ရွမ္းျပည္နယ္အတြင္း၌ စက္သံုးဆီေစ်း အနည္းငယ္ ျမင့္တက္လာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, April 24, 2019

ရွမ္းျပည္နယ္အတြင္း၌ စက္သံုးဆီေစ်း အနည္းငယ္ ျမင့္တက္လာ


ရဲရင့္ဇြဲ
.
ရွမ္းျပည္နယ္အတြင္း၌ သႀကၤန္ ကာလအၿပီးတြင္ စက္သံုးဆီေစ်းႏႈန္းမ်ား အနည္းငယ္ ျမင့္တက္လာခဲ့ ေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ရွိ စက္သံုးဆီ ေရာင္း ဝယ္သူမ်ားထံမွ သိရသည္။
.
သႀကၤန္ကာလ မတိုင္မီက ရွမ္း ျပည္နယ္ေတာင္ႀကီးၿမိဳ႕၏ စက္သံုး ဆီ လက္ကားေစ်းႏႈန္းမွာ ဒီဇယ္တစ္ လီတာလွ်င္ ၁ဝ၅ဝ က်ပ္၊ ပရီမီယံဒီ ဇယ္တစ္လီတာ ၁ဝ၇၅ က်ပ္၊ေအာက္ တိန္း ၉၂ တစ္လီတာလွ်င္ ၉၂ဝက်ပ္ ႏွင့္ ေအာက္တိန္း ၉၅ တစ္လီတာ လွ်င္ ၁ဝ၂ဝ က်ပ္ရွိခဲ့ရာမွသႀကၤန္ပြဲ ေတာ္အၿပီး ဧၿပီလ ၁၉ ရက္၊ နံ နက္ပိုင္းတြင္ ဒီဇယ္ တစ္လီတာလွ်င္ ၁ဝ၆ဝ က်ပ္၊ ပရီမီယံဒီဇယ္ တစ္လီ တာလွ်င္ ၁ဝ၈၅ က်ပ္၊ ေအာက္ တိန္း ၉၂ တစ္လီတာလွ်င္ ၉၃ဝ က်ပ္ႏွင့္ ေအာက္တိန္း ၉၅ တစ္လီ တာလွ်င္ ၁ဝ၃ဝ က်ပ္အထိ ျမင့္ တက္လာခဲ့ၿပီး ဧၿပီလ ၁၉ ရက္၊ ည ေနပိုင္းတြင္ ေအာက္တိန္း ၉၂ တစ္ လီတာလွ်င္ ၁ဝ က်ပ္ႏွင့္ ေအာက္ တိန္း ၉၅ တစ္လီတာလွ်င္ ၁ဝ က်ပ္ ထပ္မံျမင့္တက္ခဲ့ေၾကာင္း သိရသည္။
.
''ကြၽန္ေတာ္တို႕လည္း ေစ်းတက္ ေနရတာပါပဲ။ သႀကၤန္မတိုင္ခင္ကနဲ႔ စာရင္ေစ်းႏႈန္းက ၂ဝ က်ပ္စီေလာက္ ေတာ့ တက္သြားတယ္။ ဒီေန႔ညေန ပိုင္းမွာ ေအာက္တိန္းက ၁ဝ စီထပ္ တက္သြားတယ္။ ကုမၸဏီက ခ်မွတ္ ထားတဲ့ ေစ်းႏႈန္းအတိုင္းပဲ ေရာင္း ေနတာပါ။ ကြၽန္ေတာ္တို႔က အျမတ္ ကိုအနည္းဆံုး ယူထားၿပီး ေရာင္းေပး တဲ့အဆင့္ပါ။ သိပ္ၿပီးေတာ့ ေထြေထြ ထူးထူးလုပ္ေဆာင္တာမ်ဳိးေတာ့ မ ရွိပါဘူး''ဟု ေတာင္ႀကီးၿမိဳ႕ရွိ စက္သံုး ဆီ အေရာင္းဆိုင္ မန္ေနဂ်ာတစ္ဦး က ကေမၻာဇတိုင္းသို႔ ေျပာၾကားခဲ့ သည္။
.
ယင္းကဲ့သို႔ ဆီေစ်းႏႈန္းမ်ား တ ရိပ္ရိပ္ျမင့္တက္လာျခင္းသည္ ကမၻာ့ ေရနံေစ်း ျမင့္တက္လာျခင္းေၾကာင့္ ျဖစ္ၿပီး ျပည္တြင္း၌ လိုအပ္ေသာစက္ သုံးဆီအား စင္ကာပူႏုိင္ငံမွ အဓိက မွာယူ တင္သြင္းေနရျခင္းျဖစ္ကာ ႏိုင္ ငံျခားစက္သံုးဆီေစ်း အတက္အက်၊ အေမရိကန္ေဒၚလာေစ်း အတက္အ က်ေပၚမူတည္ကာ ျပည္တြင္း၌ စက္ သုံးဆီေစ်းႏႈန္း ျမင့္တက္ေနျခင္းျဖစ္ ၿပီး နယ္ၿမိဳ႕မ်ားတြင္ သယ္ယူပုိ႔ေဆာင္ ေရးစရိတ္ေၾကာင့္ စက္သုံးဆီ ေစ်းတစ္ လီတာလွ်င္ ၁ဝဝဝ က်ပ္ေက်ာ္အထိ ျမင့္တက္ေနျခင္းျဖစ္ေၾကာင္း စက္သုံး ဆီတင္သြင္း ေရာင္းခ်ျဖန္႔ျဖဴးေရး လုပ္ငန္းရွင္မ်ားထံမွ သိရသည္။
.

ရှမ်းပြည်နယ်အတွင်း၌ စက်သုံးဆီဈေး အနည်းငယ် မြင့်တက်လာ

.

ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အတွင်း၌ သြင်္ကန် ကာလအပြီးတွင် စက်သုံးဆီဈေးနှုန်း များ အနည်းငယ် မြင့်တက်လာခဲ့ ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရှိ စက်သုံးဆီ ရောင်း ဝယ်သူများထံမှ သိရသည်။
.
သြင်္ကန်ကာလ မတိုင်မီက ရှမ်း ပြည်နယ်တောင်ကြီးမြို့၏ စက်သုံး ဆီ လက်ကားဈေးနှုန်းမှာ ဒီဇယ်တစ် လီတာလျှင် ၁ဝ၅ဝ ကျပ်၊ ပရီမီယံဒီ ဇယ်တစ်လီတာ ၁ဝ၇၅ ကျပ်၊အောက် တိန်း ၉၂ တစ်လီတာလျှင် ၉၂ဝကျပ် နှင့် အောက်တိန်း ၉၅ တစ်လီတာ လျှင် ၁ဝ၂ဝ ကျပ်ရှိခဲ့ရာမှသြင်္ကန်ပွဲ တော်အပြီး ဧပြီလ ၁၉ ရက်၊ နံ နက်ပိုင်းတွင် ဒီဇယ် တစ်လီတာလျှင် ၁ဝ၆ဝ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီ တာလျှင် ၁ဝ၈၅ ကျပ်၊ အောက် တိန်း ၉၂ တစ်လီတာလျှင် ၉၃ဝ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီ တာလျှင် ၁ဝ၃ဝ ကျပ်အထိ မြင့် တက်လာခဲ့ပြီး ဧပြီလ ၁၉ ရက်၊ ည နေပိုင်းတွင် အောက်တိန်း ၉၂ တစ် လီတာလျှင် ၁ဝ ကျပ်နှင့် အောက် တိန်း ၉၅ တစ်လီတာလျှင် ၁ဝ ကျပ် ထပ်မံမြင့်တက်ခဲ့ကြောင်း သိရသည်။
.
''ကျွန်တော်တို့လည်း ဈေးတက် နေရတာပါပဲ။ သြင်္ကန်မတိုင်ခင်ကနဲ့ စာရင်ဈေးနှုန်းက ၂ဝ ကျပ်စီလောက် တော့ တက်သွားတယ်။ ဒီနေ့ညနေ ပိုင်းမှာ အောက်တိန်းက ၁ဝ စီထပ် တက်သွားတယ်။ ကုမ္ပဏီက ချမှတ် ထားတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်း နေတာပါ။ ကျွန်တော်တို့က အမြတ် ကိုအနည်းဆုံး ယူထားပြီး ရောင်းပေး တဲ့အဆင့်ပါ။ သိပ်ပြီးတော့ ထွေထွေ ထူးထူးလုပ်ဆောင်တာမျိုးတော့ မ ရှိပါဘူး''ဟု တောင်ကြီးမြို့ရှိ စက်သုံး ဆီ အရောင်းဆိုင် မန်နေဂျာတစ်ဦး က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့ သည်။
.
ယင်းကဲ့သို့ ဆီဈေးနှုန်းများ တ ရိပ်ရိပ်မြင့်တက်လာခြင်းသည် ကမ္ဘာ့ ရေနံဈေး မြင့်တက်လာခြင်းကြောင့် ဖြစ်ပြီး ပြည်တွင်း၌ လိုအပ်သောစက် သုံးဆီအား စင်ကာပူနိုင်ငံမှ အဓိက မှာယူ တင်သွင်းနေရခြင်းဖြစ်ကာ နိုင်ငံခြားစက်သုံးဆီဈေး အတက်အကျ၊ အမေရိကန်ဒေါ်လာဈေး အတက်အ ကျပေါ်မူတည်ကာ ပြည်တွင်း၌ စက် သုံးဆီဈေးနှုန်း မြင့်တက်နေခြင်းဖြစ် ပြီး နယ်မြို့များတွင် သယ်ယူပို့ဆောင် ရေးစရိတ်ကြောင့် စက်သုံးဆီ ဈေးတစ် လီတာလျှင် ၁ဝဝဝ ကျပ်ကျော်အထိ မြင့်တက်နေခြင်းဖြစ်ကြောင်း စက်သုံး ဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေး လုပ်ငန်းရှင်များထံမှ သိရသည်။

No comments:

Post a Comment