သီပေါမြို့နယ်တွင် သင်္ကြန်ကာလက ရေကစားသူများမှာ မီးသတ်ပိုက်များဖြင့် ရေပက်ခြင်းကြောင့် လူနာတင်ယာဉ် မတော်တဆမှုများ၊ ဆိုင်ကယ်နှင့် လူထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Thursday, April 18, 2019
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ွင် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားသူများမှ မီးသတ်ပိုက်များဖြင့် ရေပက်ခြင်းများကြောင့် လူနာတင်ယာဉ် မတော်တဆမှုများနှင့် လူထိခိုက်မှုများ ဖြစ်ပွားခဲ့ရကြောင်း ဒေသတွင်းရှိ ပရဟိတလုပ်ကိုင်သည့် အဖွဲ့များထံမှ သိရှိရသည်။  
.
.
သီပေါမြို့ ရှိ နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ လူနာတင်ယာဉ်သည် ယာဉ်မတော်တဆဖြစ်ပွားရာ နေရာမှ လူနာများ တင်ဆောင်ကာ သီပေါဆေုးံသို့ ပို့ဆောင်စဉ် သီပေါမြို့ရှု့ခင်းသာ အရောက်တွင် မီးသတ်ပိုက်ဖြင့် အထိုးခံရခြင်းကြောင့် ယာဉ်ထိခိုက်မှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
.
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် လူနာတင်ယာဉ်၏ ရှေ့ဘန်ဘာ၊ ညာဘက်မီးကြီးကွဲ၊ ရှေ့ လေကာ မှန်ကြီး ကွဲပြီး ဝင်တိုက်ခံရသည့် ဆိုင်ကယ်မှာလည်း ပျက်ီးသွားခဲ့ရကြောင်း သိရသည်။
.
.
အဆိုပါ မီးသတ်ပိုက်ဖြင့် ပက်သောနေရာများတွင် ဆိုင်ကယ်များ ကြောက်လန့်ကာ မကြာခဏ လဲခြင်း၊ မီးသတ်ပိုက်ဖြင့် ထိုးပက်ခြင်းကြောင့် မျက်မှန်များ ရေအရှိန်ကြောင့် ပြုတ်ကျပျက်ီးရခြင်းတို့ ဖြစ်ရပြီး အလှမျက်မှန်များအနေဖြင့် အရေးမကြီးသော်လည်း ပါဝါမျက်မှန်တပ်သော သူများအနေဖြင့် ဒုက္ခရောက်ရကြောင်း ဒေသခံတို့က ဆိုသည်။
.
.
အဆိုပါ မီးသတ်ပိုက်များ၊ ရေဆေးဆီလိုက်၌ အသုံးပြုသော ပိုက်များဖြင့် မပက်ရန် သက်ဆိုင်ရာမှ တရားဝင် ဥပဒေပြဌာန်းပေးစေလိုကြောင်း၊ မြန်မာို့းရာသင်္ကန် ရေကစားခြင်းနှင့် မတူဘဲ လူတစ်က်သားအား နာစေလိုသော စိတ်ဖြင့် ခွက်စောင်းခုတ်နေသည်နှင့်တူနေကြောင်း မီးသတ်ပိုက်ဖြင့် အထိုးခံရသူ ဒေသခံ တစ်ဦးက သုံးသပ်ပြောဆိုသည်။
.
သီပေါမြို့နယ်တွင် သင်္ကြန်ကာလက ရေကစားသူများမှာ မီးသတ်ပိုက်များဖြင့် ရေပက်ခြင်းကြောင့် လူနာတင်ယာဉ် မတော်တဆမှုများ၊ ဆိုင်ကယ်နှင့် လူထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရ
.
နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားသူများမှ မီးသတ်ပိုက်များဖြင့် ရေပက်ခြင်းများကြောင့် လူနာတင်ယာဉ် မတော်တဆမှုများနှင့် လူထိခိုက်မှုများ ဖြစ်ပွားခဲ့ရကြောင်း ဒေသတွင်းရှိ ပရဟိတလုပ်ကိုင်သည့် အဖွဲ့များထံမှ သိရှိရသည်။  
.
သီပေါမြို ့ရှိ နယ်စည်းမခြားပရဟိတအသင်း(သီပေါ)မှ လူနာတင်ယာဉ်သည် ယာဉ်မတော်တဆဖြစ်ပွားရာ နေရာမှ လူနာများ တင်ဆောင်ကာ သီပေါဆေးရုံသို့ ပို့ဆောင်စဉ် သီပေါမြို့၊ ရှု့ခင်းသာ အရောက်တွင် မီးသတ်ပိုက်ဖြင့် အထိုးခံရခြင်းကြောင့် ယာဉ်ထိခိုက်မှု ဖြစ်ပွားခဲ့ရကြောင်း သိရသည်။
.
ကျွန်တော်တို့က အရေးပေါ်လူနာတင်လာတယ်။ ပါးစပ်ကလည်းအော်တယ်။ ဒါကို မရဘူး။ မီးသတ်ပိုက်နဲ့ ထိုးလိုက်တော့ ကားက ဘာမှမမြင်ရတော့ဘဲ ရှေ့က ဆိုင်ကယ်ကို ဝင်တိုက်မိတာပါ။ ဆိုင်ကယ်သမားကလည်း ဘာမှ မမြင်ရတော့လို့ ရပ်လိုက်တဲ့အချိန် တိုက်မိတာပါ’’ဟု နယ်စည်းမခြားပရဟိတ(သီပေါ)အသင်းမှ ကိုမျိုးက ပြောသည်။ 
.
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် လူနာတင်ယာဉ်၏ ရှေ့ဘန်ဘာ၊ ညာဘက်မီးကြီးကွဲ၊ ရှေ ့လေကာ မှန်ကြီး ကဲဲွပြီး ဝင်တိုက်ခံရသည့် ဆိုင်ကယ်မှာလည်း ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
.
သီပေါ ချောင်းသာကနေ ပြန်လာတာပါ။ ဒီကုန်းသာ ရွာရောက်တော့မှ မီးသတ်ပိုက်နဲ့ ပက်တာ ၅ နေရာ လောက်ရှိတယ်။ တစ်နေရာမှ လူငယ်အယောက် ၂၀ လောက်ရှိတယ်။ လမ်းကိုပိတ်ပြီးတော့ မီးသတ်ပိုက်နဲ့ ပက်တယ်။ ကျွန်တော့် ဆိုင်ကယ်ကို မီးသတ်ပိုက်နဲ့ တေ့ပြီးထိုးလို့ ဆိုင်ကယ်က လဲမလိုဖြစ်သွားတယ်။ သူတို့ထဲက လူတစ်ယောက်က ဆိုင်ကယ်ရှေ့မှာ လဲနေတာကို ကျွန်တော်တိုက်ပါတယ်ဆိုပြီး  ပြသာနာရှာတယ်။ အားလုံးမူးနေကြတယ်။ အကြံတစ်ခုခုတော့ရှိမယ်ထင်တယ်။’’ဟု သီပေါမှ လားရှိုးမြို့သို့ ပြန်လာသူ ကိုစိုးက ပြောသည်။
.
အဆိုပါ မီးသတ်ပိုက်ဖြင့် ပက်သောနေရာများတွင် ဆိုင်ကယ်များ ကြောက်လန့်ကာ မကြာခဏ လဲခြင်း၊ မီးသတ်ပိုက်ဖြင့် ထိုးပက်ခြင်းကြောင့် မျက်မှန်များ ရေအရှိန်ကြောင့် ပြုတ်ကျပျက်စီးရခြင်းတို့ ဖြစ်ရပြီး အလှမျက်မှန်များအနေဖြင့် အရေးမကြီးသော်လည်း ပါဝါမျက်မှန်တပ်သော သူများအနေဖြင့် ဒုက္ခရောက်ရကြောင်း ဒေသခံတို့က ဆိုသည်။
.
သူတို့ မီးသတ်ပိုက်နဲ့ ထိုးလိုက်တော့ မှန်က ပြုတ်ကျသွားတယ်။ နောက်ကကားက တက်ကြိတ်သွားတော့ ခက်တာပေါ့။ ကျွန်တော်က ပါဝါမျက်မှန်ဖြစ်နေတော့ ပိုဆိုးတာပေါ့။’’ဟု သင်္ကြန်တွင်း ခရီးသွားသူ ကိုသက်ဆွေက ပြောသည်။
.
အဆိုပါ မီးသတ်ပိုက်များ၊ ရေဆေးဆီလိုက်၌ အသုံးပြုသော ပိုက်များဖြင့် မပက်ရန် သက်ဆိုင်ရာမှ တရားဝင် ဥပဒေပြဌာန်းပေးစေလိုကြောင်း၊ မြန်မာ့ရိုးရာသင်္ကြန် ရေကစားခြင်းနှင့် မတူဘဲ လူတစ်ဖက်သားအား နာစေလိုသော စိတ်ဖြင့် ခွက်စောင်းခုတ်နေသည်နှင့်တူနေကြောင်း မီးသတ်ပိုက်ဖြင့် အထိုးခံရသူ ဒေသခံ တစ်ဦးက သုံးသပ်ပြောဆိုသည်။
.
No comments:
Post a Comment