ကျိုင်းတုံတွင် ဝက်သားဈေး မြင့်တက်နေ၍ စားသုံးသူများအတွက် ဖြေရှင်း ဆောင်ရွက်ပေးရန် လိုလားနေ - Kanbawza Tai News
Kanbawza Tai News
Represent For Shan State, Myanmar
Breaking
Friday, April 26, 2019
ကျိုင်းတုံတွင် ဝက်သားဈေး မြင့်တက်နေ၍ စားသုံးသူများအတွက် ဖြေရှင်း ဆောင်ရွက်ပေးရန် လိုလားနေ
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့တွင် လက်လီရောင်းချနေသည့် ဝက်သားဈေးနှုန်း မြင့်တက်နေသဖြင့် ဈေးနှုန်းကျဆင်းစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖြေ ရှင်းဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများက ပြောဆိုလျက်ရှိ သည်။
.
.
.
.
.
ကျိုင်းတုံမြို့တွင် မွေးမြူသော ဝက်များကို ပြင်ပဒေသများဖြစ်သည့် မိုင်းလား၊ မိုင်းပျဉ်း၊ မိုင်းဖြတ် စသည့်မြို့ နယ်များသို့ အကောင်လိုက် အရှင်တင်ပို့ရောင်းချမှုများ ရှိနေပြီး အသားထုတ်လုပ်ကုန်ကျစရိတ် ကြီး မြင့်နေသဖြင့် ဝက်သားဈေးနှုန်း ထိန်း ချုပ်ရေးအတွက် တာဝန်ရှိသူဌာန ဆိုင်ရာအဖွဲ့အစည်းများမှ ညှိနှိုင်းကြီး ကြပ်ပေးရန် လိုအပ်နေသည်ဟု ဝက် သားထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
.
ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် တစ်ဦးချင်း အသား ထုတ်လုပ်ရောင်းချခွင့် ခေါင်း ခွန်လိုင်စင်စနစ်ဖြင့် ခွင့်ပြုချက်ချပေး ခဲ့ရာ၌ အသား တစ်ပိဿာလျှင် တန် ဖိုးငွေကျပ် ၁ဝဝဝဝ သတ်မှတ်ပေး ခဲ့ခြင်းဖြစ်သော်လည်း အသားရောင်း သူများက ¤င်းတို့၏ ဆန္ဒအလျောက် ၂ဝ၁၉ ခုနှစ်၊ ဧပြီလမှ စတင်၍ အသားဈေး ၁၂ဝဝဝ ကျပ်နှုန်းသို့ တိုးမြှင့်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ကျိုင်းတုံတွင် ဝက်သားစျေး မြင့်တက်နေ၍ စားသုံးသူများအတွက် ဖြေရှင်း ဆောင်ရွက်ပေးရန် လိုလားနေ
.
ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့တွင် လက်လီရောင်းချနေသည့် ဝက်သားစျေးနှုန်း မြင့်တက်နေသဖြင့် စျေးနှုန်းကျဆင်းစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖြေ ရှင်းဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများက ပြောဆိုလျက်ရှိ သည်။
.
ဝက်သားစျေးနှုန်း မြင့်တက်ရ ခြင်းနှင့် ပတ်သက်၍ အသားထုတ် လုပ်ရောင်းချနေသည့် လုပ်ငန်းရှင် တစ်ဦးက ''ဝက်သားစျေးတက်ရတဲ့ အကြောင်းတွေထဲမှာ ဒေသပြင်ပကို ဝက်အရှင် အကောင်လိုက် ၁၂ ဘီး ကားတွေနဲ့ ထွက်နေပြီး ဝက်စျေး တွေက မြင့်တက်နေပါတယ်။ ဒါ့အ ပြင် စည်ပင်ကနေ ခေါင်းခွန်စနစ်နဲ့ အသားစစ်ဆေးခအဖြစ် ပေးနေရ တာက ပုံမှန်မဟုတ်ပါဘူး။ နေ့စဉ် အသားမထုတ်တဲ့ရက်တွေအတွက် သတ်မှတ်ထားတဲ့ အကောင်အရေ အတွက်နှုန်းနဲ့ ငွေသွင်းနေရပြီး လုပ် ငန်းရှင်ရဲ့ လူမှုရေး၊ ကျန်းမာရေး ကိစ္စ တွေကြောင့် စျေးမထွက်ရတဲ့ရက် ကိုပါ ငွေပေးနေရပါတယ်။ စာချုပ်မှာ ပါတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စျေးရောင်းကောင်းလို့ သတ်မှတ် အကောင်ရေကို ကျော်လွန်ခဲ့ရင် လည်း ကျော်သွားတဲ့အတိုင်း ငွေပေး သွင်းနေရပါတယ်။ ဝက်တစ်ကောင် ကို အသားထုတ်ရောင်းချတိုင်း ကုန် ကျစရိတ်က ၂၆ဝဝဝ ကျပ်လောက် ဖြစ်နေပါတယ်။ ဝယ်ယူစရိတ်ကပါ မြင့်နေတော့ အသားစျေးကို ၁၂ဝဝဝ ကျပ်နဲ့ရောင်းမှ အသားထုတ်လုပ် ငန်းရှင်တွေ ရပ်တည်နိုင်မယ့် အခြေ အနေဖြစ်ပါတယ်''ဟု ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေး ကော်မတီအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် ကော်မ တီဝင်တစ်ဦးက ''သင်္ကြန်ရက်တွေ နဲ့ဆက်ပြီး ရုံးပိတ်ထားလို့ အခြေအ နေမှန်ကို မသိရသေးပါဘူး။ ရုံးဖွင့် ရက်မှပဲ သိနိုင်မှာဖြစ်ပါတယ်''ဟု ပြန်လည်ဖြေကြားခဲ့သည်။
.
''အသားထုတ် လုပ်ငန်းရှင်တွေ ဘက်ကနေ ကြည့်ရင်လည်း ဟုတ် နေတာပဲ။ ဝက်မွေးမြူထားသူတွေ လည်း စျေးပိုရတယ်ဆိုတာ မရှိ ပါဘူး။ ဒီနေရာမှာ ဒေသရဲ့ပြင်ပ ကို ဝက်တင်ပို့ရောင်း ချနေတဲ့သူနဲ့ စည်ပင်သာယာရဲ့ အားနည်းချက် တွေကို အဖြေရှာပြီး စားသုံးသူတွေ ရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ လို အပ်မယ်လို့ ထင်ပါတယ်''ဟု ကျိုင်း တုံမြို့ရှိ ဝက်မွေးမြူသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့တွင် မွေးမြူသော ဝက်များကို ပြင်ပဒေသများဖြစ်သည့် မိုင်းလား၊ မိုင်းပျဉ်း၊ မိုင်းဖြတ် စသည့်မြို့ နယ်များသို့ အကောင်လိုက် အရှင်တင်ပို့ရောင်းချမှုများ ရှိနေပြီး အသားထုတ်လုပ်ကုန်ကျစရိတ် ကြီး မြင့်နေသဖြင့် ဝက်သားစျေးနှုန်း ထိန်း ချုပ်ရေးအတွက် တာဝန်ရှိသူဌာန ဆိုင်ရာအဖွဲ့အစည်းများမှ ညှိနှိုင်းကြီး ကြပ်ပေးရန် လိုအပ်နေသည်ဟု ဝက် သားထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
.
ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွက် တစ်ဦးချင်း အသား ထုတ်လုပ်ရောင်းချခွင့် ခေါင်း ခွန်လိုင်စင်စနစ်ဖြင့် ခွင့်ပြုချက်ချပေး ခဲ့ရာ၌ အသား တစ်ပိဿာလျှင် တန် ဖိုးငွေကျပ် ၁ဝဝဝဝ သတ်မှတ်ပေး ခဲ့ခြင်းဖြစ်သော်လည်း အသားရောင်း သူများက ¤င်းတို့၏ ဆန္ဒအလျောက် ၂ဝ၁၉ ခုနှစ်၊ ဧပြီလမှ စတင်၍ အသားစျေး ၁၂ဝဝဝ ကျပ်နှုန်းသို့ တိုးမြှင့်ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment