႐ွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္ ဖယ္ခံုၿမိဳ႕မရဲစခန္းအား စစ္ေဆး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, April 11, 2019

႐ွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္ ဖယ္ခံုၿမိဳ႕မရဲစခန္းအား စစ္ေဆး


ကေမၻာဇတိုင္း
.
ရွမ္းျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးၾကြယ္ၾကြယ္သည္ ဖယ္ခံုၿမိဳ႕နယ္ တရားသူႀကီး ေဒၚမိုးသင္းေအာင္ႏွင့္အတူ ဧၿပီလ ၉ ရက္က ဖယ္ခံုၿမိဳ႕မရဲစခန္း အခ်ဳပ္သို႔ သြားေရာက္ၾကည့္႐ႈ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
.
.
ထိုသို႔ စစ္ေဆးရာတြင္ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္က ျပစ္ဒဏ္က်ခံေနရသည့္ အခ်ဳပ္သား ဦးေရႏွင့္ အခ်ဳပ္ခံမွ လက္ခံႏုိင္သည့္ဦးေရ ေက်ာ္လြန္မႈရွိ/မရွိ၊ အခ်ဳပ္သားမ်ား၏ စားေသာက္ေရး အဆင္ေျပ ေခ်ာေမြ႕မႈ ရွိ/မရွိ၊ က်န္းမာေရးေစာင့္ေရွာက္မႈအေျခအေန၊ မိလႅာစနစ္၊ ေသာက္သံုးေရစနစ္၊ ဥပေဒပါ အခ်ဳပ္သား အခြင့္အေရးမ်ား ခ်ိဳးေဖာက္ခံရမႈရွိ/မရွိ၊ အယူခံျပင္ဆင္တက္ေရာက္ရန္ အခြင့္အေရးရွိ/မရွိ၊ ေရွ႕ေနေရွ႕ရပ္ ငွားရမ္းခြင့္ ရ/မရ၊ တရား႐ံုးမ်ားႏွင့္ စပ္လ်ဥ္း၍ အခက္အခဲေတြ႕ႀကံဳရမႈ စစ္သည္တို႔ကို ၾကည့္႐ႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
.
ထို႔ေနာက္ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားသည္ အခ်ဳပ္တာဝန္ရွိသူမ်ားကို လိုအပ္သည္မ်ား ညႊန္ၾကားခဲ့ေၾကာင္း သိရသည္။
.
#Unicode ဖြင့်ဖတ်ရန်
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် ဖယ်ခုံမြို့မရဲစခန်းအား စစ်ဆေး
ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် ဖယ်ခုံမြို့နယ် တရားသူကြီး ဒေါ်မိုးသင်းအောင်နှင့်အတူ ဧပြီလ ၉ ရက်က ဖယ်ခုံမြို့မရဲစခန်း အချုပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထိုသို့ စစ်ဆေးရာတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ပြစ်ဒဏ်ကျခံနေရသည့် အချုပ်သား ဦးရေနှင့် အချုပ်ခံမှ လက်ခံနိုင်သည့်ဦးရေ ကျော်လွန်မှုရှိ/မရှိ၊ အချုပ်သားများ၏ စားသောက်ရေး အဆင်ပြေ ချောမွေ့မှု ရှိ/မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ မိလ္လာစနစ်၊ သောက်သုံးရေစနစ်၊ ဥပဒေပါ အချုပ်သား အခွင့်အရေးများ ချိုးဖောက်ခံရမှုရှိ/မရှိ၊ အယူခံပြင်ဆင်တက်ရောက်ရန် အခွင့်အရေးရှိ/မရှိ၊ ရှေ့နေရှေ့ရပ် ငှားရမ်းခွင့် ရ/မရ၊ တရားရုံးများနှင့် စပ်လျဉ်း၍ အခက်အခဲတွေ့ကြုံရမှု စစ်သည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
.
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အချုပ်တာဝန်ရှိသူများကို လိုအပ်သည်များ ညွှန်ကြားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube