မိုင်းဆတ်တွင် နိုင်ငံခြားသား အလှူရှင်၏ ပံ့ပိုးမှုဖြင့် ချောင်းကူး ကြိုးတံတား တစ်စင်း တည်ဆောက် - Kanbawza Tai News

Kanbawza Tai News

#StayAtHome

Breaking

COVID-19

Photo of three cats

Saturday, April 6, 2019

မိုင်းဆတ်တွင် နိုင်ငံခြားသား အလှူရှင်၏ ပံ့ပိုးမှုဖြင့် ချောင်းကူး ကြိုးတံတား တစ်စင်း တည်ဆောက်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်မြို့နယ်၊ မယ်ဆွမ်တောင်အုပ်စု၊ ၀ိန်းလိတ်ရွာမှ မိုင်းဆတ်မြို့သို့ ကူး သန်းသွားလာနိုင်ရန်အတွက် ချောင်း ကူးကြိုးတံတား တစ်စင်းကို နိုင်ငံခြားသားအလှူရှင်၏ အကူအညီဖြင့် တည်ဆောက်လျက်ရှိရာ လုပ်ငန်း သုံးပစ္စည်းများ စုံလင်ပါက ဧပြီလပထမပတ်အတွင်း ပြီးစီးမည် ဖြစ်သည်ဟု မိုင်းဆတ် မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်း ခတ်္တိယထံမှ သိရသည်။
.

.
ပစ္စည်းစုံရင် တစ်ပတ်အတွင်း ပြီးနိုင်တယ်။ တာဝန်ခံက လတ်တလော တာချီလိတ်ရောက်နေတယ်။ သူပြန်လာရင် အဆင်သင့်ဖြစ်အောင်လို့ အခု ကျောက်ကားတွေ ချနေပါ တယ်ဟု ဦးစိုင်းခတ်္တိယက ကမောဇတိုင်းသို့ ပြောသည်။
.
မတ်လဒုတိယပတ်အတွင်းက စတင်တည်ဆောက်နေသည့် အဆိုပါ ချောင်းကူးတံတားမှာ ကြိုးတံတား အမျိုးအစားဖြစ်ပြီး အကျယ် ၆ ပေ၊ အရှည် ၁၈၄ ပေ ရှိကာ ကြမ်းခင်း သံမဏိပြားဖြစ်သဖြင့် တံတားပြီး စီးပါက ၃ ဘီးဆိုင်ကယ်များအထိ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
.
ယခင်က ၀ိန်းလိတ်ရွာမှ မိုင်း ဆတ်မြို့သို့ သွားလာရန်အတွက် အမှတ် (၅၂၇) ခြေမြန်တပ်ရင်းအတွင်း ဖြတ်သွားနေရသဖြင့် ညအချိန်သွား လာခွင့်မရှိခဲ့ဘဲ ၀မ်ဟုတ်ဘက်မှ ၁၀ မိုင်ခန့် ပတ်သွားနေရပြီး တံတားပြီး စီးပါက  ၃ မိုင်ခန့်သာကွာဝေးတော့ မည်ဖြစ်ကြောင်း သိရသည်။
.
တံတား ပြီးစီးပါက စိုက်ပျိုးရေး အားပြု ကျေးရွာများဖြစ်သည့် ၀မ် လိတ်၊ ၀မ်ဟုန်၊ ဖာဖဲကျေးရွာအုပ်စု အနေဖြင့် စိုက်ပျိုးရေး ထွက်ကုန်များ၊ သားငါးများအား မြို့သို့ အမြန် တင်ပို့နိုင်ခြင်းဖြင့် စီးပွားရေးတိုးတက် လာစေမည်ဖြစ်ကြောင်း မိုင်းဆတ် မြို့နယ်၊ စည်ပင်သာာယာရေးကော် မတီဥက်္ကဌ ဦးစိုင်းကျော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရွာကလူတွေ ဗဟုသုတ နည်း ကြတော့ သူတို့က လုပ်အားပဲ ကူနိုင် တယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ကရိန်းကား၊ ကျောက်သယ်ယာဉ် တွေနဲ့ အစွမ်းကုန် ကူညီပေးနေပါ တယ်။ တံတားပြီးလို့ စိုက်ပျိုးရာသီမှာ ထွန်စက်ကူဖို့ စဉ်းစားထားပါတယ်ဟု ဦးစိုင်းကျော်အောင်က ပြော သည်။
.
အဆိုပါတံတားအား ဆွစ်ဇာလန်နိုင်ငံမှ အလှူရှင် Mr. Toni Ruttimanni ဆိုသူက လှူဒါန်းခြင်း ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း လိုအပ်သည့်နေရာများသို့ ယခုကဲ့သို့တံတား မျိုးပေါင်း အစင်း ၁၀၀ ခန့်ကို တည်ဆောက်ပေးခဲ့ပြီးဖြစ်ကာ ယခု တံတားအတွက် လိုအပ်သည့် ပစ်္စည်းများ ပြည့်စုံပါက မကြာမီ ကာလအတွင်း အမြန်ဆုံး ပြီးစီး နိုင်ကြောင်း အလှူရှင်၏ကိုယ်စား လှယ် ကိုကျော်စိုးမိုးက ပြောသည်။
.
ယခုအခါ တံတားကမ်းကပ်ခုံနှင့် တိုင်များ စိုက်ထူလျက်ရှိပြီး အဆို ပါကြိုးတံတား တည်ဆောက်ရေး လုပ်ငန်းတွင် လွှတ်တော်၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း လုပ်ဆောင်ပေးလျက်ရှိကြောင်း သိ ရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats