လားရှိုးမြို့တွင် ရေဆေးဆီလိုက်နှင့် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်ထားသော စတိုခန်း မီးလောင်မှု ဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 10, 2019

လားရှိုးမြို့တွင် ရေဆေးဆီလိုက်နှင့် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်ထားသော စတိုခန်း မီးလောင်မှု ဖြစ်ပွား


နောင် (မြစ်မခ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ရေဆေးဆီလိုက်နှင့် ဆိုင်ကယ်ပြင်ဆိုင်တွဲဖွင့်လှစ်ထားသော ဦးခင်မောင်မြင့် ပိုင်ဆိုင်သည့် ကန်တော်ဦးဆိုင် စတိုခန်း ဧပြီ ၉ ရက်၊ နံနက်ပိုင်းက ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လားရှိုးမြို့ မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
လားရှိုးမြို့၊ ရပ်ကွက်(၂)၊ နယ်မြေ ၂ အတွင်း ဖွင့်လှစ်ထားသည့် ကန်တော်ဦးရေဆေးဆီလိုက်နှင့် ဆိုင်ကယ်ပြင် ဆိုင်၏ ပစ္စည်းများထားသော စတိုခန်းမှ နံနက် ၁၀း၀၀ နာရီအချိန်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  
 “စတိုခန်းကနေစလောင်တာပါ။ ဘေးအိမ်တွေကိုတော့ ကူးတာမရှိပါဘူး။ ထိခိုက်မှုလည်း မရှိပါဘူး။ မိနစ် ၂၀ လောက်တော့ ငြှိမ်းသတ်လိုက်ရပါတယ်။’’ဟု လားရှိုးမြို့မ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းသော နေရာအနီးတွင် ကားပွဲစားတန်းရှိပြီး အချိန်မှီ ငြိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် အနီးဝန်း ကျင် နေရာများကို မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း မရှိကြောင်း သိရသည်။
အဲ့ဒီအိမ်မှာက ရေပေါလို့ အဆင်ပြေသွားတာပါ။ မဟုတ်ရင် ဘေးအိမ်ကို ကူးမယ်။ ပြီးတော့ ကားပွဲစားတန်းက နီးနီးလေးမှာ ရှိနေတော့ စိုးရိမ်ရတယ်။ ဆိုင်ကယ်ပြင်ဆိုင်ဆိုတော့ လောင်စာတွေများတာ လူတိုင်း သိပါတယ်။  ဒီအချိန်မှာ မီးသတ်အနေနဲ့ မီးသတ်ဗူးတွေ၊ မီးချိတ်၊ မီးခတ်တွေ လိုက်စစ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။’’ဟု မီးလောင်ရာဝန်းကျင်ရှိ ဦးသာမောင်က ပြောသည်။  
အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင် ဦးခင်မောင်မြင့်အား လားရှိုးမြို့မ ရဲစခန်းမှ (ပ) ၁၀၈/ ၂၀၁၉ မီးပေါ့ဆစွာ သုံးစွဲမှု ပုဒ်မ ၂၈၅ ဖြင့်အရေးယူထားကြောင်း သိရသည်။  
လားရှိုးမြို့တွင် လူနေထိုင်မှုများပြားထူထပ်လာရာ ၂၀၁၉ ခုနှစ်အတွင်း တောမီးလောင်မှုများလည်း ရှိလာပြီး မီးအန္တရာယ်အား အထူးသတိပြုစေလိုကာ ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှ ကြေညာချက်များကို အထူးလိုက်နာသင့်ကြောင်း လားရှိုးမြို့ မီးသတ်ဦးစီးဌာနမှ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats