လားရှိုးတွင် စနေနေ့တိုင်း စုပေါင်း အမှိုက်ကောက်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Saturday, April 13, 2019


နောင် (မြစ်မခ)
.
.
.
.
.

.
.
လားရှိုးတွင် စနေနေ့တိုင်း စုပေါင်း အမှိုက်ကောက်မည်
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့တွင် အဖွဲ့ပေါင်းစုံမှ စုပေါင်း အမှိုက်ကောက်ရန် စည်ပင်သာယာရေး ဌာနရှေ့မှ လားရှိုးတက္ကသိုလ်အ ထိ သတ်မှတ်လိုက်ကြောင်း သိရှိရ သည်။
.
အဆိုပါ အမှိုက်ကောက်ခြင်းကို ဌာနဆိုင်ရာများ၊ အမှိုက်သိမ်းကုမ္ပဏီ၊ ပရဟိတ၊ လူမှုရေးအသင်းအဖွဲ့များ၊ အခြားသောအဖွဲ့အစည်းများ ပူး ပေါင်းကာ လားရှိုးမြို့တော်သာယာ လှပရေးအတွက် ဧပြီ ၆ ရက်မှ စ တင်ကာ  အပတ်စဉ် စနေနေ့တိုင်း အမှိုက်ကောက်သွားမည် ဖြစ်သည်။
.
'' အခုကတော့ စနေနေ့မှာ စည်ပင်သာယာရေးရုံးရှေ့ကနေ လားရှိုးတက္ကသိုလ်ရှေ့အထိ မနက် ၇ နာရီကနေ ၈ နာရီခွဲအထိ စုပေါင်း အမှိုက်ကောက်သွားမှာပါ။ အား လုံးပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ်။''ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောသည်။  
.
အဆိုပါ ဌာနဆိုင်ရာများ၊ လူမှု ရေးအသင်းအဖွဲ့များဖြင့် စုပေါင်းကာ အမှိုက်ကောက်ရန်အတွက် မတ်လ ၂၉ ရက်က မြန်မာနိုင်ငံ ဆရာဝန် များအသင်းရုံး ခန်းမ၌ အစည်းဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
''အားလုံး အဆင်ပြေမယ့် ရက်ကို ရွေးပြီးတော့ ဆောင်ရွက်တာဖြစ်လို့ ကောင်းပါတယ်။ နေရာနဲ့အချိန်ကို စောင့်နေတာပါ။ ပါဝင်ဖို့ အဆင် သင့်ပါပဲ။ ကိုယ့်မြို့ လှပဖို့အတွက် လုပ်တာဖြစ်လို့ အပတ်တိုင်း လိုက် နိုင်အောင် ကြိုးစားသွားမယ်။''ဟု လားရှိုးဒေသခံ ဦးဇော်က ပြောသည်။ 
.
အဆိုပါ လားရှိုးမြို့၌ စုပေါင်း အမှိုက်ကောက်ခြင်းကို ပထမဆုံးအ ကြိမ် ပြုလုပ်ရာတွင် လိုအပ်သော ပစ္စည်းများကို လားရှိုးမြို့နယ် စည် ပင်သာယာရေးဌာနနှင့် အမှိုက်သိမ်း ကုမ္ပဏီတို့မှ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 

No comments:

Post a Comment

Journal Download

Photo of three cats