အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း အကျဉ်းဦးစီးဌာန ထုတ်ပြန်ကြေညာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, April 22, 2019



မင်းဇော်မင်း
.
.
.
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ထောင်တွင်းအကျဉ်းကျနေသူအားလုံးသည် ဥပဒေတွင် တိကျစွာပြဌာန်းထား သောိုင်ငံတော်အစိုးရနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင်ဖောက်ဖျက်၍ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူများသာရှိကြောင်း  ဖော်ပြပါရှိသည်။
.
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသော အကျဉ်းသား ၄၈ ဦး၏ စာရင်းကိုစစ်ရာတွင်  ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦး၊ လွတ်မြောက်ပြီးသူ ၄  ဦး၊ ရှာမတွေ့သူ  ၇ ဦး တို့ရှိကြောင်း၊ ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦးမှာလည်း နိုင်ငံရေးဆောင်ရွက်ခြင်းကြောင့် ပြစ်ဒဏ် ကျခံနေရသူများ မဟုတ်ဘဲိုင်ငံတော်ပုန်ကန်ခြင်း ၊ အကြမ်းဖက်မှုဆောင်ရွက်ခြင်း၊ မူးယစ်ဆေါးး သယ်ဆောင်ရောင်းယ်ခြင်းနှင့် ရာဇ၀တ်ပြစ်မှုအသီးသီးကို ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ကြောင်း ယင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုအောင်မျိုးကျော်ကိုင်ငံရေးနှင့် ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံရသူအားလုံးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။
.
"အဓိကကတော့ အစိုးရနဲ့လွှတ်တော်က ဘယ်လိုလူတွေကိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပြီး ဘယ်လို အမှုတွေကို နိုင်ငံရေးအမှုအဖြစ် သတ်မှတ်လဲဆိုတာ ပြဌာန်းပေးဖို့လိုတယ်။ တရားငိုင်ငံရေးအကျဉ်းသားအဖြစ် ဘယ်လိုလူတွေကို သတ်မှတ်တယ်ဆိုတာ တိတိကျကျ မပြဌာန်းထားတဲ့အတွက် ဒီလို အငြင်းပွားနေရတာ" ဟု ကိုအောင်မျိုးကျော်က ပြောသည်။
.

.
.
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံရေးပုဒ်မများဖြင့်ဖမ်းဆီးခံထားရသော အကျဉ်းထောင်အတွင်းမှိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
.
အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း အကျဉ်းဦးစီးဌာန ထုတ်ပြန်ကြေညာ
.
မင်းဇော်မင်း
.
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေသော အကျဉ်းသားများအနက် နိုင်ငံရေး အကျဉ်းသားဟူသော အမည်ဖြင့် အကျဉ်းကျခံနေရသော အကျဉ်းသားများ မရှိကြောင်း အကျဉ်းဦးစီးဌာနက ဧပြီလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
.
အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ထောင်တွင်းအကျဉ်းကျနေသူအားလုံးသည် ဥပဒေတွင် တိကျစွာပြဌာန်းထား သော နိုင်ငံတော်အစိုးရနှင့် တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဆန့်ကျင်ဖောက်ဖျက်၍ ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူများသာရှိကြောင်း  ဖော်ပြပါရှိသည်။
.
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ထားသော အကျဉ်းသား ၄၈ ဦး၏ စာရင်းကို စိစစ်ရာတွင်  ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦး၊ လွတ်မြောက်ပြီးသူ ၄  ဦး၊ ရှာမတွေ့သူ  ၇ ဦး တို့ရှိကြောင်း၊ ပြစ်ဒဏ်ကျခံဆဲ ၃၇ ဦးမှာလည်း နိုင်ငံရေးဆောင်ရွက်ခြင်းကြောင့် ပြစ်ဒဏ် ကျခံနေရသူများ မဟုတ်ဘဲ နိုင်ငံတော်ပုန်ကန်ခြင်း ၊ အကြမ်းဖက်မှုဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းနှင့် ရာဇဝတ်ပြစ်မှုအသီးသီးကို ကျူးလွန်၍ ပြစ်ဒဏ်ကျခံနေရခြင်းဖြစ်ကြောင်း ယင်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုအောင်မျိုးကျော်က နိုင်ငံရေးနှင့် ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးခံရသူအားလုံးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ပြောဆိုခဲ့သည်။
.
"အဓိကကတော့ အစိုးရနဲ့လွှတ်တော်က ဘယ်လိုလူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ပြီး ဘယ်လို အမှုတွေကို နိုင်ငံရေးအမှုအဖြစ် သတ်မှတ်လဲဆိုတာ ပြဌာန်းပေးဖို့လိုတယ်။ တရားဝင် နိုင်ငံရေးအကျဉ်းသားအဖြစ် ဘယ်လိုလူတွေကို သတ်မှတ်တယ်ဆိုတာ တိတိကျကျ မပြဌာန်းထားတဲ့အတွက် ဒီလို အငြင်းပွားနေရတာ" ဟု ကိုအောင်မျိုးကျော်က ပြောသည်။
.
ထို့အတူ AAPP မှ ကိုဘိုကြည်ကမူ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၈၊ ၁၂၉ နှင့် ၁၃၀ တို့တွင် နိုင်ငံရေးအကျဉ်းသား ဟူသော စကားရပ်ကို တိတိကျကျ ထည့်သွင်းဖော်ပြထားပြီးဖြစ်သည်ဟု ပြောဆိုခဲ့သည်။

.
အကျဉ်းဦးစီးဌာနကမူ "ယင်းတို့သည် ယင်းတို့၏ ကျူးလွန်ခဲ့သောပြစ်ဒဏ်များကို လျော့နည်း သက်သာစေလိုခြင်း အလို့ငှာ နိုင်ငံရေးအကျဉ်းသားဟူ၍ အမည်ခံဆောင်ရွက်လာခြင်းသာဖြစ်ပါသည်" ဟု ထည့်သွင်းဖော်ပြထားသည်။
.
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုင်ငံရေးပုဒ်မများဖြင့်ဖမ်းဆီးခံထားရသော အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
.

No comments:

Post a Comment