ႏုိင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ က်ိဳင္းတံုအက်ဥ္းေထာင္မွ အက်ဥ္းသား/သူ ၈၀ ဦး လြတ္ေျမာက္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 17, 2019

ႏုိင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ က်ိဳင္းတံုအက်ဥ္းေထာင္မွ အက်ဥ္းသား/သူ ၈၀ ဦး လြတ္ေျမာက္


ကေမၻာဇတိုင္း
.
ရွမး္ျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕ရွိ အက်ဥ္းေထာင္တြင္ ႏိုင္ငံေတာ္သမၼတ၏ လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ယေန႔ ဧၿပီလ ၁၇ ရက္(ႏွစ္ဆန္းတစ္ရက္)က အက်ဥ္းသား/သူ စုစုေပါင္း ၈၀ ဦး လြတ္ေျမာက္ခဲ့ေၾကာင္း သိရသည္။
.

.
က်ိဳင္းတံုအက်ဥ္းေထာင္မွ လြတ္ေျမာက္ခဲ့သည့္ အက်ဥ္းသားမ်ားမွာ အမ်ိဳးသား အက်ဥ္းသား ၇၄ ဦး၊ အမ်ိဳးသမီး အက်ဥ္းသူ ၆ ဦးတို႔ျဖစ္ၿပီး အမ်ိဳးသား အက်ဥ္းသား ၇၄ ဦးတြင္ ႏိုင္ငံျခားသား အက်ဥ္းသား ၃ ဦး ပါဝင္ကာ ၎တို႔ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳ၍ ျပည္ႏွင္ခဲ့ေၾကာင္း သိရသည္။
.
ႏိုင္ငံေတာ္သမၼတ ဦး၀င္းျမင့္မွ ျမန္မာႏွစ္သစ္ကူးအခါသမယ အထိမ္းအမွတ္အျဖစ္ အက်ဥ္းေထာင္အသီးသီးတြင္ ျပစ္ဒဏ္ခ်မွတ္ခံေနရေသာ အက်ဥ္းသား/သူ ၉၅၅၁ ဦးကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ျခင္းၿပီး ယခင္ႏွစ္ ၂၀၁၈ ခုႏွစ္၊ ၁၃၈၀ ျပည့္ႏွစ္၊ ျမန္မာႏွစ္ဆန္းတစ္ရက္ကလည္း ႏုိင္ငံေတာ္သမၼတ႐ံုး၏ အမိန္႔ျဖင့္ အက်ဥ္းသား/သူ ၈၄၀၀ ေက်ာ္ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျဖင့္ ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။
.
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား/သူ ၈၀ ဦး လွတ်မြောက်
.
ကမ္ဘောဇတိုင်း
.
ရှမး်ပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ အကျဉ်းထောင်တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ ဧပြီလ ၁၇ ရက်(နှစ်ဆန်းတစ်ရက်)က အကျဉ်းသား/သူ စုစုပေါင်း ၈၀ ဦး လွတ်မြောက်ခဲ့ကြောင်း သိရသည်။
.
ကျိုင်းတုံအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည့် အကျဉ်းသားများမှာ အမျိုးသား အကျဉ်းသား ၇၄ ဦး၊ အမျိုးသမီး အကျဉ်းသူ ၆ ဦးတို့ဖြစ်ပြီး အမျိုးသား အကျဉ်းသား ၇၄ ဦးတွင် နိုင်ငံခြားသား အကျဉ်းသား ၃ ဦး ပါဝင်ကာ ၎င်းတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြု၍ ပြည်နှင်ခဲ့ကြောင်း သိရသည်။
.
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မှ မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ချမှတ်ခံနေရသော အကျဉ်းသား/သူ ၉၅၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းပြီး ယခင်နှစ် ၂၀၁၈ ခုနှစ်၊ ၁၃၈၀ ပြည့်နှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်ကလည်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ဖြင့် အကျဉ်းသား/သူ ၈၄၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
.

.

No comments:

Post a Comment