အင်းလေးတွင် စက်လှေ လှိုင်းပုတ်မှုကြောင့် ၅ နှစ်အရွယ်ကလေး တစ်ဦး လှေပေါ်မှ ပြုတ်ကျကာ သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, April 15, 2019



မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)ညောင်ရွှေမြို့နယ်လင်းကင်းကျေးရွာနှင့် ကြေးစားကုန်းကျေးရွာ အနီး အင်းလေးကန် ရေပြင်တွင် ဧပြီလ ၁၄ ရက် ည ၇ နာရီကျော်ခန့်တွင် စက်လှေ ၂ စီး မောင်းနှင်ရာမှ ဖြစ်ပေါ်လာသော ရေလှိုင်း ပုတ်မှုကြောင့် ၅ နှစ် အရွယ် ကလေး တစ်ဦး လှေပေါ်မှ ရေထဲသို့ ပြုတ်ကျရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
လှေခြင်း တိုက်တာ မဟုတ်ပါဘူး လှေအရှိန် မထိန်းနိုင်မှုက ဖြစ်တဲ့ လှိုင်းပုတ်လို့ လှေထဲမှာ သေချာ မကိုင်ထားတဲ့ ကလေးမလေး ရေထဲ ပြုတ်ကျတာပါ၊ ဆွေမျိုး ကန်တော့အပြန် ဖြစ်တာလို့ သိပါတယ်ဟု ရေနစ်သေဆုံးသူ ကလေးငယ်၏ အလောင်းအား ညောင်ရွှေဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့သူ ညောင်ရွှေမြို့ ပါရမီသွေးလှူရှင်အသင်းမှ ဦးစိုးမင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

လင်းကင်းကျေးရွာမှ ဦးမျိုးကျော်သိန်း၏ စက်လှေနှင့် လွယ်ငြိမ့်ကျေးရွာမှ ဦးဇော်လှိုင်မျိုး မောင်းနှင်သည့် စက်လှေတို့မှာ အရှိန်မထိန်းနိုင် ဖြစ်ပြီး ဖြစ်ပေါ်လာသော ရေလှိုင်း ပုတ်မှုကြောင့် လှေပေါ်တွင် ရှိနေသော လင်းကင်းရွာနေ ဦးမျိုးကျော်သိန်း၏ အသက် ၅ နှစ်အရွယ် သမီးဖြစ်သူမှာ ရေထဲသိုပြုတ်ကျခဲ့ခြင်း ဖြစ်ကာ   ၉ နာရီခွဲခန့်တွင် အလောင်းအား ရှာဖွေ တွေရှိ၍ ပါရမီ သွေးလှူရှင် အသင်းနှင့် ရွှေမေတ္တာလူမစောင့်ရှောက်ရေးအဖွဲ့တို့မှ ညောင်ရွှေပြည်သူ့ ဆေးရုံ ရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့ကြောငိးရသည်။
.
ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ညော်ရွှေမြို့မရဲစခန်းမှ စခန်းမှူးထံသို့ ဆက်သွယ်မေးမြန်းရာ ကလေးမလေး သေဆုံးသည်မှာ မှန်ကန်ကြောင်း ယခုတွင်မူ လူကြီး ခရီးစဉ် ရှိနေသဖြင့် မအားလပ်သေးကြောင်း ပြောကြားခဲ့ပြီး အဆိုပါ စက်လှေ မောင်းနှင်သူ ၂ ဦးအား ခေါင်တိုင် ရဲကင်းမှ ခေါ်ယူထားကြောင်း သိရသည်။
.


အင်းလေးတွင် စက်လှေ လှိုင်းပုတ်မှုကြောင့် ၅ နှစ်အရွယ်ကလေး တစ်ဦး လှေပေါ်မှ ပြုတ်ကျကာ သေဆုံး
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြိ့ုနယ်၊ လင်းကင်းကျေးရွာနှင့် ကြေးစားကုန်းကျေးရွာ အနီး အင်းလေးကန် ရေပြင်တွင် ဧပြီလ ၁၄ ရက် ည ၇ နာရီကျော်ခန့်တွင် စက်လှေ ၂ စီး မောင်းနှင်ရာမှ ဖြစ်ပေါ်လာသော ရေလှိုင်း ပုတ်မှုကြောင့် ၅ နှစ် အရွယ် ကလေး တစ်ဦး လှေပေါ်မှ ရေထဲသို့ ပြုတ်ကျ၍ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
လှေခြင်း တိုက်တာ မဟုတ်ပါဘူး။ လှေအရှိန် မထိန်းနိုင်မှုက ဖြစ်တဲ့ လှိုင်းပုတ်လို့ လှေထဲမှာ သေချာ မကိုင်ထားတဲ့ ကလေးမလေး ရေထဲ ပြုတ်ကျတာပါ၊ ဆွေမျိုး ကန်တော့အပြန် ဖြစ်တာလို့ သိရပါတယ် ဟု ရေနစ်သေဆုံးသူ ကလေးငယ်၏ အလောင်းအား ညောင်ရွှေဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့သူ ညောင်ရွှေမြို့ ပါရမီသွေးလှူရှင်အသင်းမှ ဦးစိုးမင်းလတ်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လင်းကင်းကျေးရွာမှ ဦးမျိုးကျော်သိန်း၏ စက်လှေနှင့် လွယ်ငြိမ့်ကျေးရွာမှ ဦးဇော်လှိုင်မျိုး မောင်းနှင်သည့် စက်လှေတို့မှာ အရှိန်မထိန်းနိုင် ဖြစ်ပြီး ဖြစ်ပေါ်လာသော ရေလှိုင်း ပုတ်မှုကြောင့် လှေပေါ်တွင် ရှိနေသော လင်းကင်းရွာနေ ဦးမျိူးကျော်သိန်း၏ အသက် ၅ နှစ်အရွယ် သမီးဖြစ်သူမှာ ရေထဲသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ကာ ည  ၉ နာရီခွဲခန့်တွင် အလောင်းအား ရှာဖွေ တွေ့ရှိ၍ ပါရမီ သွေးလှူရှင် အသင်းနှင့် ရွှေမေတ္တာလူမှုစောင့်ရှောက်ရေးအဖွဲ့တို့မှ ညောင်ရွှေပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
ယင်း ဖြစ်စဉ်နှင့် ပတ်သက်၍ ညောင်ရွှေမြို့မရဲစခန်းမှ စခန်းမှူးထံသို့ ဆက်သွယ်မေးမြန်းရာ ကလေးမလေး သေဆုံးသည်မှာ မှန်ကန်ကြောင်း၊ ယခုတွင်မူ လူကြီး ခရီးစဉ် ရှိနေသဖြင့် မအားလပ်သေးကြောင်း ပြောကြားခဲ့ပြီး အဆိုပါ စက်လှေ မောင်းနှင်သူ ၂ ဦးအား ခေါင်တိုင် ရဲကင်းမှ ခေါ်ယူထားကြောင်း သိရသည်။

No comments:

Post a Comment