လားရှိုးတွင် ခရီးသွားများအတွက် အဝေးပြေးကားကွင်းမှ လက်မှတ်များကို ဧပြီ ၁၂ ရက်အထိ ရောင်းချပေးမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, April 8, 2019

လားရှိုးတွင် ခရီးသွားများအတွက် အဝေးပြေးကားကွင်းမှ လက်မှတ်များကို ဧပြီ ၁၂ ရက်အထိ ရောင်းချပေးမည်


နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ အနယ်နယ်အရပ်ရပ်သို့ ခရီးထွက်ကြမည့် ခရီးသွားများ အဆင်ပြေ ချောမွေ့စေရန်အတွက် လားရှိုးမြို့ အဝေးပြေးကားကွင်းမှ လက်မှတ်များကို ဧပြီ ၁၂ ရက်အထိ နောက်ဆုံးထား ရောင်းချပေးသွားမည် ဖြစ်ကြောင်း လားရှိုးမြို့၊ နားမခေါ်ကားကွင်းမှ သိရှိရသည်။
.
ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် သင်္ကြန်ကာလ ခရီးသွားယာဉ်လက်မှတ်များကို နားမခေါ် အဝေးပြေး ကားကွင်းမှ ယာဉ်လိုင်းများက ဧပြီ ၁၂ ရက်အထိ လက်မှတ်များကို ပုံမှန်ဈေးနှုန်းများဖြင့်သာ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
''ကျွန်တော်တို့ ဂိတ်ကတော့ ၁၂ ရက်အထိ ကားထွက်တယ်။ ၁၉ ရက်နေပြန်ပြီးတော့ ကားပြန်ထွက် မှာပါ။ ကား လက်မှတ်ခကတော့ ပုံမှန်ပဲ ရောင်းချပေးနေတာပါ။''ဟု နားမခေါ်ကားကွင်းရှိ ကားဂိတ် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
.

အဆိုပါ ယာဉ်စီးခလက်မှတ်များအား လားရှိုး-ရန်ကုန် ရိုးရိုး ကားလက်မှတ်တစ်စောင်လျှင် ၁၄၈ဝဝ ကျပ်မှ ၁၆၅ဝဝ ကျပ်အထိ၊ အထူးကား လားရှိုး-ရန်ကုန်တစ်ဦး လျှင် ၁၈ဝဝဝ ကျပ်မှ ၂၄၃ဝဝ ကျပ် ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
.
''ရန်ကုန် ခရီးစဉ်တော့ မသိဘူး။ တောင်ကြီးခရီးစဉ်မှာတော့ လိုရာခရီးအထိ အရောက်ပို့မယ် ဆိုပြီးတော့ လားရှိုးမှာ ပြောတယ်။ တောင်ကြီး အေးသာယာကွင်း ရောက်တော့ ကားပြောင်း စီးရတယ်။ ပိုက်ဆံ ထပ်ပေးရတာတော့ ကြုံဖူး ပါတယ်။ ဘယ်တိုင်လို့ တိုင်ရမလဲ မသိတော့ ခက်တယ်''ဟု ခရီးသွား  ကိုကျော်စွာမြင့်က ပြောသည်။
.
အဆိုပါ နားမခေါ်ကားကွင်းတွင် ဂိတ်ပေါင်း ၂၇ ဂိတ်မှ အနယ်နယ်အရပ်ရပ်သို့ ခရီးစဉ်များအား ပြေးဆွဲနေပြီး ဧပြီ ၁ဝ ရက်မှ စတင်ပိတ်သိမ်းသော ယာဉ်လိုင်းများလည်း ရှိသည့်အပြင် ၁၂ ရက်အထိ ပြေးဆွဲသော ယာဉ်လိုင်းများလည်း ရှိကြောင်း သိရ သည်။
.
၂ဝ၁၈ ခုနှစ်သင်္ကြန်ကာလအတွင်းက ကားလက်မှတ်ဈေးနှုန်းပိုမို ရောင်းချခဲ့သည့် လားရှိုးမြို့မှ ယာဉ် လိုင်း တစ်လိုင်းကို သက်ဆိုင်ရာက အရေးယူခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube