တစ္နာရီလွ်င္ ေရဂါလံ ၃ဝဝဝ ေက်ာ္ ထြက္ရွိသည့္ စက္ေရတြင္းကို ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းက လား႐ႈိးၿမဳိ႕တြင္ တူးေဖာ္လွဴဒါန္း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 30, 2019

တစ္နာရီလွ်င္ ေရဂါလံ ၃ဝဝဝ ေက်ာ္ ထြက္ရွိသည့္ စက္ေရတြင္းကို ကေမၻာဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္းက လား႐ႈိးၿမဳိ႕တြင္ တူးေဖာ္လွဴဒါန္း


ကေမၻာဇတိုင္း
.
ကေမၻာဇအနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္းသည္ ေဖာင္ေဒး ရွင္းပိုင္ အဂၤလန္ႏိုင္ငံထုတ္ Dando ေရတြင္းတူးစက္မ်ားျဖင့္ ႏုိင္ငံတြင္းရွိ ေရရွားပါးသည့္ ေနရာေဒသ အႏွံ႔အ ျပားတြင္ စဥ္ဆက္မျပတ္ တူးေဖာ္ လွဴဒါန္းေပးလ်က္ရွိရာ ရွမ္းျပည္နယ္ ေျမာက္ပုိင္း လား႐ႈိးၿမိဳ႕ အမွတ္ (၁၁) ရပ္ကြက္တြင္ တစ္နာရီလွ်င္ ေရဂါလံ ေပါင္း ၃ဝဝဝ ေက်ာ္ ထြက္ရွိသည့္ စက္ေရတြင္းကို တူးေဖာ္လွဴဒါန္းခဲ့ ေၾကာင္း သိရသည္။
.
.
အဆိုပါ စက္ေရတြင္းမွာ ကေမၻာ ဇအနာဂတ္အလင္းတန္းျမန္မာေဖာင္ ေဒးရွင္းမွ လွဴဒါန္းသည့္ ၂ဝ၂ တြင္း ေျမာက္ စက္ေရတြင္းျဖစ္ၿပီး ဧၿပီလ ၁၁ ရက္တြင္ အနက္ေပ ၄၈ဝ သို႔ အ ေရာက္၌ ေရေအာင္ခဲ့ျခင္း ျဖစ္ကာ ေဒသခံတိုင္းရင္းသား ျပည္သူမ်ား ေရေကာင္းေရသန္႔ကို လံုေလာက္စြာ သံုးစဲြႏုိင္ၿပီ ျဖစ္ေၾကာင္း သိရသည္။
.
''ေဖာင္ေဒးရွင္း ဥကၠ႒ ေဒၚနန္း လုိင္းခမ္းရဲ႕ ဦးေဆာင္မႈနဲ႔ ၂ဝ၁၄ ခု ႏွစ္ကစတင္ၿပီး ႏုိင္ငံတစ္ဝန္းမွာရွိတဲ့ ေရရွားပါးတဲ့ ေဒသေတြက ျပည္သူ ေတြ ေသာက္သံုးေရ ရရွိေစဖို႔အတြက္ စက္ေရတြင္းေတြ တူးေဖာ္လွဴဒါန္းေပး တာ၊ ေရသယ္ယာဥ္ေတြနဲ႔ ေရျဖန္႔ေဝ ေပးတဲ့ လုပ္ငန္းေတြကုိ ေဆာင္ရြက္ ေပးေနပါတယ္''ဟု ကေမၻာဇအနာ ဂတ္အလင္းတန္းျမန္မာေဖာင္ေဒးရွင္း တာဝန္ရွိသူတစ္ဦးက ကေမၻာဇတိုင္း သို႔ ေျပာသည္။
.
ထို႔အတူ ကေမၻာဇအနာဂတ္အ လင္းတန္း ျမန္မာေဖာင္ေဒးရွင္း အေနျဖင့္ ေအာင္ပန္းၿမိဳ႕ စိုက္ပ်ိဳးေရး သုေတသနၿခံႏွင့္ လား႐ွိုးၿမိဳ႕နယ္၊ ေကာင္းက်ဲအီ ေက်းရြာတို႔တြင္ ေရ ေကာင္းေရသန္႔ ရရွိေရးအတြက္ ဆက္လက္ တူးေဖာ္ေဆာင္ရြက္လ်က္ ရွိၿပီး ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္၊ ဒကၡိဏသီရိရွိ ခ်မ္းေျမ့ ေက်ာင္းတြင္လည္း ဆက္လက္ တူးေဖာ္ လွဴဒါန္းေပးသြားမည္ျဖစ္ ေၾကာင္းလည္း သိရသည္။
.
ကေမၻာဇအနာဂတ္အလင္းတန္း ျမန္မာေဖာင္ေဒးရွင္းသည္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းကလည္း ပုသိမ္ႀကီး ၿမိဳ႕နယ္၊ ႏွမ္းႀကဲေက်းရြာအုပ္စု၊ က ေလာၿမဳိ႕နယ္၊ ဟဲဟိုးၿမိဳ႕၊ ဆူပန္းအင္း ေက်းရြာႏွင့္ ေတာင္ႀကီးၿမိဳ႕နယ္ စြန္း လြန္း ဘုန္းႀကီးေက်ာင္းမ်ားသို႔ ေရ သယ္ယာဥ္မ်ားျဖင့္ ေသာက္သံုးေရ မ်ား လွဴဒါန္းေပးခဲ့ေၾကာင္း သိရ သည္။
.
ေရရွားပါးေသာ ေဒသမ်ားတြင္ သန္႔ရွင္းေသာ ေသာက္သံုးေရမ်ား အဆင္ေျပ လံုေလာက္စြာ သံုးစဲြႏုိင္ေစ ရန္အတြက္ ေဒသခံရပ္မိရပ္ဖမ်ား ႏွင့္ ေသာ္လည္းေကာင္း၊ လူမႈေရး ပရဟိတ အဖဲြ႕မ်ားႏွင့္ ေသာ္လည္း ေကာင္း ပူးေပါင္း၍ စက္ေရတြင္း ၂ဝ၂ တြင္း တူးေဖာ္လွဴဒါန္းေပးျခင္း၊ ေရေလွာင္ကန္မ်ား ေဆာက္လုပ္ေပး ျခင္း၊ အိမ္တိုင္ရာေရာက္ ေရပုိက္မ်ား သြယ္တန္းေပးျခင္း၊ ေရသယ္ယာဥ္ သစ္ ၄၇ စီးကုိ ႏုိင္ငံတစ္ဝန္းရွိ ပရဟိ တ အသင္းမ်ားအား လွဴဒါန္းေပးခဲ့ သည့္အျပင္ ေဖာင္ေဒးရွင္း တည္ ေထာင္ခ်ိန္မွစ၍ က႑အသီးသီးတြင္ လူမ်ိဳးမေရြး ဘာသာမေရြး ၊ ႏိုင္ငံ ေတာ္ႏွင့္ ျပည္သူအတြက္ က်ပ္ေငြ ၁၅၄ ဘီလီယံေက်ာ္ လွဴဒါန္းခဲ့ၿပီး ျဖစ္ေၾကာင္း သိရသည္။
.
ျမန္မာႏိုင္ငံအတြင္း ေရအခက္ အခဲျဖစ္ေနေသာ ေဒသမ်ား အေန ျဖင့္ သန္႔ရွင္းေသာေရ လုိအပ္ပါက ကေမၻာဇအနာဂတ္အလင္းတန္းျမန္ မာေဖာင္ေဒးရွင္း ေအာက္ျမန္မာျပည္ ဖုန္း ဝ၁ ၅ဝ၂၈၆၈ ႏွင့္ အထက္ျမန္ မာျပည္ ဝ၂ ၂ဝဝဝ၁၆၆ သို႔ ဆက္ သြယ္စံုစမ္း၍ ေဆာင္ရြက္ႏုိင္ေၾကာင္း သိရသည္။
.
တစ်နာရီလျှင် ရေဂါလံ ၃ဝဝဝ ကျော် ထွက်ရှိသည့် စက်ရေတွင်းကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းက လားရှိုးမြို့တွင် တူးဖော်လှူဒါန်း
.
ကမ္ဘောဇတိုင်း
.
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေး ရှင်းပိုင် အင်္ဂလန်နိုင်ငံထုတ် Dando ရေတွင်းတူးစက်များဖြင့် နိုင်ငံတွင်းရှိ ရေရှားပါးသည့် နေရာဒေသ အနှံ့အ ပြားတွင် စဉ်ဆက်မပြတ် တူးဖော် လှူဒါန်းပေးလျက်ရှိရာ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၁၁) ရပ်ကွက်တွင် တစ်နာရီလျှင် ရေဂါလံ ပေါင်း ၃ဝဝဝ ကျော် ထွက်ရှိသည့် စက်ရေတွင်းကို တူးဖော်လှူဒါန်းခဲ့ ကြောင်း သိရသည်။
.
အဆိုပါ စက်ရေတွင်းမှာ ကမ္ဘော ဇအနာဂတ်အလင်းတန်းမြန်မာဖောင် ဒေးရှင်းမှ လှူဒါန်းသည့် ၂ဝ၂ တွင်း မြောက် စက်ရေတွင်းဖြစ်ပြီး ဧပြီလ ၁၁ ရက်တွင် အနက်ပေ ၄၈ဝ သို့ အ ရောက်၌ ရေအောင်ခဲ့ခြင်း ဖြစ်ကာ ဒေသခံတိုင်းရင်းသား ပြည်သူများ ရေကောင်းရေသန့်ကို လုံလောက်စွာ သုံးစွဲနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
.
''ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်နန်း လိုင်းခမ်းရဲ့ ဦးဆောင်မှုနဲ့ ၂ဝ၁၄ ခု နှစ်ကစတင်ပြီး နိုင်ငံတစ်ဝန်းမှာရှိတဲ့ ရေရှားပါးတဲ့ ဒေသတွေက ပြည်သူ တွေ သောက်သုံးရေ ရရှိစေဖို့အတွက် စက်ရေတွင်းတွေ တူးဖော်လှူဒါန်းပေး တာ၊ ရေသယ်ယာဉ်တွေနဲ့ ရေဖြန့်ဝေ ပေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက် ပေးနေပါတယ်''ဟု ကမ္ဘောဇအနာ ဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထို့အတူ ကမ္ဘောဇအနာဂတ်အ လင်းတန်း မြန်မာဖောင်ဒေးရှင်း အနေဖြင့် အောင်ပန်းမြို့ စိုက်ပျိုးရေး သုတေသနခြံနှင့် လားရှိုးမြို့နယ်၊ ကောင်းကျဲအီ ကျေးရွာတို့တွင် ရေ ကောင်းရေသန့် ရရှိရေးအတွက် ဆက်လက် တူးဖော်ဆောင်ရွက်လျက် ရှိပြီး နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဒက္ခိဏသီရိရှိ ချမ်းမြေ့ ကျောင်းတွင်လည်း ဆက်လက် တူးဖော် လှူဒါန်းပေးသွားမည်ဖြစ် ကြောင်းလည်း သိရသည်။
.
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပုသိမ်ကြီး မြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စု၊ က လောမြို့နယ်၊ ဟဲဟိုးမြို့၊ ဆူပန်းအင်း ကျေးရွာနှင့် တောင်ကြီးမြို့နယ် စွန်း လွန်း ဘုန်းကြီးကျောင်းများသို့ ရေ သယ်ယာဉ်များဖြင့် သောက်သုံးရေ များ လှူဒါန်းပေးခဲ့ကြောင်း သိရ သည်။
.
ရေရှားပါးသော ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေများ အဆင်ပြေ လုံလောက်စွာ သုံးစွဲနိုင်စေ ရန်အတွက် ဒေသခံရပ်မိရပ်ဖများ နှင့် သော်လည်းကောင်း၊ လူမှုရေး ပရဟိတ အဖွဲ့များနှင့် သော်လည်း ကောင်း ပူးပေါင်း၍ စက်ရေတွင်း ၂ဝ၂ တွင်း တူးဖော်လှူဒါန်းပေးခြင်း၊ ရေလှောင်ကန်များ ဆောက်လုပ်ပေး ခြင်း၊ အိမ်တိုင်ရာရောက် ရေပိုက်များ သွယ်တန်းပေးခြင်း၊ ရေသယ်ယာဉ် သစ် ၄၇ စီးကို နိုင်ငံတစ်ဝန်းရှိ ပရဟိ တ အသင်းများအား လှူဒါန်းပေးခဲ့ သည့်အပြင် ဖောင်ဒေးရှင်း တည် ထောင်ချိန်မှစ၍ ကဏ္ဍအသီးသီးတွင် လူမျိုးမရွေး ဘာသာမရွေး ၊ နိုင်ငံ တော်နှင့် ပြည်သူအတွက် ကျပ်ငွေ ၁၅၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံအတွင်း ရေအခက် အခဲဖြစ်နေသော ဒေသများ အနေ ဖြင့် သန့်ရှင်းသောရေ လိုအပ်ပါက ကမ္ဘောဇအနာဂတ်အလင်းတန်းမြန် မာဖောင်ဒေးရှင်း အောက်မြန်မာပြည် ဖုန်း ဝ၁ ၅ဝ၂၈၆၈ နှင့် အထက်မြန် မာပြည် ဝ၂ ၂ဝဝဝ၁၆၆ သို့ ဆက် သွယ်စုံစမ်း၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment