ကေမာၻဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းႏွင့္ အထက(၂)ေက်ာင္းအတြင္း ကတၱရာလမ္း ခင္းေနမႈတို႔အား ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္ရႈ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, April 11, 2019

ကေမာၻဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းႏွင့္ အထက(၂)ေက်ာင္းအတြင္း ကတၱရာလမ္း ခင္းေနမႈတို႔အား ရွမ္းျပည္နယ္၀န္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္ရႈ


မာင္ေမာင္သန္း(ေတာင္ႀကီး)
.
ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ဧၿပီ ၁၁ ရက္ ညေနပိုင္းက ေတာင္ႀကီးၿမိဳ႕၊ ေက်ာင္းႀကီးစုရပ္ကြက္ရွိ အထက(၂)ေက်ာင္းဝင္း၌ ေတာင္ႀကီး ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ေဆာင္ရြက္လ်က္ရွိသည့္ အရွည္ ၈၅၀ ေပ၊ အက်ယ္ ၁၂ ေပ၊ ကတၱရာ လမ္းခင္းျခင္း ေဆာင္႐ြက္ေနမႈႏွင့္ ကေမာၻဇလမ္းအဆင့္ျမႇင့္တင္ျခင္းလုပ္ငန္း ၆၀ ရာခိုင္ႏႈန္း ၿပီးစီးေနမႈတို႔ကို ကြင္းဆင္း ၾကည့္ရႈစစ္ေဆးၾကေၾကာင္း သိရသည္။



ရွမ္းျပည္နယ္ စည္ပင္သာယာေရးဌာန အင္ဂ်င္နီယာမွဴးႀကီး ဦးထြန္းထြန္းေဇာ္မွ ကေမာၻဇလမ္း အဆင့္ ျမႇင့္တင္ျခင္း လုပ္ငန္း အေျခအေနမ်ားအား ရွင္းလင္းတင္ျပခဲ့ၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔မွ လမ္းႏွင့္ လမ္းလယ္ ကြၽန္းေမ်ာ၊ ဓာတ္မီးတိုင္ လုပ္ငန္းမ်ား၊ လမ္းလယ္စည္းျခား သံျပားမ်ား တပ္ဆင္ထားမႈ တို႔ကို လွည့္လည္ ၾကည့္ရႈစစ္ေဆးၾကေၾကာင္း သိရသည္။
.
အဆိုပါ ကေမာၻဇလမ္း(PHASE-1) အဆင့္ျမႇင့္တင္ျခင္း လုပ္ငန္း ကေမာၻဇလမ္း(PHASE-2) ေရထြက္ဦးလမ္းမွ မဟာဗႏၶဳလလမ္းအထိ လမ္းအဆင့္ျမႇင့္တင္ျခင္းမွာ ၆၀ ရာခိုင္ႏႈန္းထိ လုပ္ငန္း ေဆာင္႐ြက္ၿပီးစီးေနၿပီျဖစ္ကာ ကေမာၻဇလမ္း (PHASE-3) မဟာဗႏၶဳလလမ္းမွ ျပည္နယ္ပညာေရးမႉး႐ုံး လမ္းဆုံအထိ လမ္းအဆင့္ျမႇင့္တင္ျခင္းအား ဆက္လက္ ေဆာင္႐ြက္မည္ ျဖစ္ကာ ၎လမ္းပိုင္းအတြက္ လိုအပ္မည့္ ဘိလပ္ေျမအိတ္ ၁၀၀၀ ကို ကေမာၻဇဘဏ္လီမိတက္မွ လႉဒါန္းေပးခဲ့ေၾကာင္းလည္း သိရသည္။
.

ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် အထက(၂)ကျောင်းအတွင်း ကတ္တရာလမ်း ခင်းနေမှုတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု
.
မောင်မောင်သန်း(တောင်ကြီး)
.
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဧပြီလ ၁၁ ရက် ညနေပိုင်းက တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အထက(၂)ကျောင်းဝင်း၌ တောင်ကြီး မြို့နယ်စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အရှည် ၈၅၀ ပေ၊ အကျယ် ၁၂ ပေ၊ ကတ္တရာ လမ်းခင်းခြင်း ဆောင်ရွက်နေမှုနှင့် ကမ္ဘောဇလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီးနေမှုတို့ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
.

ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူးကြီး ဦးထွန်းထွန်းဇော်မှ ကမ္ဘောဇလမ်း အဆင့် မြှင့်တင်ခြင်း လုပ်ငန်း အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့မှ လမ်းနှင့် လမ်းလယ် ကျွန်းမျော၊ ဓာတ်မီးတိုင် လုပ်ငန်းများ၊ လမ်းလယ်စည်းခြား သံပြားများ တပ်ဆင်ထားမှု တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။
.
အဆိုပါ ကမ္ဘောဇလမ်း(PHASE-1) အဆင့်မြှင့်တင်ခြင်း လုပ်ငန်း၊ ကမ္ဘောဇလမ်း(PHASE-2) ရေထွက်ဦးလမ်းမှ မဟာဗန္ဓုလလမ်းအထိ လမ်းအဆင့်မြှင့်တင်ခြင်းမှာ ၆၀ ရာခိုင်နှုန်းထိ လုပ်ငန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ကမ္ဘောဇလမ်း (PHASE-3) မဟာဗန္ဓုလလမ်းမှ ပြည်နယ်ပညာရေးမှူးရုံး လမ်းဆုံအထိ လမ်းအဆင့်မြှင့်တင်ခြင်းအား ဆက်လက် ဆောင်ရွက်မည် ဖြစ်ကာ ၎င်းလမ်းပိုင်းအတွက် လိုအပ်မည့် ဘိလပ်မြေအိတ် ၁၀၀၀ ကို ကမ္ဘောဇဘဏ်လီမိတက်မှ လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment