တောင်ကြီးတွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည် မဟုတ်ဘဲ ယခင်နှစ်အတိုင်းသာ ပြုလုပ်သွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, April 3, 2019

တောင်ကြီးတွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည် မဟုတ်ဘဲ ယခင်နှစ်အတိုင်းသာ ပြုလုပ်သွားမည်


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၏ မြို့တော်ဖြစ် သည့် တောင်ကြီးမြို့တွင် လာမည့် ဧပြီလ ၁၃ ရက်မှ စတင်ပြုလုပ်မည့် ၁၃၈၀ ပြည့်နှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော်၌ ဒေသခံပြည်သူများ မျှော်လင့်နေသကဲ့သို့ လမ်းလျှောက် သင်္ကြန်ပွဲတော် ထည့်သွင်းကျင်းပ မည်မဟုတ်ဘဲ ယခင်နှစ်များအတိုင်း သာ ဖျော်ဖြေရေးနှင့် သင်္ကြန်ယိမ်း အကအလှ ပြိုင်ပွဲများဖြင့် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရ သည်။
.

.
ခါတိုင်းနှစ်တွေလိုပဲ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ပါ။ ဗဟိုမဏ္ဍပ် လုပ်မယ်။ ယိမ်းအက ပြိုင်ပွဲ ပါမယ်။ ဖျော်ဖြေရေး ပါမယ်။ ယိမ်းအဖွဲ့တွေရဲ့ ဧည့်ခံ ဖျော်ဖြေမှု တွေ၊ ပြိုင်ပွဲတွေ လုပ်သွားမှာပါဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမေ်္ဘာဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ယခုနှစ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း ယခင်နှစ်များကဲ့သို့ပင် တောင်ကြီးမြို့၊ မြို့မဈေးတောင်ဘက်၊ ညဈေးတန်းထိပ်တွင် ဗဟိုမဏ္ဍပ်ပြု လုပ်၍ ဖျော်ဖြေရေးနှင့် ယိမ်းအ ကပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမတစ် လျှောက်တွင် ဌာနဆိုင်ရာများ၊ ကုမဏီများ၊ လူမှုရေးအသင်းအဖွဲ့များမှ စတုဒီသာမဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်ငယ်များဖြင့် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
သင်္ကြန်ပွဲတော်ဟာ မြန်မာလူ မျိုးတွေအတွက် ဆယ့်နှစ်လရာသီပွဲ တော်တွေထဲမှာ အကြီးဆုံးပွဲတော် ဖြစ်တယ်။ အဲဒီလို အကြီးမားဆုံး ပွဲတော်ဖြစ်တာနဲ့အညီခေတ်ကာလ ရွေ့လျားလာတာနဲ့အမျှအန်္တရာယ် ဖြစ်စေနိုင်တဲ့ အပြုအမူမျိုးတွေ တွဲဖက်ပါလာတာတွေရှိတယ်။ အဲဒါ ကြောင့် သင်္ကြန်ကာလနဲ့ ပတ်သက် ပြီး မလိုလားအပ်တဲ့ ပြဿနာမျိုး တွေ မဖြစ်ပွားစေဖို့အတွက် ကျန်တဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားဖို့ရှိပါတယ်ဟု ဦး ဖြိုးမင်းထိုက်က ဆက်လက်ပြောကြား ခဲ့သည်။
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ပြုလုပ်သည့် ဗဟိုမဏ္ဍပ်ကို တောင်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူဆောင် ရွက်လျက်ရှိပြီး ယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
.
ယခင်နှစ်သင်္ကြန်ပွဲတော်က တောင်ကြီးမြို့နယ်၌ဗဟိုမဏ္ဍပ်၊ ရွှေ နေကြာမဏ္ဍပ်နှင့် ဇွဲထက်စိန်ရွှေ ရတနာဆိုင် မိသားစုမဏ္ဍပ် ၃ ခုအ ပြင် မဏ္ဍပ်အလတ် ၅ ခုနှင့် အသေး ၂၀ ခုခန့်ရှိကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင်လည်း ယခုနှစ်အတာ သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ် ဆောက်လုပ်၍ဖျော်ဖြေရေးနှင့် ယိမ်းအကအလှပြိုင်ပွဲများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
.
ဟိုပုံးမြို့တွင် ယခင်ကရေက စားမဏ္ဍပ်များသာထားရှိကာ မဟာ သင်္ကြန်ပွဲတော်ကို ဆင်နွဲခဲ့ကြပြီး၊ သင်္ကြန်ချိန်ခါသာမယတွင် ဘုရား ဖူးလာ ဧည့်သည်များတစ်နှစ်ထက် တစ်နှစ် စည်ကားများပြားလာသည့် အတွက် ဖျော်ဖြေရေး ဗဟိုမဏ္ဍပ် တည်ဆောက်သွားမည်ဖြစ်ပြီး ဟိုပုံး မြို့ပေါ် ၆ ရပ်ကွက်၊ လွယ်အွန့်၊ ပေါင်လင်းနှင့် လုံခုတ်ကျေးရွာ အုပ် စုများ၊ ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့ ၂၃ ဖွဲ့၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ်္ပံ၊ အမှတ်(၉၀၃) အင်ဂျင်နီယာ တပ်ရင်းနှင့် ယဉ်ကျေး မှု အဖွဲ့များမှလည်း ရိုးရာအကများ ဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube