တာချီလိတ်ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား၌ မြန်မာရိုးရာသင်္ကြန်ကို ကြိုဆိုသောအားဖြင့် ပိတောက်ပန်း အတုများဖြင့် အလှတပ်ဆင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 11, 2019

တာချီလိတ်ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား၌ မြန်မာရိုးရာသင်္ကြန်ကို ကြိုဆိုသောအားဖြင့် ပိတောက်ပန်း အတုများဖြင့် အလှတပ်ဆင်


.
ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံတားတွင် မြန်မာရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ကို ကြိုဆိုသောအားဖြင့် ဧပြီလ ၉ ရက်မှ စတင်၍ ပိတောက်ပန်းအသွင်ရှိ ပလတ်စတစ် ပိတောက်ပန်း အတုများဖြင့် အလှပြင်ဆင်လျက်ရှိကြောင်း သိရသည်။
.

.
ဒီနှစ်သင်္ကြန်တော့ မြန်မာ-ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံတားအပေါ်အထိ ပိတောက်ပန်းအသွင်ရှိတဲ့ ပန်းတွေကို ယခင်နှစ်ထက်ပိုပြီး အလှဆင် ထားပါတယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက စီစဉ်ပြီး ကျွန်တော်တို့ စည်ပင်ဌာနက ပြင်ဆင်ပေးရပါတယ်ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက ပြောသည်။
.
အဆိုပါ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ပိတောက်ပန်းတုများဖြင့် ပြင်ဆင် သွယ်တန်းခြင်းအပြင် တာချီလိတ် ဗဟိုမဏ္ဍပ်အား ပေ ၁၃၀ ကျော်အထိတိုးချဲ့ပြင်ဆောင်ရွက်ပေးထားပြီး လာရောက်ရေကစားသူများ၏ လုံခြုံရေးအတွက် CCTV လုံခြုံရေးကင်မရာ လုံးကိုတပ်ဆင်ပေးထားကာ Wifi အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ဆောင် ရွက်ပေးထားကြောင်း သိရသည်။
.
.
ထို့အပြင် ပြိုင်ပွဲဝင်ယိမ်း ၁၇ ဖွဲ့တွင် ပါဝင်သော သင်္ကြန်မယ်များအနက်မှ သင်္ကြန်အလှမယ်ဆုကို သင်္ကြန်ဖျော်ဖြေရေးကာအတွင်း ရွေးချယ် သွားမည်ဖြစ်ကြောင်း၊ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ ယှဉ်ပြိုင်မှုအပြင် လားဟူ၊ လီဆူ၊ အာခါ၊ ရှမ်း၊ ပအို့ဝ်၊ ကရင်၊ ရခိုင်စသည့် တိုင်ရင်းသားယိမ်းအဖွဲ့များက ဖျော်ဖြေရေး ယိမ်းများအဖြစ် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြိုင်ပွဲများ၏ ဆုပေးပွဲအား သင်္ကြန်အတက်နေ့တွင် သင်္ကြန်ပိတ်ပွဲနှင့်အတူ ဆုပေးပွဲအား ကျင်းပပြုလုပ်ကာ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
.
#Unicode ဖြင့် ဖတ်ရန်
.
တာချီလိတ်ရှိ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတား၌ မြန်မာရိုးရာသြင်္ကန်ကို ကြိုဆိုသောအားဖြင့် ပိတောက်ပန်း အတုများဖြင့် အလှတပ်ဆင်
.
မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မြန်မာ-ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံတားတွင် မြန်မာရိုးရာ နှစ်သစ်ကူး မဟာသြင်္ကန်ကို ကြိုဆိုသောအားဖြင့် ဧပြီလ ၉ ရက်မှ စတင်၍ ပိတောက်ပန်းအသွင်ရှိ ပလတ်စတစ် ပိတောက်ပန်း အတုများဖြင့် အလှပြင်ဆင်လျက်ရှိကြောင်း သိရသည်။
.

.
ဒီနှစ်သြင်္ကန်တော့ မြန်မာ-ထိုင်းအမှတ် (၁) ချစ်ကြည်ရေးတံတားအပေါ်အထိ ပိတောက်ပန်းအသွင်ရှိတဲ့ ပန်းတွေကို ယခင်နှစ်ထက်ပိုပြီး အလှဆင် ထားပါတယ်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက စီစဉ်ပြီး ကျွန်တော်တို့ စည်ပင်ဌာနက ပြင်ဆင်ပေးရပါတယ်ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက ပြောသည်။
.
အဆိုပါ မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားတွင် ပိတောက်ပန်းတုများဖြင့် ပြင်ဆင် သွယ်တန်းခြင်းအပြင် တာချီလိတ် ဗဟိုမဏ္ဍပ်အား ပေ ၁၃၀ ကျော်အထိတိုးချဲ့ပြင်ဆောင်ရွက်ပေးထားပြီး လာရောက်ရေကစားသူများ၏ လုံခြုံရေးအတွက် CCTV လုံခြုံရေးကင်မရာ ၆ လုံးကိုတပ်ဆင်ပေးထားကာ Wifi အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ဆောင် ရွက်ပေးထားကြောင်း သိရသည်။
.
တာချီလိတ် ဗဟိုမဏ္ဍပ်ကို ရှမ်းရိုးမကွင်းတွင် တည်ဆောက်ထားပြီး ဗမာတိုင်းရင်းယဉ်ကျေးမှုအဖွဲ့ မဏ္ဍပ်၊ ဆန်ဆိုင်း (က/ခ) မဏ္ဍပ်၊ ဝိန်းကျောက်-ပါဆတ်-ဆေးခမ်းမဏ္ဍပ်၊ မယ်ခေါင်-ရန်အောင်မြေမဏ္ဍပ်၊ ပုန်းထွန်-တာလော့-ဝမ်ကောင်း-မကာဟိုခမ်း-ရေပေးဝေရေးမဏ္ဍပ်နှင့် IM-Net ကုမ္ပဏီ မဏ္ဍပ်၊ စုစုပေါင်း ၇ မဏ္ဍပ်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ပြိုင်ပွဲဝင်ယိမ်း ၁၇ ဖွဲ့တွင် ပါဝင်သော သြင်္ကန်မယ်များအနက်မှ သြင်္ကန်အလှမယ်ဆုကို သြင်္ကန်ဖျော်ဖြေရေးကာအတွင်း ရွေးချယ် သွားမည်ဖြစ်ကြောင်း၊ ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ ယှဉ်ပြိုင်မှုအပြင် လားဟူ၊ လီဆူ၊ အာခါ၊ ရှမ်း၊ ပအို့ဝ်၊ ကရင်၊ ရခိုင်စသည့် တိုင်ရင်းသားယိမ်းအဖွဲ့များက ဖျော်ဖြေရေး ယိမ်းများအဖြစ် ကပြဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပြိုင်ပွဲများ၏ ဆုပေးပွဲအား သြင်္ကန်အတက်နေ့တွင် သြင်္ကန်ပိတ်ပွဲနှင့်အတူ ဆုပေးပွဲအား ကျင်းပပြုလုပ်ကာ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats