လားရှိုးမြို့တွင် မိုင်းအန္တရာယ်ရှင်းလင်းရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာသော မိုင်းလှုပ်ရှားမှုနေ့ အခမ်းအနား ကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, April 5, 2019

လားရှိုးမြို့တွင် မိုင်းအန္တရာယ်ရှင်းလင်းရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာသော မိုင်းလှုပ်ရှားမှုနေ့ အခမ်းအနား ကျင်းပ

နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မိုင်းအန္တရာယ်ရှင်းလင်းရေးအဖွဲ့၏ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာသော မိုင်းလှုပ်ရှားမှုနေ့ အခမ်းအနားကို လားရှိုးခရိုင်လူမှုဝန်ထမ်းရုံး၊ မူလတန်းကြိုကျောင်းအမှတ် ၁ ခန်းမ၌ ဧပြီ ၄ ရက်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို မိုင်းအန္တရာယ်ရှင်းလင်းရေးအဖွဲ့မှငြိမ်းချမ်းသောနယ်မြေမှ ဘေးကင်းလုံခြုံသော မိသားစုဘဝဆီသို့’’ Safe Ground-Safe Home’’ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းကြောင့်ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် ထိခိုက်ဒဏ်ရာရရှိမယ်ဆိုရင် ထိခိုက်သူတစ်ဦးဘဲ ထိခိုက်တာမဟုတ်ပဲ သူတို့ရဲ့မိသားစုတွေ၊ ဒေသမှာရှိနေတဲ့ ကျေးရွာပြည်သူလူထုတွေ၊ နိုင်ငံတော်အတွက်ပါ နစ်နာရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မိသားစုရပ်ရွာအတွက် ကုန်ထုတ်စွမ်းအားပါ ကျဆင်းစေတဲ့အပြင် နိုင်ငံ တော်ရဲ့ ရည်မှန်းချက်တွေကိုလည်း ပျက်ပြားလာနိုင်မှာဖြစ်တဲ့အတွက် လူသားတစ်ဦးချင်းစီရဲ့တန်းဖိုးကို နား လည်း ဂရုစိုက်တဲ့အနေနဲ့ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေကို ကျယ်ကျယ်ပျံ့ပျံ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ဟု ပြည်နယ်ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောသည်။
အဆိုပါ အဖွဲ့များသည် ယခင်အချိန်များတွင် မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ မိုင်းများ၏ ပေါက်ကွဲနိုင်သော စစ်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့ချနိုင်ရေး၊ အများပြည်သူအား သတင်းအချက် လက်ဖြန့်ဝေခြင်းနှင့်ပညာပေးလုပ်ငန်းများအား ပို့ချခြင်း၊ မိုင်းလုပ်ငန်းများအား ချိတ်ဆက်ဆောင်ရွက်ခြင်း၊ အပြု အမူကောင်းများဖြစ်လာစေရန် ဆောင်ရွက်နေခဲ့ရာမှ ယခုတွင် မိုင်းကြောင့် ထိခိုက်သူများအား ကူညီထောက်ပံ့ ပေးသောအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုပါ ထပ်ဆင့်တိုးချဲ့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
 “တကယ်ကတော့ ဒီလိုမိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေ ရွာတွေကို သွားပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်ပေးစေချင်ပါတယ်။ မိုင်းပေါက်ကွဲတာတွေက ရွာသားတွေတာင်ယာသွားရင်း ဖြစ်တာတွေ၊ တိုက်ပွဲဖြစ်ပြီးလို့ ရွာသားတွေ ရွာပြန်တဲ့အချိန်မှာ ရွာထိပ်မှာ ပေါက်ကွဲတာတွေက အဖြစ်များပါတယ်။ မြို့ပေါ်မှာ လည်း ပေါက်ကွဲတာတွေရှိပါတယ်။ အဓိက ရွာတွေကလူတွေသိဖို့ လိုအပ်မယ်လို့ထင်ပါတယ်။’’ဟု အခမ်းနားသို့ တက်ရောက်လာသည့် ဒေါ်ဂျာဆိုင်းမိုင်က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း အပါဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်တို့တွင်လည်း မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန်အတွက် ပြည်နယ်အဆင့် မိုင်း အန္တရာယ်အသိပညာပေးအဖွဲ့များကို ဖွဲ့စည်းထားပြီး ပုံမှန်ညှိနှိုင်းစည်းဝေးများ ကျင်းပပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube