ပညာေရးဝန္ႀကီးဌာနမွ ရာထူးအဆင့္ ေလွ်ာ့ခ်ျခင္း ျပစ္ဒဏ္ကို ၃ ႏွစ္အထိ တိုးျမႇင့္သတ္မွတ္ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Monday, April 22, 2019

ပညာေရးဝန္ႀကီးဌာနမွ ရာထူးအဆင့္ ေလွ်ာ့ခ်ျခင္း ျပစ္ဒဏ္ကို ၃ ႏွစ္အထိ တိုးျမႇင့္သတ္မွတ္


မင္းေဇာ္မင္း
.
ပညာေရးဝန္ႀကီးဌာနေအာက္ရွိ ျပစ္ဒဏ္သင့္ဝန္ထမ္းမ်ားကို ရာထူးအဆင့္ေလွ်ာ့ခ်ျခင္းျပစ္ဒဏ္ ခ်မွတ္ေသာ္ လည္း လိုက္နာမႈ အားနည္းျခင္းေၾကာင့္ ျပစ္ဒဏ္ကာလကို ၃ ႏွစ္အထိ တိုးျမႇင့္သတ္မွတ္ခဲ့ေၾကာင္း သိရသည္။
.
.
ယင္းကဲ့သို႔ ျပစ္ဒဏ္တိုးျမႇင့္ေၾကာင္းကို ပညာေရးဝန္ႀကီးဌာနမွ ဧၿပီလအတြင္း သက္ဆုိင္ရာ တုိင္းေဒသႀကီး ႏွင့္ ျပည္နယ္ပညာေရးမွဴး႐ံုးမ်ားသို႔ အေၾကာင္းၾကားခဲ့သည္ဟု သိရသည္။
.
ယခင္က အျပစ္ရွိဝန္ထမ္းမ်ားကို ႏုိင္ငံ့ဝန္ထမ္းဥပေဒ၊ နည္းဥပေဒအရ ရာထူးအဆင့္ ေလွ်ာ့ခ်ျခင္း ျပစ္ဒဏ္ ကို ၁ ႏွစ္၊ ၂ ႏွစ္ စသည္ျဖင့္ ခ်မွတ္အေရးယူခဲ့ေသာ္လည္း စည္းကမ္းလိုက္နာမႈ အားနည္းေနဆဲျဖစ္ျခင္းေၾကာင့္ ယခုကဲ့သို႔ ျပစ္ဒဏ္ကာလကို ၃ ႏွစ္အထိ တိုးျမႇင့္လိုက္ျခင္းျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီး ဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက ကေမၻာဇတိုင္းသို႔ ေျပာသည္။
.
ႏုိင္ငံ့ဝန္ထမ္းဥပေဒ၊ နည္းဥပေဒအရ အျပစ္ေပးကာလ ေစ့သြားရင္ မူလေနရာကို ျပန္ေပးရတယ္။ အရင္ တုန္းက ၁ ႏွစ္၊ ၂ ႏွစ္ပဲ အေရးယူပါတယ္။ ဒါေပမဲ့ ၁ ႏွစ္ေလာက္က မထိေရာက္ေတာ့တဲ့အတြက္ ထပ္တိုးလိုက္တာ ပါ။ လိုက္နာမႈ မရွိၾကဘူး။ ဒါေပမဲ့ အခု သတ္မွတ္ကာလ  ၃ ႏွစ္ျပည့္ရင္လည္း မူလရာထူး ျပန္ရမွာပါဟု ဦးကိုေလးဝင္းက ေျပာသည္။
.
ႏိုင္ငံ့ဝန္ထမ္း ဥပေဒ (ဝန္ထမ္း စည္းမ်ဥ္းစည္းကမ္းဆိုင္ရာ ျပစ္ဒဏ္ခ်မွတ္ျခင္းႏွင့္ အယူခံျခင္း ျပစ္ဒဏ္မ်ား) အခန္းအရ ဝန္ထမ္းမ်ား စည္းကမ္းေဖာက္ဖ်က္လွ်င္ စာျဖင့္ သတိေပးျခင္း၊ ႏွစ္တိုးလစာ ရပ္ဆိုင္းျခင္း ရာထူးတိုးျမႇင့္ျခင္းကို ရပ္ဆိုင္းျခင္း၊  လစာႏႈန္းအတြင္း လစာေလ်ွာ့ခ်ျခင္း၊  ရာထူးအဆင့္ေလ်ွာ႔ခ်ျခင္း၊ ေပါ့ေလ်ာ့မႈေၾကာင့္ျဖစ္ေစ အမိန္႔ႏွင့္ညႊန္ၾကားခ်က္မ်ားကို မလိုက္နာမႈေၾကာင့္ ေပၚေပါက္လာသည့္ ဆံုး႐ံႈးမႈတန္ဖိုး အျပည့္အဝ (သို႔မဟုတ္) တစ္စိတ္တစ္ေဒသကိုေပးေလ်ာ္ေစျခင္း၊ တာဝန္မွ ရပ္ဆိုင္းခဲ့သည့္ ကာလအတြက္ လစာအျပည့္ ခံစားခြင့္မျပဳျခင္း (သို႔မဟုတ္) ထိုကာလကို တာဝန္ခ်ိန္အျဖစ္ မသတ္မွတ္ျခင္း၊ ရာထူးမွထုတ္ပယ္ျခင္း၊ ဝန္ထမ္းအျဖစ္မွ ထုတ္ပယ္ျခင္း စသည့္ ျပစ္ဒဏ္မ်ား ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။
.
ပညာရေးဝန်ကြီးဌာနမှ ရာထူးအဆင့် လျှော့ချခြင်း ပြစ်ဒဏ်ကို ၃ နှစ်အထိ တိုးမြှင့်သတ်မှတ်
.
မင်းဇော်မင်း
.
ပညာရေးဝန်ကြီးဌာနအောက်ရှိ ပြစ်ဒဏ်သင့်ဝန်ထမ်းများကို ရာထူးအဆင့်လျှော့ချခြင်းပြစ်ဒဏ် ချမှတ်သော် လည်း လိုက်နာမှု အားနည်းခြင်းကြောင့် ပြစ်ဒဏ်ကာလကို ၃ နှစ်အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပြစ်ဒဏ်တိုးမြှင့်ကြောင်းကို ပညာရေးဝန်ကြီးဌာနမှ ဧပြီလအတွင်း သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်ပညာရေးမှူးရုံးများသို့ အကြောင်းကြားခဲ့သည်ဟု သိရသည်။
.
ယခင်က အပြစ်ရှိဝန်ထမ်းများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ ရာထူးအဆင့် လျှော့ချခြင်း ပြစ်ဒဏ် ကို ၁ နှစ်၊ ၂ နှစ် စသည်ဖြင့် ချမှတ်အရေးယူခဲ့သော်လည်း စည်းကမ်းလိုက်နာမှု အားနည်းနေဆဲဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်ကာလကို ၃ နှစ်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေအရ အပြစ်ပေးကာလ စေ့သွားရင် မူလနေရာကို ပြန်ပေးရတယ်။ အရင် တုန်းက ၁ နှစ်၊ ၂ နှစ်ပဲ အရေးယူပါတယ်။ ဒါပေမဲ့ ၁ နှစ်လောက်က မထိရောက်တော့တဲ့အတွက် ထပ်တိုးလိုက်တာ ပါ။ လိုက်နာမှု မရှိကြဘူး။ ဒါပေမဲ့ အခု သတ်မှတ်ကာလ  ၃ နှစ်ပြည့်ရင်လည်း မူလရာထူး ပြန်ရမှာပါဟု ဦးကိုလေးဝင်းက ပြောသည်။
.
နိုင်ငံ့ဝန်ထမ်း ဥပဒေ (ဝန်ထမ်း စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခြင်းနှင့် အယူခံခြင်း ပြစ်ဒဏ်များ) အခန်းအရ ဝန်ထမ်းများ စည်းကမ်းဖောက်ဖျက်လျှင် စာဖြင့် သတိပေးခြင်း၊ နှစ်တိုးလစာ ရပ်ဆိုင်းခြင်း ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊  လစာနှုန်းအတွင်း လစာလျှော့ချခြင်း၊  ရာထူးအဆင့်လျှော့ချခြင်း၊ ပေါ့လျော့မှုကြောင့်ဖြစ်စေ အမိန့်နှင့်ညွှန်ကြားချက်များကို မလိုက်နာမှုကြောင့် ပေါ်ပေါက်လာသည့် ဆုံးရှုံးမှုတန်ဖိုး အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ဒေသကိုပေးလျော်စေခြင်း၊ တာဝန်မှ ရပ်ဆိုင်းခဲ့သည့် ကာလအတွက် လစာအပြည့် ခံစားခွင့်မပြုခြင်း (သို့မဟုတ်) ထိုကာလကို တာဝန်ချိန်အဖြစ် မသတ်မှတ်ခြင်း၊ ရာထူးမှထုတ်ပယ်ခြင်း၊ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ဖော်ပြထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats