နောင်တရား၌ ယာဉ်တိုက်မှု ဖြစ်ပွားခြင်းကြောင့် ၂ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, April 13, 2019



ခွန်အောင်(နောင်တရား)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ပင်လောင်း-အောင်ပန်းကားလမ်း မိုင်တိုင်အမှတ်(၂၉/)အနီး၌ ပီလ ၁၂ ရက်နေ့လယ်ပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါသူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
ပင်လောင်းမြို့မှ အောင်ပန်းမြို့ဘက်သို့ မောင်းနှင်လာသည့် ပေါ့အင်ကျေးရွာအုပ်စု မြင်းသောင်းရွာနေ ယာဉ်မောင်း ကျော်ဦး၊ ၃၅နှစ် ()ဦးဆောင်၊ မောင်းနှင်လာသည့် ယာဉ်အမှတ် 3H----CANTER ယာဉ်သည်  တစ်ဘက်ယာဉ်ကြောရှိ လမ်းကြောင်းမှန်အတိုင်း မောင်နှင်လာသည့် ယာဉ်မောင်း ခွန်စံထွန်း၊ ၄၀နှစ် ()ဦးထွက်ထွန်း ပေါ့အင်အုပ်စု၊ ဆောင်းနိုင်ရွာ နေသူ မောင်နှင်လာသော ယာဉ်အမှတ် 9E--- Light Truck အဖြူရောင် မောင်တော်ယာဉ်အား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ခွန်စံထွန်း အပါအ၀င် အခြားသူ ၄ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိ၍ နောင်တရား တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး  ခွန်စံထွန်းနှင့် ဦးခွန်ညွှန်းမောင်တို့မှာ ဒဏ်ရာ မသက်သာသည့်အတွက် ကလောမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှု ခံယူနေကြောင်းနှင့် ဦးလှဆောင်နှင့် ခွန်လေခမ်းတိုမှာ ဒဏ်ရာ ပြင်းထန်မှုကြောင့် နောင်တရားတိုက်နယ်ဆေးရုံ၌ သေဆုံးခဲ့ရကြောင်း သိရသည်။
.

.

နောင်တရား၌ ယာဉ်တိုက်မှု ဖြစ်ပွားခြင်းကြောင့်  ၂ ဦး သေဆုံး
.
ခွန်အောင်(နောင်တရား)
.
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ပင်လောင်း-အောင်ပန်းကားလမ်း မိုင်တိုင်အမှတ်(၂၉/၂)အနီး၌ ဧပြီလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်ပေါ်ပါသူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။
.
ပင်လောင်းမြို့မှ အောင်ပန်းမြို့ဘက်သို့ မောင်းနှင်လာသည့် ပေါ့အင်ကျေးရွာအုပ်စု မြင်းသောင်းရွာနေ ယာဉ်မောင်း ကျော်ဦး၊ ၃၅နှစ် (ဘ)ဦးဆောင်၊ မောင်းနှင်လာသည့် ယာဉ်အမှတ် 3H----CANTER ယာဉ်သည်  တစ်ဘက်ယာဉ်ကြောရှိ လမ်းကြောင်းမှန်အတိုင်း မောင်နှင်လာသည့် ယာဉ်မောင်း ခွန်စံထွန်း၊ ၄၀နှစ် (ဘ)ဦးထွက်ထွန်း ပေါ့အင်အုပ်စု၊ ဆောင်းနိုင်ရွာ နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 9E--- Light Truck အဖြူရောင် မောင်တော်ယာဉ်အား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ခွန်စံထွန်း အပါအဝင် အခြားသူ ၄ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိ၍ နောင်တရား တိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး  ခွန်စံထွန်းနှင့် ဦးခွန်ညွှန်းမောင်တို့မှာ ဒဏ်ရာ မသက်သာသည့်အတွက် ကလောမြို့ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှု ခံယူနေကြောင်းနှင့် ဦးလှဆောင်နှင့် ခွန်လေခမ်းတို့မှာ ဒဏ်ရာ ပြင်းထန်မှုကြောင့် နောင်တရားတိုက်နယ်ဆေးရုံ၌ သေဆုံးခဲ့ရကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်ပြီး တစ်ဘက်ယာဉ်ကြောမှ လမ်းကြောင်း မှန်အတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိပြီး သူတစ်ပါးအား ထိခိုက်ဒဏ်ရာ ရရှိ သေဆုံးအောင် မောင်းနှင်သည့် ယာဉ်မောင်း ကျော်ဦးအား နောင်တရားနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment