တာချီလိတ်ရှိ ရွှေဆိုင်ဓါးပြတိုက်မှုမှ ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် တရားခံများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Thursday, April 4, 2019

တာချီလိတ်ရှိ ရွှေဆိုင်ဓါးပြတိုက်မှုမှ ထိုင်းနိုင်ငံသားတစ်ဦး အပါအဝင် တရားခံများ ဖမ်းဆီးရမိ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် ရွှေဆိုင်ဓါးပြတိုက်မှုမှ ကျူးလွန်သူ ထိုင်းနိုင်ငံသား တရားခံတစ်ဦးနှင့် အားပေးကူညီသူတို့အား သက်သေခံ ရွှေထည်ပစ္စည်းနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
.
 
.
တာချီလိတ်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်တွင် မတ်လ ၂၉ ရက်၊ နံနက်ပိုင်းက ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး နှင့်တပ်ဖွဲ့ဝင် များမှ စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကဲကျေးရွာတွင် တရားခံများ ရှိနေကြောင်း သတင်းအရ ထိုင်းနိုင်ငံသား အိုက်ဆက် ဆိုသူအား ဧပြီလ ၃ ရက်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်၍ တာချီလိတ်မြို့၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဝမ်ကဲကျေးရွာနေ ဖိုးမာ ဆိုသူ၏ နေအိမ်အား ဝင်ရောက်စီးနင်း ရှာဖွေရာ ပြစ်မှုကျူးလွန်ရာတွင် လုယက်ယူဆောင်သွားသည့် ရွှေလက်ကောက်နှင့် ရွှေထည်မျိုးစုံတို့နှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ ပြစ်မှုကျူးလွန်သူများအား အမှုဖွင့်တရားစွဲဆိုနိုင်ရေးနှင့် ကျန်ရှိတရားခံများ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats