လားရှိုးမြို့တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာများ စုပေါင်းကာ တတိယအကြိမ်မြောက် မကျွတ်လွတ်သေး သူများကို အမျှအတန်းပေးဝေမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, April 9, 2019

လားရှိုးမြို့တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာများ စုပေါင်းကာ တတိယအကြိမ်မြောက် မကျွတ်လွတ်သေး သူများကို အမျှအတန်းပေးဝေမည်


နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာများစုပေါင်းကာ တတိယအကြိမ် မြောက်အဖြစ် မကျွတ်လွတ်သေးသူများကို အမျှတန်းပေးရေစက်ချအမျှဝေ၍ ကျေးဇူးဆပ်ခြင်းကို ပြုလုပ်ရန် အတွက် သန့်ရှင်းရေးကို ဧပြီ ၁၂ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
.

.
ပထမ၊ ဒုတိယလုပ်ပေးခဲ့တယ်။ လားရှိုးမြို့ထဲမှာရှိတဲ့ သုသာန်တွေကနေ ဖိတ်ပြီးတော့ လုပ်ပေးတယ်။ ပြန်ပို့ ပေးတယ်။ အခုကတော့ ဌာနတွေ၊ တပ်မတော်နဲ့ စုပေါင်းပြီး ကျင်းပသွားမှာဖြစ်ပါတယ်။’’ဟု အဆိုပါ အကျွတ်လွတ်ပွဲအား ဦးဆောင်လုပ်ဆောင်သူ ကမ္ဘောဇနာရေးနှင့် လူမှုကူညီရေးအသင်း ဦးဆောင်သူ ဦးဆန်းဦးက ပြောသည်။
.
လားရှိုးမြို့တွင် ပထမအကြိမ်အဖြစ် ၂၀၁၇ ခုနှစ်၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် လားရှိုးမြို့ရှိ သုသာန် များတွင် မကျွတ်လွတ်သေးသူများအား သွားရောက်ခေါ်ဆောင်ကာ အကျွတ်လွတ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
.
အရင်နှစ်က ကျွန်တော်တို့က သုသာန်တွေကိုသွားပြီ။ မကျွတ်လွတ်သေးတဲ့သူတွေကို ကားတွေနဲ့သွားခေါ် တယ်။ ကြာကန်သုသာန်မှာ သူတို့ကိုကျွေးမွေးတယ်။ ပြီးတော့ ဆရာတော်ကြီးတွေက ပြန်ပို့တယ်။ ဒီနှစ်တော့ အားလုံးပါဝင်မယ်ဆိုတော့ အင်အားကောင်းတာပေါ့။’’ဟု အဆိုပါပွဲတွင် ပါဝင်ကူညီပေးခဲ့သူ ယာဉ်မောင်း ဦးစန်းနောင်က ပြောသည်။
.
မကျွတ်လွတ်သေး သူများကို တတိယအကြိမ်မြောက် အမျှအတန်းပေးဝေခြင်းကို မေ ၂၅ ရင်နှင့် ၂၆ ရက်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 
.

No comments:

Post a Comment