ေတာင္သူလယ္သမားမ်ား၏ အက်ိဳးအတြက္ လႊတ္ေတာ္တြင္ ေမးခြန္း ေမးျမန္းမႈအေပၚ ရွမ္းအစိုးရ၏ အေျဖမွာ လံုေလာက္သည့္ ကာကြယ္ကူညီမႈ မရွိဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဝဖန္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, April 20, 2019

ေတာင္သူလယ္သမားမ်ား၏ အက်ိဳးအတြက္ လႊတ္ေတာ္တြင္ ေမးခြန္း ေမးျမန္းမႈအေပၚ ရွမ္းအစိုးရ၏ အေျဖမွာ လံုေလာက္သည့္ ကာကြယ္ကူညီမႈ မရွိဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဝဖန္


မင္းေဇာ္မင္း
.
က်င္းပ ၿပီးစီးခဲ့သည့္ ဒုတိယ အႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ (၁၄) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေဝး ပထမေန႔ျဖစ္ေသာ ဧၿပီလ ၂ ရက္ တြင္ မိုင္းပန္ၿမိဳ႕နယ္ ရွမ္းျပည္နယ္ လႊတ္ေတာ္ မဲဆႏၵနယ္ အမွတ္ (၁)မွ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေနာင့္က ေတာင္သူမ်ား အ က်ိဳးအတြက္ လႊတ္ေတာ္တြင္ ေမး ခြန္းေမးျမန္းမႈႏွင့္ ပတ္သက္၍ ရွမ္း ျပည္နယ္အစိုးရအဖြဲ႕၏ ေျဖၾကားမႈ သည္ ေတာင္သူလယ္သမားမ်ား၏ အက်ိဳးစီးပြားကို ကာကြယ္ကူညီေပး ႏုိင္မႈ မရွိဟု ေဝဖန္ေျပာဆိုခဲ့သည္။
.
.
''ျပည္ပက ၾကက္သြန္နီ၊ ၾကက္ သြန္ျဖဴ အာလူး၊ ပဲေတြ ကုန္စည္ ပြဲ႐ုံေတြသာမက ၿမိဳ႕ရြာေတြက အိမ္ ေစ်းဆိုင္ေတြမွာ ေရာက္ေနတာ ၾကာၿပီ။ ခြင့္ျပဳမထားဘူး ဖမ္းခိုင္း တယ္ေျပာတယ္။ ဖမ္းတာလည္းတစ္ ခါမွ မၾကားဖူးသလို နယ္စပ္က လွိမ့္ ဝင္ေနတာ ျပည္တြင္းေတာင္သူ ေတြ စီးပြားပ်က္ေနၾကၿပီ။ ျပည္တြင္း က ထြက္ကုန္ ျပည္ပပို႔ဖို႔ အဆင့္ ျမင့္ ကုန္ေခ်ာ လုပ္မွပို႔ႏိုင္မယ္ဆို တာကိုလည္း တာဝန္႐ွိအစိုးရအေန နဲ႔ အလြယ္ေျပာသြားတယ္။ အဆင့္ ျမင့္ေအာင္ အစိုးရကဘာလုပ္ေပး တာ႐ွိလဲ ေမးခြန္းေရာ အဆိုေရာ ျပန္ေမးဖို႔ ရွိပါတယ္''ဟု ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္း ေနာင့္က ကေမၻာဇတိုင္းသို႔ ေျပာ သည္။
.
ျပည္နယ္လႊတ္ေတာ္ကိုယ္စား လွယ္ ဦးစိုင္းေနာင့္က ျပည္ပႏုိင္ငံ မ်ားမွ တင္သြင္းလာသည့္ ၾကက္သြန္ ျဖဴ၊ ၾကက္သြန္နီ၊ အာလူးႏွင့္ ပဲအ မ်ိဳးမ်ိဳးတို႔အား ႏုိင္ငံေတာ္မွ တရားဝင္ တင္သြင္းခြင့္ ျပဳထားျခင္း ရွိ/မရွိ ႏွင့္ စပ္လ်ဥ္းသည့္ ေမးခြန္းကို ရွမ္းျပည္နယ္လႊတ္ေတာ္တြင္ ေမးျမန္းရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ျပည္ နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္က တရားဝင္ခြင့္ျပဳ ထားျခင္း မရွိေၾကာင္းႏွင့္ ဖမ္းဆီး သြားမည္ျဖစ္ေၾကာင္း၊ ျပည္တြင္း စိုက္ပ်ိဳးေရးထြက္ကုန္မ်ား အရည္အ ေသြးျမင့္ ထုတ္လုပ္ႏုိင္မွသာ ျပည္ပ ေစ်းကြက္သို႔ တင္ပို႔ႏုိင္မည္ျဖစ္ ေၾကာင္း ျပန္လည္ေျဖၾကားခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။
.
အဆိုပါေမးခြန္းအား ၿပီးခဲ့သည့္ ၂ဝ၁၈ ခုႏွစ္ စက္တင္ဘာလ  ၁၆ ရက္ကတည္းက ေမးျမန္းထားခဲ့ျခင္း ျဖစ္ၿပီး ၆ လေက်ာ္ကာလမွသာ လာ ေရာက္ေျဖၾကားခဲ့သလို ျပည္တြင္း ေတာင္သူမ်ား၏ အက်ိဳးစီးပြားကို ကာကြယ္ေပးမႈ၊ အက်ိဳးစီးပြား ေဖာ္ ေဆာင္ေပးမႈမ႐ွိသည့္ အေျဖမ်ားမွာ အမ်ားျပည္သူေတာင္သူမ်ား လို လားသည့္အေျဖ မဟုတ္သည့္ အတြက္ ထပ္မံ၍ အဆိုတင္သြင္း ျခင္းႏွင့္ ေမးခြန္းေမးျမန္းျခင္းတို႔ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ဦး စိုင္းေနာင့္ထံမွ သိရသည္။
.
ႏိုင္ငံေတာ္အခြန္မနစ္နာေစရန္ အတြက္ ႏိုင္ငံျခားမွသီးႏွံမ်ားအား ျပည္တြင္းထြက္ခ်ိန္တြင္ တားဆီးရန္၊ အခြန္ႏႈန္းထား ျမႇင့္တင္ထိန္းခ်ဳပ္ရန္၊ လိုအပ္ပါက အကန္႔အသတ္ျဖင့္သာ တင္သြင္းခြင့္ျပဳရန္အျပင္ ျပည္တြင္း ထြက္ကုန္မ်ားအတြက္ အခြန္ေလွ်ာ့ ခ် ပို႔ေဆာင္ႏိုင္ေရးတို႔ကို ညႇိႏိႈင္း လုပ္ေဆာင္ေပးရန္ ေတာင္သူမ်ားမွ လိုလားလ်က္ရွိေၾကာင္း သိရသည္။
.
၂ဝဝ၈ ခုႏွစ္၊ ႏုိင္ငံေတာ္ဖြဲ႕စည္းပံု အေျခခံဥပေဒ အခန္း (၁) ပုဒ္မ (၂၃) တြင္ ႏိုင္ငံေတာ္သည္ ေတာင္ သူလယ္သမားမ်ား၏ အခြင့္အေရး မ်ား ကာကြယ္ေစာင့္ေ႐ွာက္ရန္ လိုအပ္သည့္ ဥပေဒမ်ား ျပဌာန္း ေဆာင္ရြက္မည္၊ စိုက္ပ်ိဳး ထုတ္ လုပ္သည့္ ေကာက္ပဲသီးႏွံမ်ားအား သင့္တင့္ မွ်တသည့္ တန္ဖိုးရ႐ွိရန္ ကူညီေဆာင္ရြက္မည္ဟု ျပဌာန္း ေဖာ္ျပထားသျဖင့္ ယခု႐ွမ္းျပည္နယ္ တြင္း ၂ ႏွစ္ဆက္တိုက္ ဆံုး႐ံႈးေန ၾကရသည့္ ၾကက္သြန္ျဖဴ စိုက္ေတာင္ သူမ်ားအတြက္ တာဝန္႐ွိေသာ ႐ွမ္း ျပည္နယ္ အစိုးရအေနျဖင့္ ကူညီ ေဆာင္ရြက္ေပးရန္ လိုအပ္ေန ေသာ္လည္း ျပည္နယ္ ဝန္ႀကီး၏ ေျဖၾကားခ်က္မွာ အားထားရမႈ အ ေျခအေနတြင္ မ႐ွိေၾကာင္း ¤င္းက ဆိုသည္။
.
''မႏွစ္က ထိုင္းက ၾကက္သြန္ျဖဴ တစ္ကီလို ၁၈ ဘတ္ေပးဝယ္တယ္။ အမွတ္ (၁) တံတားမွာ ထိုင္းအ ေကာက္ခြန္က တစ္ကီလို ၂၂ ဘတ္ေကာက္မယ္ေၾကညာေတာ့ ဘယ္လိုမွေရာက္လို႔မျဖစ္ေတာ့ဘူး။ ၾကက္သြန္နီၾကေတာ့ အခြန္လြတ္ ေပးလိုက္လို႔ ခံသာၾကတယ္။ ဒါမ်ိဳး ကိုအစိုးရက ညႇိႏိႈင္းေဆာင္ရြက္ေပး ေစခ်င္တာပါ''ဟု ဦးစိုင္းေနာင့္က ဆက္လက္ေျပာၾကားခဲ့သည္။
.
လက္႐ွိတြင္ ျပည္တြင္း ေတာင္ သူအမ်ားအျပားအခက္အခဲ ႀကံဳ ေတြ႕ေနရေသာ္လည္း အစိုးရဘက္မွ ေသခ်ာေရရာသည့္ ႏိုင္ငံအခ်င္းခ်င္း ညႇိႏိႈင္းမႈမ်ိဳး လုပ္ေဆာင္ေပးျခင္း မရွိေသးေၾကာင္း သိရသည္။ ထိုင္း ႏိုင္ငံမွ ျမန္မာမ်ိဳးရင္း ၾကက္သြန္ျဖဴ ကို အဝယ္လိုလားေနသည္ဟု ေစ်း ကြက္အရသိ႐ွိရၿပီး ထိုင္းႏုိင္ငံ ျမန္ မာနယ္စပ္ ခ်င္း႐ိုင္ခ႐ိုင္ တစ္ေနရာ တြင္ ပီေလာပီနံျဖင့္ ၾကက္သြန္ျဖဴ ေၾကာ္အတု ထုပ္လုပ္ေနသည့္ စက္ ႐ုံတစ္႐ုံကို ဧၿပီလ ၁ ရက္က ထိုင္း အာဏာပိုင္မ်ားက ဖမ္းဆီးရမိခဲ့ ေၾကာင္း သိရသည္။
.
ျမန္မာႏိုင္ငံသည္ ကမၻာ႔ တတိ ယေျမာက္ အမ်ားဆံုး ၾကက္သြန္ျဖဴ စိုက္ပ်ိဴးသည့္ႏိုင္ငံျဖစ္ၿပီး တစ္ႏိုင္ငံ လံုးတြင္ ၾကက္သြန္ျဖဴစိုက္ဧက ၇ သိန္းခန္႔ ရွိကာ ရွမ္းျပည္နယ္တြင္ အမ်ားဆံုး စိုက္ပ်ိဳးေၾကာင္းႏွင့္ ၁ ဧက အထြက္ႏႈန္းသည္ ပ်မ္းမွ်အားျဖင့္ ပိႆာခ်ိန္ ၁၈ဝဝ ထိ ထြက္ရွိကာ ရွမ္းျပည္နယ္တြင္ တစ္ႏွစ္လွ်င္ခန္႔ မွန္းေခ် ၾကက္သြန္ျဖဴတန္ခ်ိန္ ၂ဝဝဝဝ ခန္႔ ထြက္ရွိေနေသာ္လည္း ၾကက္သြန္ျဖဴေစ်း စံခ်ိန္တင္က်ဆင္း မႈကို ႀကံဳေတြ႕ေနရၿပီး စိုက္ပ်ိဳးသူ ေတာင္သူမ်ား အခက္အခဲမ်ားျဖင့္ ရင္ဆိုင္ေနရေၾကာင္း ၾကက္သြန္ျဖဴ စိုက္ေတာင္သူမ်ားထံမွ သိရသည္။
.
တောင်သူလယ်သမားများ၏ အကျိုးအတွက် လွှတ်တော်တွင် မေးခွန်း မေးမြန်းမှုအပေါ် ရှမ်းအစိုးရ၏ အဖြေမှာ လုံလောက်သည့် ကာကွယ်ကူညီမှု မရှိဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဝေဖန်
.
မင်းဇော်မင်း
.
ကျင်းပ ပြီးစီးခဲ့သည့် ဒုတိယ အကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သော ဧပြီလ ၂ ရက် တွင် မိုင်းပန်မြို့နယ် ရှမ်းပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က တောင်သူများ အ ကျိုးအတွက် လွှတ်တော်တွင် မေး ခွန်းမေးမြန်းမှုနှင့် ပတ်သက်၍ ရှမ်း ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားမှု သည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်ကူညီပေး နိုင်မှု မရှိဟု ဝေဖန်ပြောဆိုခဲ့သည်။
.
''ပြည်ပက ကြက်သွန်နီ၊ ကြက် သွန်ဖြူ အာလူး၊ ပဲတွေ ကုန်စည် ပွဲရုံတွေသာမက မြို့ရွာတွေက အိမ် စျေးဆိုင်တွေမှာ ရောက်နေတာ ကြာပြီ။ ခွင့်ပြုမထားဘူး ဖမ်းခိုင်း တယ်ပြောတယ်။ ဖမ်းတာလည်းတစ် ခါမှ မကြားဖူးသလို နယ်စပ်က လှိမ့် ဝင်နေတာ ပြည်တွင်းတောင်သူ တွေ စီးပွားပျက်နေကြပြီ။ ပြည်တွင်း က ထွက်ကုန် ပြည်ပပို့ဖို့ အဆင့် မြင့် ကုန်ချော လုပ်မှပို့နိုင်မယ်ဆို တာကိုလည်း တာဝန်ရှိအစိုးရအနေ နဲ့ အလွယ်ပြောသွားတယ်။ အဆင့် မြင့်အောင် အစိုးရကဘာလုပ်ပေး တာရှိလဲ မေးခွန်းရော အဆိုရော ပြန်မေးဖို့ ရှိပါတယ်''ဟု ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်း နောင့်က ကမ္ဘောဇတိုင်းသို့ ပြော သည်။
.
ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းနောင့်က ပြည်ပနိုင်ငံ များမှ တင်သွင်းလာသည့် ကြက်သွန် ဖြူ၊ ကြက်သွန်နီ၊ အာလူးနှင့် ပဲအ မျိုးမျိုးတို့အား နိုင်ငံတော်မှ တရားဝင် တင်သွင်းခွင့် ပြုထားခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းကို ရှမ်းပြည်နယ်လွှတ်တော်တွင် မေးမြန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည် နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တရားဝင်ခွင့်ပြု ထားခြင်း မရှိကြောင်းနှင့် ဖမ်းဆီး သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း စိုက်ပျိုးရေးထွက်ကုန်များ အရည်အ သွေးမြင့် ထုတ်လုပ်နိုင်မှသာ ပြည်ပ စျေးကွက်သို့ တင်ပို့နိုင်မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
.
အဆိုပါမေးခွန်းအား ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ  ၁၆ ရက်ကတည်းက မေးမြန်းထားခဲ့ခြင်း ဖြစ်ပြီး ၆ လကျော်ကာလမှသာ လာ ရောက်ဖြေကြားခဲ့သလို ပြည်တွင်း တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ပေးမှု၊ အကျိုးစီးပွား ဖော် ဆောင်ပေးမှုမရှိသည့် အဖြေများမှာ အများပြည်သူတောင်သူများ လို လားသည့်အဖြေ မဟုတ်သည့် အတွက် ထပ်မံ၍ အဆိုတင်သွင်း ခြင်းနှင့် မေးခွန်းမေးမြန်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦး စိုင်းနောင့်ထံမှ သိရသည်။
.
နိုင်ငံတော်အခွန်မနစ်နာစေရန် အတွက် နိုင်ငံခြားမှသီးနှံများအား ပြည်တွင်းထွက်ချိန်တွင် တားဆီးရန်၊ အခွန်နှုန်းထား မြှင့်တင်ထိန်းချုပ်ရန်၊ လိုအပ်ပါက အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုရန်အပြင် ပြည်တွင်း ထွက်ကုန်များအတွက် အခွန်လျှော့ ချ ပို့ဆောင်နိုင်ရေးတို့ကို ညှိနှိုင်း လုပ်ဆောင်ပေးရန် တောင်သူများမှ လိုလားလျက်ရှိကြောင်း သိရသည်။
.
၂ဝဝ၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) ပုဒ်မ (၂၃) တွင် နိုင်ငံတော်သည် တောင် သူလယ်သမားများ၏ အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများ ပြဌာန်း ဆောင်ရွက်မည်၊ စိုက်ပျိုး ထုတ် လုပ်သည့် ကောက်ပဲသီးနှံများအား သင့်တင့် မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက်မည်ဟု ပြဌာန်း ဖော်ပြထားသဖြင့် ယခုရှမ်းပြည်နယ် တွင်း ၂ နှစ်ဆက်တိုက် ဆုံးရှုံးနေ ကြရသည့် ကြက်သွန်ဖြူ စိုက်တောင် သူများအတွက် တာဝန်ရှိသော ရှမ်း ပြည်နယ် အစိုးရအနေဖြင့် ကူညီ ဆောင်ရွက်ပေးရန် လိုအပ်နေ သော်လည်း ပြည်နယ် ဝန်ကြီး၏ ဖြေကြားချက်မှာ အားထားရမှု အ ခြေအနေတွင် မရှိကြောင်း ¤င်းက ဆိုသည်။
.
''မနှစ်က ထိုင်းက ကြက်သွန်ဖြူ တစ်ကီလို ၁၈ ဘတ်ပေးဝယ်တယ်။ အမှတ် (၁) တံတားမှာ ထိုင်းအ ကောက်ခွန်က တစ်ကီလို ၂၂ ဘတ်ကောက်မယ်ကြေညာတော့ ဘယ်လိုမှရောက်လို့မဖြစ်တော့ဘူး။ ကြက်သွန်နီကြတော့ အခွန်လွတ် ပေးလိုက်လို့ ခံသာကြတယ်။ ဒါမျိုး ကိုအစိုးရက ညှိနှိုင်းဆောင်ရွက်ပေး စေချင်တာပါ''ဟု ဦးစိုင်းနောင့်က ဆက်လက်ပြောကြားခဲ့သည်။
.
လက်ရှိတွင် ပြည်တွင်း တောင် သူအများအပြားအခက်အခဲ ကြုံ တွေ့နေရသော်လည်း အစိုးရဘက်မှ သေချာရေရာသည့် နိုင်ငံအချင်းချင်း ညှိနှိုင်းမှုမျိုး လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း သိရသည်။ ထိုင်း နိုင်ငံမှ မြန်မာမျိုးရင်း ကြက်သွန်ဖြူ ကို အဝယ်လိုလားနေသည်ဟု စျေး ကွက်အရသိရှိရပြီး ထိုင်းနိုင်ငံ မြန် မာနယ်စပ် ချင်းရိုင်ခရိုင် တစ်နေရာ တွင် ပီလောပီနံဖြင့် ကြက်သွန်ဖြူ ကြော်အတု ထုပ်လုပ်နေသည့် စက် ရုံတစ်ရုံကို ဧပြီလ ၁ ရက်က ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
.
မြန်မာနိုင်ငံသည် ကမ္ဘာ့ တတိ ယမြောက် အများဆုံး ကြက်သွန်ဖြူ စိုက်ပျိူးသည့်နိုင်ငံဖြစ်ပြီး တစ်နိုင်ငံ လုံးတွင် ကြက်သွန်ဖြူစိုက်ဧက ၇ သိန်းခန့် ရှိကာ ရှမ်းပြည်နယ်တွင် အများဆုံး စိုက်ပျိုးကြောင်းနှင့် ၁ ဧက အထွက်နှုန်းသည် ပျမ်းမျှအားဖြင့် ပိဿာချိန် ၁၈ဝဝ ထိ ထွက်ရှိကာ ရှမ်းပြည်နယ်တွင် တစ်နှစ်လျှင်ခန့် မှန်းချေ ကြက်သွန်ဖြူတန်ချိန် ၂ဝဝဝဝ ခန့် ထွက်ရှိနေသော်လည်း ကြက်သွန်ဖြူစျေး စံချိန်တင်ကျဆင်း မှုကို ကြုံတွေ့နေရပြီး စိုက်ပျိုးသူ တောင်သူများ အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ကြက်သွန်ဖြူ စိုက်တောင်သူများထံမှ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats