ့ ယာဥ္တိုက္မႈ သတင္းေတြက စိတ္မေကာင္း ျဖစ္ရသလို၊ လမ္းအသံုးျပဳသူတိုင္း လိုက္နာရမယ့္ အမွန္တကယ္ လိုက္နာသင့္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို မီးေမာင္းထိုးျပရာ လည္း ေရာက္ပါတယ္။ အေနာက္ၿမိဳ႕ပတ္လမ္း၊ ေက်ာင္းႀကီးစုရပ္ကြက္၊ ပညာေရာင္ျခည္ ေက်ာင္းနားမွာျဖစ္တဲ့ ယာဥ္တိုက္မႈကို ၾကည့္ မယ္ဆိုရင္ ခဏတာ သတိလက္လြတ္စိတ္ေၾကာင့္ မျဖစ္သင့္ဘဲ ျဖစ္ရတယ္လို႔ ယူဆမိပါတယ္။ ညအခ်ိန္ လမ္းမေပၚ ျဖတ္သြားတဲ့ ကုန္တင္တြဲ ကားေမာင္းသူေတြထဲမွာ ပံုမွန္ေမာင္းတဲ့ လူရွိ သလို၊ ေသာက္စားေမာင္းႏွင္တဲ့ ယာဥ္ေမာင္း ေတြလည္းပါေကာင္းပါႏုိင္ပါတယ္။ ကားတစ္စီး ေမာင္းေနတဲ့ လူတစ္ေယာက္စိတ္ကို အျပင္လူ ေတြ မသိႏုိင္ပါဘူး။ လမ္းက်ဥ္းမွာ ကုန္တင္တြဲ ကားရွည္ႀကီးကို ေက်ာ္တက္ဖို႔ဆိုတာ ေတာ္ ေတာ္ခက္ခဲတဲ့ အရာတစ္ခုပါ။ ဆင္ျခင္ႏုိင္စြမ္းနဲ႔ ေမာင္းႏွင္တာ အေကာင္းဆံုးပါပဲ။
.
အဲဒီရက္ပိုင္းအတြင္း ေက်ာင္းႀကီးစုရပ္ကြက္ အတြက္ ၿဂိဳလ္ဆိုး၀င္တဲ့ကာလလို႔ ေျပာရမလားဘဲ။ ေရွ႕မီးမၿငိမ္းခင္ ေနာက္မီးေလာင္တဲ့ ျဖစ္ရပ္မ်ိဳး ရက္ပိုင္းအတြင္း ထပ္ျဖစ္ပါတယ္။ ေက်ာင္းႀကီးစုရပ္ကြက္၊ ေရႊသူေဌးကုန္း နယ္ ေျမအျခမ္းမွာ ေဖာကားတစ္စီး အရွိန္မထိန္း ႏုိင္ဘဲ လမ္းေဘးမာလာဟင္းဆုိင္ကို ၀င္တုိက္ ပါတယ္။ မာလာဟင္းဆုိင္မွာ စားေသာက္ေနသူ တခ်ိဳ႕ ဒဏ္ရာရၿပီး ၆ ႏွစ္အရြယ္ မူလတန္း ေက်ာင္းသူတစ္ဦး အသက္ဆံုး႐ႈံးရေၾကာင္း သတင္းေတြထဲ ဖတ္လိုက္ရပါတယ္။ ေတာင္ႀကီး ၿမိဳ႕တြင္း အုတ္သဲေက်ာက္ သယ္ေဆာင္ရာမွာ အသံုးျပဳတဲ့ကားအမ်ားစု ႀကံ့ခိုင္မႈ အားနည္း တာကို တာ၀န္ရွိသူေတြေကာ၊ ကိုယ္တိုင္ကုိယ္က် ေမာင္းေနတဲ့ ယာဥ္ေမာင္းေတြ သိၾကပါတယ္။ ၾကပ္ၾကပ္မတ္မတ္ ကိုင္တြယ္ေဆာင္ရြက္ျခင္း မရွိေတာ့ ယာဥ္ေမာင္းေတြကလည္း လမ္း စည္းကမ္း လိုက္နာရေကာင္းမွန္း မသိၾကပါဘူး။
.
အေနာက္ၿမိဳ႕ပတ္လမ္းေပၚ ေန႔ညမေရြးအ ခ်ိန္ျပည့္ ျဖတ္သန္းေနတဲ့ ကုန္တင္တြဲကားႀကီး ေၾကာင့္ ယာဥ္ေက်ာပိတ္ဆို႔မႈ မၾကာခဏ ျဖစ္ ပြားတယ္။ ယာဥ္တိုက္မႈေတြလည္း ျဖစ္တဲ့အ တြက္ ၿမိဳ႕ေရွာင္လမ္းတစ္ခု ေဖာက္သင့္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ တပ္မေတာ္အစိုး ရလက္ထက္ အစေဖာ္ၿပီး အဆံုးမသတ္ခဲ့တဲ့ ၿမိဳ႕ေရွာင္လမ္းကို ဆက္လက္လုပ္ေဆာင္ဖို႔ အ ႀကံျပဳတဲ့ လူေတြလည္း ရွိပါတယ္။ လက္ရွိတိုင္း ျပည္က ဆင္းရဲခ်ိန္ ေငြကုန္ေၾကးက်မ်ားတဲ့ လမ္းေဖာက္တာကို ခဏထားၿပီး စည္းကမ္း လိုက္နာျခင္းနဲ႔ အခက္အခဲ ေျဖရွင္းဖို႔ အႀကံျပဳ တာေတြလည္း ေတြ႕ရပါတယ္။ သဘာ၀ပတ္ ၀န္းက်င္ ထိန္းသိမ္းေရးအဖြဲ႕ေတြကလည္း လမ္း ေဖာက္တာနဲ႔ ပ်က္စီးသြားမယ့္ သစ္ပင္သစ္ေတာ ေတြကို ေထာက္ျပပါတယ္။ ဒီလိုအေၾကာင္းအ ရာစံုၾကားမွာ လမ္းေဖာက္ရင္း သမိုင္းေပ်ာက္သြားတဲ့ သတင္းက လူမႈကြန္ရက္ေပၚတက္လာ ပါတယ္။
.
မိတ္ၳီလာ-ေတာင္ႀကီး လမ္းပိုင္း၊ ျပည္ ေထာင္စုလမ္းမႀကီး ၄၈ ေပအက်ယ္၊ ေလးလမ္း သြားအဆင့္ျမႇင့္တင္ျခင္း လုပ္ငန္း ၿပီးဆံုးေတာ့မယ့္ အေနအထား ေရာက္ၿပီလို႔ ၾကားသိရပါတယ္။ လူမႈကြန္ရက္ေပၚ ေရာက္လာတဲ့လမ္းမ ႀကီး အစိတ္အပိုင္းတခ်ိဳ႕ ဓာတ္ပံုေတြ ျမင္ရတာ ႏုိင္ငံရပ္ျခား တိုင္းျပည္က လာဘ္လံုး၀မစား တမ္း ခင္းထားတဲ့ လမ္းမႀကီးတစ္ခုကို ျမင္ရတဲ့ အတိုင္းပါ။ လက္ရွိ အစိုးရအတြက္ ေအာင္မွတ္ တခ်ိဳ႕လို႔ ဆုိရမွာေပါ့။ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ေအာင္ ေဆာင္ရြက္တဲ့ေနရာမွာ ခင္း ထားတဲ့ လမ္းအရည္အေသြး ေကာင္းမြန္မႈလည္း ပါ၀င္ပါတယ္။ ေခတ္အဆက္ဆက္ ေက်ာက္ ၾကမ္းလမ္းကို ကတ္ၱရာလမ္းအမွတ္နဲ႔ သြားလာ ခဲ့ရတဲ့ ျပည္သူေတြ အခုလို လမ္းနဲ႔တူတဲ့ အ ဆင့္ျမင့္ေအစီကတ္ၱရာလမ္းႀကီး ျမင္လိုက္ရ ေတာ့ ကိုယ့္ရွမ္းျပည္နယ္အတြက္ ဂုဏ္ယူစရာ တစ္ခုလို ျဖစ္ေနပါေသးတယ္။
.
ဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ ခပ္ခြာခြာေနခဲ့ရတဲ့ ျပည္သူေတြက အမွန္တကယ္ ေကာင္းမြန္တဲ့ တိုးတက္မႈ လိုလားတယ္ဆိုတာ ႏွစ္ခါျပန္ေျပာေနစရာ မလိုပါဘူး။ အဆင့္ျမင့္ လမ္းမႀကီးခ်ဲ႕ထြင္ ေဖာက္လုပ္တဲ့အတြက္ ဖယ္ရွားရွင္းလင္းခံရတဲ့ သစ္ပင္သစ္ေတာေတြ ရွိရင္ေတာင္ ဖြံ႕ၿဖိဳးတိုး တက္မႈဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ မ်က္ႏွာလြဲ ေပးလို႔ ရပါတယ္။ သစ္ပင္ဆုိတာ ျပန္စိုက္လို႔ ရပါတယ္ဆိုၿပီး ေျဖေတြးေပးႏုိင္ၾကပါတယ္။ ဒါ ေပမဲ့ အစားထုိးမရႏုိင္တဲ့ သမိုင္းတစ္ခုကို ျဖစ္ ကတတ္ဆန္း လုပ္ကိုင္တာမ်ိဳးေတာ့ လက္သင့္ မခံခ်င္ၾကပါဘူး။ ႏုိင္ငံတကာအဆင့္မီ ျပည္ ေထာင္စုလမ္းမႀကီး ခ်ဲ႕ထြင္ေဖာက္လုပ္တဲ့ ေန ရာမွာ လမ္းနယ္ေျမလြတ္ကင္းျခင္း မရွိတဲ့ ေအာင္ပန္းၿမိဳ႕က ဗထူးေက်ာက္တိုင္ ေျပာင္းေရႊ႕ စိုက္ထူျခင္း ကိစ္ၥဆိုရင္ ျပည္သူလူထု ထင္ျမင္ ခ်က္နဲ႔ တာ၀န္ရွိသူမ်ား လုပ္ေဆာင္ခ်က္ကြဲလြဲ သလို ျဖစ္သြားပါတယ္။
.
အမ်ားထင္ျမင္တာက သမိုင္း၀င္ေက်ာက္တိုင္ကို အလံုးအထည္ မပ်က္အပင္ပန္းခံ၊ ေငြကုန္ေၾကးက်ခံ တူးေဖာ္ေျပာင္းေရြ႕ စိုက္ထူမယ္ လို႔ ထင္ျမင္ၾကပါတယ္။ လက္ေတြ႕ လုပ္ေဆာင္ တာက ဘာသမုိင္းမွ မရွိတဲ့ က်ဴးေက်ာ္တဲတစ္ လံုးကို စိမ္ေျပနေျပ ဖ်က္ဆီးတဲ့အတိုင္း လုပ္သြားပါတယ္။ ေျပာင္းေရႊ႕စိုက္ထူတာ မဟုတ္ ဘဲ ၿဖိဳခ်ဖ်က္ဆီးလိုက္တာ ျဖစ္တဲ့အတြက္ ေဒသခံ ျပည္သူေတြၾကား ေျပာစမွတ္ျဖစ္ေအာင္ အေတာ္ႀကီး ဂယက္႐ိုက္ခတ္မႈ ရွိခဲ့ပါတယ္။ သက္ရွိထင္ရွား ဗိုလ္မွဴးႀကီးဗထူး မိသားစု၀င္ ေတြကိုလည္း အေၾကာင္းၾကား အသိေပးျခင္း မရွိတဲ့အတြက္ စိတ္မေကာင္းျဖစ္ရေၾကာင္း မိ သားစု၀င္တစ္ဦးျဖစ္တဲ့ ေဒၚေကသီထူးက ေျပာ ပါတယ္။ မႏ္ၱေလးၿမိဳ႕မွာ ေနထိုင္တဲ့ ေရွးေဟာင္း ပညာရွင္တမ္ၸ၀တီ ဦး၀င္းေမာင္ကလည္း သ မိုင္းမွတ္တိုင္ တစ္ခုဖ်က္ဆီးခံလိုက္ရတဲ့ သေဘာ ျဖစ္တယ္လို႔ ဆိုပါတယ္။
.
ျမန္မာႏုိင္ငံဟာ သမိုင္းဆိုင္ရာေတြနဲ႔ ပတ္သက္ရင္ တန္ဖိုးထား ထိန္းသိမ္းေစာင့္ေရွာက္ မႈအားနည္းခ်က္ ႀကီးမားတဲ့ ႏုိင္ငံတစ္ခုလို႔ ေျပာ ရမလားပါပဲ။ ေရွ႕ေနာက္အေျမာ္အျမင္မရွိတဲ့ အက်င့္ေတြက လုပ္႐ိုးလုပ္စဥ္တစ္ခုလိုေတာင္ ျဖစ္ေနပါတယ္။ အခုလုပ္ရပ္ကို ၾကည့္ရင္က်ဴး ေက်ာ္ ဖက္ဆစ္ဂ်ပန္ေတြကို တိုက္ထုတ္ရင္း က်ဆံုးသြားတဲ့ ဗိုလ္မွဴးႀကီး ဗထူးနဲ႔ ႏွစ္ ဆယ့္ ေျခာက္ေယာက္ေသာ သူရဲေကာင္း ရဲ ေဘာ္ေတြရဲ႕ သမိုင္းက လက္တံရွည္ အဖ်က္ သမား ဘက္ဟိုးကား ႏွစ္စီးရဲ႕ ေအာက္မွာ တစ္စစီ ဖ်က္ဆီး ခံလိုက္ရတဲ့အတုိင္းပါ။ လမ္းနယ္ေျမလြတ္ကင္းတဲ့ ပန္းၿခံအတြင္းမွာ အသစ္ျပန္စိုက္ထူမယ္ဆုိရင္လည္း သမိုင္းဆုိတဲ့ တန္ဖိုးကေတာ့ ပါလာႏုိင္မွာ မဟုတ္ပါဘူး။ သမိုင္းဆိုတာကို တန္ဖိုး ထားရေကာင္းမွန္း မသိတဲ့ လူေတြေၾကာင့္ လမ္း ေဖာက္ရင္း သ မိုင္းေပ်ာက္သြားတဲ့ ကာနယ္ဗထူးေရလို႔သာ ေျပာလိုက္ခ်င္ပါေတာ့တယ္။
.
လမ်းဖောက်ရင်း သမိုင်းပျောက်သွားတဲ့ ကာနယ် ဗထူး
အောင်ဆန်းဝင်း
.
အခုတလော ကျုပ်တို့လမ်းဆုံယာဉ်တိုက်မှု မကြာခဏ ဖြစ်တယ်။ ကားနဲ့ ဆိုင်ကယ် တိုက်တယ်။ ဆိုင်ကယ်ချင်း မျက်နှာချင်းဆိုင် တိုက်တယ်။ ကန့်လန့်ဖြတ်တိုက်တယ်။ နောက်ဆို လူလူချင်း ဝင်တိုက်ကြမလား မပြောတတ် ဘူးတဲ့။ ညပိုင်း ၇ နာရီလောက် အလိုက်မရဘဲ တိုက်ကြလဲကြတဲ့ ဆိုင်ကယ်နှစ်စီး ကြည့်ပြီးဆိုင် နီးနားချင်း မိတ်ဆွေနောင်တော်ကြီးကိုကောင်းခန့် ပြောနေတာပါ။ သူပြောမယ်ဆိုလည်း ပြောလောက်ပါတယ်။ အခုနောက်ပိုင်း တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံ မီးပွိုင့်နားမှာ ယာဉ်တိုက် မှုမကြာခဏ ဖြစ်ပါတယ်။ နေ့လယ်နေ့ခင်း အချိန်ဖြစ်တာထက် ညပိုင်းမှာ အဖြစ်များတာကို သတိထားမိတယ်။ ဆိုးဆိုးဝါးဝါး ဖြစ်လိ့ု အရေး ပေါ်ကားနဲ့ ဆေးရုံသွားရတာ ရှိသလို၊ ပွန်းပဲ့ရုံလောက် နှစ်ဦးနှစ်ဖက် ပြဿနာရှောင် ရုံးခန်း ရှောင်သွားတာတွေလည်း တွေ့ရပါတယ်။
.
ဝါးပြားလမ်းဆုံက မြို့အချက်အချာကျတဲ့ နေရာထဲပါတော့ ယာဉ်အသွားအလာ အတော် ရှုပ်ထွေးပါတယ်။ အနောက်မြို့ပတ်လမ်းပေါ်မှာ ရှိတာ ဖြစ်တဲ့အတွက် ကုန်တင်တွဲကားကြီးတွေ နေ့ည မပြတ်ဖြတ်တယ်။ တစ်ခါတစ်လေဆောက်လုပ်ရေး လုပ်ငန်းမျိုးစုံက ကွန်ကရစ်လောင်းတဲ့ ကားကြီးတွေနဲ့ အမှိုက်သိမ်းယာဉ်တွေ ပြိုင်ကား မောင်းသလို မောင်းတာတွေ့ရတယ်။ မီးပွိုင့်နား ခရီးသည်တင် လိုင်းကားအချင်းချင်း အပျင်းပြေ ဖိုက်တင်ပလေးတဲ့ အခါလည်းရှိ၊ ဆယ့်နှစ်နာ ရီနောက်ပိုင်း နာရေးယာဉ်တန်းပေါင်းစုံ သူ့ ထက်ငါ အလုအယက် အရောက်ပို့ကြတာလည်း ဘယ်သို့ဘယ်ပုံ နားလည်ရမှန်း မသိ။ (ဘုရား ဟောတရားတော်အရ ဘယ်လိုပို့ပို့ ခရီးက ဒီ ခရီးပြဿနာ မရှိပါဘူး)။ ကိုယ်ပိုင်ကားတချို့နဲ့ မော်တော်ဆိုင်ကယ် တချို့ ပြန်ကာလှန်ကာ စည်းကမ်းပျက်တာလည်း မမြင်ချင်အဆုံးပေါ့။
.
အသက်ကယ် ဦးထုပ် မဆောင်းဘဲ မော်တော်ဆိုင်ကယ် မောင်းကြတာတော့ ရိုးရာတစ် ခုလိုတောင် ဖြစ်နေတယ် ပြောရမလားပဲ။ ဆိုင်ကယ်စီး လူငယ်အများစု မြင်လိုက်ရရင် ခေါင်းပလိန်းတွေ ခပ်များများ။ တချို့က စည်းကမ်း လိုက်နာသလိုနဲ့ ဦးထုပ်တော့ဆောင်းကြပါ တယ်။ အသက်ကယ်မေးသိုင်းကြိုး တပ်မထား တော့ အရေးအကြောင်း ဖြစ်လိုက်ရင် ဆေးမီ တယ်လို့ မရှိဘူး။ ကိုယ့်သားသမီးခေတ်နဲ့ အ ညီ တန်းညှိပေးကာမှ အမိမကယ်နိုင် အဖလည်း မတတ်နိုင်ရင် သွင်သွင်ကျိုးရတဲ့ အဖြစ်မျိုး။ ဆိုင်ကယ်စီးချိန် အသက်ကယ်ဦးထုပ်ဆောင်းရ မယ်။ မေးသိုင်းကြိုး တပ်ရမယ်ဆိုတဲ့ ပညာပေး အစီအစဉ်တွေ လုပ်ကိုင်နေတဲ့ တာဝန်ရှိသူတွေ အရပ်ဖက် အဖွဲ့အစည်းတွေလည်း အားနာဖို့ ကောင်းလှပါတယ်။ အသက်ကယ်ဦးထုပ်တွေ အလကားဝေပေးတယ်။ အသိပညာတွေ မကြာ ခဏပေးတယ်။ သူတို့ခမျာ လုပ်တိုင်းမောကိုဖြစ် လို့။
.
အားတိုင်းဖြစ်နေတဲ့ ယာဉ်တိုက်မှုအများစု ကို ကြည့်မယ်ဆိုရင် မတော်တဆကြောင့်ဆို တာထက် မဆင်မခြင် မောင်းနှင်တာတွေကြောင့် ဖြစ်တာ အတွေ့များပါတယ်။ ယာဉ်မောင်းအ တော်များများက ကိုယ်သွားတဲ့ နေရာရောက်ရင် ပြီးရော ဆိုတဲ့ စိတ်ဓာတ်နဲ့ မောင်းကြတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူ့စည်းကမ်း တွေ ဂရုစိုက်ရမှန်း လိုက်နာရမှန်း သိကြတဲ့ပုံ မပေါ်ဘူး။ အိမ်ကနေ ဈေးကိုသွားတယ်။ ဈေးရောက်ရင် ပြီးရော လမ်းမပေါ်စည်းပျက်ကမ်း ပျက် မောင်းချင်သလို မောင်းတယ်။ အိမ်ကနေ ကျောင်းကိုသွားတယ်။ ကျောင်းရောက်ရင် ပြီးရော မောင်းချင်သလိုမောင်းကြတယ်။ အများပြည်သူပိုင် လမ်းမပေါ် လိုက်နာကျင့်သုံးရမယ့် စည်းမျဉ်းစည်းကမ်းတွေကို စောက်ဂရုစိုက်စရာ မလိုတဲ့အထာနဲ့ မောင်းကြလားတော့ မပြောတတ်။ အဲဒီတော့ မမြင်ချင် မကြားချင်တဲ့ သတင်းတွေ နေ့စဉ်တွေ့ရပါလေရော။
.
ပြီးခဲ့တဲ့ လအတွင်း ရက်ဆက်ဆိုသလိုကြားသိရတဲ့ ယာဉ်တိုက်မှု သတင်းတွေက စိတ်မကောင်း ဖြစ်ရသလို၊ လမ်းအသုံးပြုသူတိုင်း လိုက်နာရမယ့် အမှန်တကယ် လိုက်နာသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို မီးမောင်းထိုးပြရာ လည်း ရောက်ပါတယ်။ အနောက်မြို့ပတ်လမ်း၊ ကျောင်းကြီးစုရပ်ကွက်၊ ပညာရောင်ခြည် ကျောင်းနားမှာဖြစ်တဲ့ ယာဉ်တိုက်မှုကို ကြည့် မယ်ဆိုရင် ခဏတာ သတိလက်လွတ်စိတ်ကြောင့် မဖြစ်သင့်ဘဲ ဖြစ်ရတယ်လို့ ယူဆမိပါတယ်။ ညအချိန် လမ်းမပေါ် ဖြတ်သွားတဲ့ ကုန်တင်တွဲ ကားမောင်းသူတွေထဲမှာ ပုံမှန်မောင်းတဲ့ လူရှိ သလို၊ သောက်စားမောင်းနှင်တဲ့ ယာဉ်မောင်း တွေလည်းပါကောင်းပါနိုင်ပါတယ်။ ကားတစ်စီး မောင်းနေတဲ့ လူတစ်ယောက်စိတ်ကို အပြင်လူ တွေ မသိနိုင်ပါဘူး။ လမ်းကျဉ်းမှာ ကုန်တင်တွဲ ကားရှည်ကြီးကို ကျော်တက်ဖို့ဆိုတာ တော် တော်ခက်ခဲတဲ့ အရာတစ်ခုပါ။ ဆင်ခြင်နိုင်စွမ်းနဲ့ မောင်းနှင်တာ အကောင်းဆုံးပါပဲ။
.
အဲဒီရက်ပိုင်းအတွင်း ကျောင်းကြီးစုရပ်ကွက် အတွက် ဂြိုလ်ဆိုးဝင်တဲ့ကာလလို့ ပြောရမလားဘဲ။ ရှေ့မီးမငြိမ်းခင် နောက်မီးလောင်တဲ့ ဖြစ်ရပ်မျိုး ရက်ပိုင်းအတွင်း ထပ်ဖြစ်ပါတယ်။ ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူဌေးကုန်း နယ် မြေအခြမ်းမှာ ဖောကားတစ်စီး အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးမာလာဟင်းဆိုင်ကို ဝင်တိုက် ပါတယ်။ မာလာဟင်းဆိုင်မှာ စားသောက်နေသူ တချို့ ဒဏ်ရာရပြီး ၆ နှစ်အရွယ် မူလတန်း ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးရကြောင်း သတင်းတွေထဲ ဖတ်လိုက်ရပါတယ်။ တောင်ကြီး မြို့တွင်း အုတ်သဲကျောက် သယ်ဆောင်ရာမှာ အသုံးပြုတဲ့ကားအများစု ကြံ့ခိုင်မှု အားနည်း တာကို တာဝန်ရှိသူတွေကော၊ ကိုယ်တိုင်ကိုယ်ကျ မောင်းနေတဲ့ ယာဉ်မောင်းတွေ သိကြပါတယ်။ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိတော့ ယာဉ်မောင်းတွေကလည်း လမ်း စည်းကမ်း လိုက်နာရကောင်းမှန်း မသိကြပါဘူး။
.
အနောက်မြို့ပတ်လမ်းပေါ် နေ့ညမရွေးအ ချိန်ပြည့် ဖြတ်သန်းနေတဲ့ ကုန်တင်တွဲကားကြီး ကြောင့် ယာဉ်ကျောပိတ်ဆို့မှု မကြာခဏ ဖြစ် ပွားတယ်။ ယာဉ်တိုက်မှုတွေလည်း ဖြစ်တဲ့အ တွက် မြို့ရှောင်လမ်းတစ်ခု ဖောက်သင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တပ်မတော်အစိုး ရလက်ထက် အစဖော်ပြီး အဆုံးမသတ်ခဲ့တဲ့ မြို့ရှောင်လမ်းကို ဆက်လက်လုပ်ဆောင်ဖို့ အ ကြံပြုတဲ့ လူတွေလည်း ရှိပါတယ်။ လက်ရှိတိုင်း ပြည်က ဆင်းရဲချိန် ငွေကုန်ကြေးကျများတဲ့ လမ်းဖောက်တာကို ခဏထားပြီး စည်းကမ်း လိုက်နာခြင်းနဲ့ အခက်အခဲ ဖြေရှင်းဖို့ အကြံပြု တာတွေလည်း တွေ့ရပါတယ်။ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကလည်း လမ်း ဖောက်တာနဲ့ ပျက်စီးသွားမယ့် သစ်ပင်သစ်တော တွေကို ထောက်ပြပါတယ်။ ဒီလိုအကြောင်းအ ရာစုံကြားမှာ လမ်းဖောက်ရင်း သမိုင်းပျောက်သွားတဲ့ သတင်းက လူမှုကွန်ရက်ပေါ်တက်လာ ပါတယ်။
.
မိတ်္ထီလာ-တောင်ကြီး လမ်းပိုင်း၊ ပြည် ထောင်စုလမ်းမကြီး ၄၈ ပေအကျယ်၊ လေးလမ်း သွားအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ပြီးဆုံးတော့မယ့် အနေအထား ရောက်ပြီလို့ ကြားသိရပါတယ်။ လူမှုကွန်ရက်ပေါ် ရောက်လာတဲ့လမ်းမ ကြီး အစိတ်အပိုင်းတချို့ ဓာတ်ပုံတွေ မြင်ရတာ နိုင်ငံရပ်ခြား တိုင်းပြည်က လာဘ်လုံးဝမစား တမ်း ခင်းထားတဲ့ လမ်းမကြီးတစ်ခုကို မြင်ရတဲ့ အတိုင်းပါ။ လက်ရှိ အစိုးရအတွက် အောင်မှတ် တချို့လို့ ဆိုရမှာပေါ့။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်တဲ့နေရာမှာ ခင်း ထားတဲ့ လမ်းအရည်အသွေး ကောင်းမွန်မှုလည်း ပါဝင်ပါတယ်။ ခေတ်အဆက်ဆက် ကျောက် ကြမ်းလမ်းကို ကတ်္တရာလမ်းအမှတ်နဲ့ သွားလာ ခဲ့ရတဲ့ ပြည်သူတွေ အခုလို လမ်းနဲ့တူတဲ့ အ ဆင့်မြင့်အေစီကတ်္တရာလမ်းကြီး မြင်လိုက်ရ တော့ ကိုယ့်ရှမ်းပြည်နယ်အတွက် ဂုဏ်ယူစရာ တစ်ခုလို ဖြစ်နေပါသေးတယ်။
.
ဖွံ့ဖြိုးတိုးတက်မှုနဲ့ ခပ်ခွာခွာနေခဲ့ရတဲ့ ပြည်သူတွေက အမှန်တကယ် ကောင်းမွန်တဲ့ တိုးတက်မှု လိုလားတယ်ဆိုတာ နှစ်ခါပြန်ပြောနေစရာ မလိုပါဘူး။ အဆင့်မြင့် လမ်းမကြီးချဲ့ထွင် ဖောက်လုပ်တဲ့အတွက် ဖယ်ရှားရှင်းလင်းခံရတဲ့ သစ်ပင်သစ်တောတွေ ရှိရင်တောင် ဖွံ့ဖြိုးတိုး တက်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာ မျက်နှာလွဲ ပေးလို့ ရပါတယ်။ သစ်ပင်ဆိုတာ ပြန်စိုက်လို့ ရပါတယ်ဆိုပြီး ဖြေတွေးပေးနိုင်ကြပါတယ်။ ဒါ ပေမဲ့ အစားထိုးမရနိုင်တဲ့ သမိုင်းတစ်ခုကို ဖြစ် ကတတ်ဆန်း လုပ်ကိုင်တာမျိုးတော့ လက်သင့် မခံချင်ကြပါဘူး။ နိုင်ငံတကာအဆင့်မီ ပြည် ထောင်စုလမ်းမကြီး ချဲ့ထွင်ဖောက်လုပ်တဲ့ နေ ရာမှာ လမ်းနယ်မြေလွတ်ကင်းခြင်း မရှိတဲ့ အောင်ပန်းမြို့က ဗထူးကျောက်တိုင် ပြောင်းရွှေ့ စိုက်ထူခြင်း ကိစ်္စဆိုရင် ပြည်သူလူထု ထင်မြင် ချက်နဲ့ တာဝန်ရှိသူများ လုပ်ဆောင်ချက်ကွဲလွဲ သလို ဖြစ်သွားပါတယ်။
.
အများထင်မြင်တာက သမိုင်းဝင်ကျောက်တိုင်ကို အလုံးအထည် မပျက်အပင်ပန်းခံ၊ ငွေကုန်ကြေးကျခံ တူးဖော်ပြောင်းရွေ့ စိုက်ထူမယ် လို့ ထင်မြင်ကြပါတယ်။ လက်တွေ့ လုပ်ဆောင် တာက ဘာသမိုင်းမှ မရှိတဲ့ ကျူးကျော်တဲတစ် လုံးကို စိမ်ပြေနပြေ ဖျက်ဆီးတဲ့အတိုင်း လုပ်သွားပါတယ်။ ပြောင်းရွှေ့စိုက်ထူတာ မဟုတ် ဘဲ ဖြိုချဖျက်ဆီးလိုက်တာ ဖြစ်တဲ့အတွက် ဒေသခံ ပြည်သူတွေကြား ပြောစမှတ်ဖြစ်အောင် အတော်ကြီး ဂယက်ရိုက်ခတ်မှု ရှိခဲ့ပါတယ်။ သက်ရှိထင်ရှား ဗိုလ်မှူးကြီးဗထူး မိသားစုဝင် တွေကိုလည်း အကြောင်းကြား အသိပေးခြင်း မရှိတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း မိ သားစုဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ကေသီထူးက ပြော ပါတယ်။ မန်္တလေးမြို့မှာ နေထိုင်တဲ့ ရှေးဟောင်း ပညာရှင်တမ်္ပဝတီ ဦးဝင်းမောင်ကလည်း သ မိုင်းမှတ်တိုင် တစ်ခုဖျက်ဆီးခံလိုက်ရတဲ့ သဘော ဖြစ်တယ်လို့ ဆိုပါတယ်။
.
မြန်မာနိုင်ငံဟာ သမိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ရင် တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက် မှုအားနည်းချက် ကြီးမားတဲ့ နိုင်ငံတစ်ခုလို့ ပြော ရမလားပါပဲ။ ရှေ့နောက်အမြော်အမြင်မရှိတဲ့ အကျင့်တွေက လုပ်ရိုးလုပ်စဉ်တစ်ခုလိုတောင် ဖြစ်နေပါတယ်။ အခုလုပ်ရပ်ကို ကြည့်ရင်ကျူး ကျော် ဖက်ဆစ်ဂျပန်တွေကို တိုက်ထုတ်ရင်း ကျဆုံးသွားတဲ့ ဗိုလ်မှူးကြီး ဗထူးနဲ့ နှစ် ဆယ့် ခြောက်ယောက်သော သူရဲကောင်း ရဲ ဘော်တွေရဲ့ သမိုင်းက လက်တံရှည် အဖျက် သမား ဘက်ဟိုးကား နှစ်စီးရဲ့ အောက်မှာ တစ်စစီ ဖျက်ဆီး ခံလိုက်ရတဲ့အတိုင်းပါ။ လမ်းနယ်မြေလွတ်ကင်းတဲ့ ပန်းခြံအတွင်းမှာ အသစ်ပြန်စိုက်ထူမယ်ဆိုရင်လည်း သမိုင်းဆိုတဲ့ တန်ဖိုးကတော့ ပါလာနိုင်မှာ မဟုတ်ပါဘူး။ သမိုင်းဆိုတာကို တန်ဖိုး ထားရကောင်းမှန်း မသိတဲ့ လူတွေကြောင့် လမ်း ဖောက်ရင်း သ မိုင်းပျောက်သွားတဲ့ ကာနယ်ဗထူးရေလို့သာ ပြောလိုက်ချင်ပါတော့တယ်။
.

No comments:

Post a Comment

Recent Tube