လားရှိုးမြို့နယ်အတွင်း ပွဲလမ်းသဘင်များ၌ လောင်းကစားဝိုင်းများ ထည့်သွင်း ကျင်းပနေမှုသည် ရှမ်းပြည်နယ် လွှတ်တော်အား မထီမဲ့မြင် ပြုရာ ရောက်နေဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Wednesday, April 3, 2019

လားရှိုးမြို့နယ်အတွင်း ပွဲလမ်းသဘင်များ၌ လောင်းကစားဝိုင်းများ ထည့်သွင်း ကျင်းပနေမှုသည် ရှမ်းပြည်နယ် လွှတ်တော်အား မထီမဲ့မြင် ပြုရာ ရောက်နေဟု ဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက် တာလင်းထွဋ်၏ မဲဆန်္ဒနယ်ဖြစ်သော ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး မြို့နယ်အတွင်း ကျင်းပပြုလုပ်သည့် ပွဲလမ်းသဘင်များ၌ လောင်းကစား ၀ိုင်းများ ထည့်သွင်းကျင်းပနေမှုသည် ရှမ်းပြည်နယ် လွှတ်တော်အား မထီ မဲ့မြင်ပြုရာ ရောက်နေသည်ဟု သိန်္နီ မြို့နယ်မဲဆန်္ဒနယ် အမှတ် (၂) မှ ရှမ်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ဝေဖန် ပြော ဆိုခဲ့သည်။

.
““ပြီးခဲ့တဲ့ ရှမ်းပြည်နယ် လွှတ် တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်း အဝေးကတည်းက လောင်းကစား တွေနဲ့ ပတ်သက်လို့ အဆိုတင် ထားတာ ရှိပါတယ်။ ရှမ်းမြောက်မှာ ဆိုရင် လောင်းကစားဝိုင်းတွေက ပေါ်ပေါ်ထင်ထင် ပိုပြီး လုပ်လာကြ တာတွေ့ရတယ်။ အဲဒါကြောင့် ရှမ်း ပြည်နယ်လွှတ်တော် အစည်းအ ဝေးမှာ အဆိုအောင်ထားတာကို ညွှန်ကြားတဲ့သူကပဲ အားနည်း နေတာလား၊ ဒါမဟုတ် လိုက်နာရမယ့် သူတွေကပဲ မလိုက်နာတာလား ဒါ မှမဟုတ် ကျွန်မတို့ လွှတ်တော်ကို မထီမဲ့မြင်ပြု နေတာလား၊ အရေး မစိုက်တာလားပေါ့။ အဲဒါကို မေး ခွန်းထုတ်စရာရှိတယ်။ ကျွန်မကို သတင်းပေးတိုင်ကြားလာတဲ့သူက လားရှိုးကနေ လငိနသ ခေူ ခေါ်ပြတယ်။ ဘုန်းကြီးတွေပါ ဆော့နေတာမြင် ရတယ်။ အဓိကတာဝန်ရှိတာက တော့ ထွေအုပ်နဲ့ရဲပေါ့။ သူတို့က မသိသလိုနေမယ်၊ လိုင်းကြေးတွေ ယူမယ်။ ရဲကလည်း ဘုန်းကြီးတွေ လုပ်တာပဲဆိုပြီးတော့မှ ဘာမှ မ ပြောဘဲနေရင် ပိုပြီးဆိုးလာမှာပါ။ ဟိုးတုန်းကဆိုရင် လားရှိုးမှာ လောင်း ကစားမရှိဘူး။ ပျောက်ကွယ်သွားတာ ကြာပါပြီ။ အဲဒါကို အရင်နှစ် တရုတ် နှစ်သစ်ကူးကစပြီး ပြန်ပေါ်လာတာ။ ကျွန်မတို့ သိန်္နီကိုလည်း လာကြတယ်။ ကျွန်မတို့ခွင့်မပြုဘူး။ လားရှိုးကတော့ ခွင့်ပြုသလိုလို ဖြစ်နေတာပေါ့ဟု ဒေါ်နန်းခင်ထားရီက ကမေ်္ဘာဇတိုင်း သို့ ပြောကြားခဲ့သည်။
.
လားရှိုးမြို့နယ်အတွင်း ကျင်းပ ပြုလုပ်လေ့ရှိသည့် ဘုရားပွဲများ၊ ဆရာတော်ဂုဏ်ပြုပွဲ၊ ကျောင်းရေစက် ချပွဲ၊ ထီးတင်ပွဲအပါအ၀င်  ဗုဒ်္ဓဘာ သာပွဲတော်များနှင့် အထိမ်းအမှတ် ပွဲများတွင် လေးကောင်ဂျင်၊ ခြောက် ကောင်ဂျင်ဝိုင်း အပါအ၀င် တရား မ၀င် လောင်းကစားဝိုင်းများပေါ်ပေါ် တင်တင် ထည့်သွင်းကျင်းပနေမှုများ ကို တားဆီးနိုင်ခြင်း မရှိသည့် ကိစ်္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ရှမ်း ပြည်နယ်လွှတ်တော် (၁၁) ကြိမ် မြောက် ပုံမှန်အစည်းအဝေးတွင် အဆိုအဖြစ် တင်ပြဆွေးနွေးခဲ့ပြီး ဖြစ် သော်လည်း လာမည့် လွှတ်တော် အစည်းအဝေးများတွင်  ထပ်မံ တင် ပြဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းင်းက ဆက်လက်ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ လားရှိုးမြို့ပေါ်တွင် လောင်းကစားဝိုင်းများ ပေါ်ပေါ်ထင် ထင် ကျင်းပနေမှုနှင့် ပတ်သက်၍ လားရှိုးဒေသခံ တစ်ဦးဖြစ်သူ ဦး ကျော်လင်းထွန်းက ““ဒီကိစ်္စတွေကို သုံးပွင့်ဆိုင် လက်ဝါးချင်းရိုက်တာလို့ ယူဆပါတယ်။ ဆရာတော်တွေက တော့ ပွဲကန်ထရိုက်ကို အပ်လိုက် တယ်။ ကန်ထရိုက်တွေက ပြည်ထဲ ရေးကို အပိုင်ကပ်ထားပုံပါပဲ။ ဘာ သာရေးပွဲတွေမှာ ဒီလိုလောင်း ကစားဝိုင်းတွေ ထည့်သွင်း ကျင်း ပနေတာဟာ လုံးဝ မဖြစ်သင့်ပါဘူး။ ဆရာတော်တွေလည်း ကန်ထရိုက် ကို မအပ်သင့်ဘူးလို့ ထင်တာပဲ။ အခု ဟာက ဘာသာရေးပွဲကနေ စီးပွား ရေးပွဲ ဖြစ်သွားပြီ။ စီးပွားရေးကနေ လူမျိုးရေး ပျက်စီးသွားပြီ။ ဘာသာ ရေးပွဲ ဖြစ်တဲ့အတွက် စီးပွားရေးကို မကြည့်ဘဲ ဘာသာရေး၊ လူမျိုးရေးအ တွက် ကြည့်ပြီးတော့ လုပ်ဆောင် မယ်ဆိုရင် ဒီလို လောင်းကစားဝိုင်း တွေ လျော့နည်းကျဆင်းသွားမှာပါ””ဟု ၎င်းင်း၏အမြင်ကို ပြောသည်။
.
လားရှိုးမြို့၊ အမှတ် (၁၀)ရပ်ကွက် အတွင်းရှိ ““အေးချမ်းမြေ့””ဘုန်း တော်ကြီးကျောင်းတွင် မတ်လ၊ ၂၂ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ဆရာတော်ဂုဏ်ပြုပွဲတွင် တရား မ၀င် လောင်းကစားဝိုင်းများ ထည့် သွင်းကျင်းပနေကြောင်းကို ဒေသ ခံများက အထောက်အထားဖြင့် လူမှုကွန်ရက်တွင် တင်ခဲ့ပြီးနောက်  သိန်္နီမြို့နယ် မဲဆန်္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ယင်းနေ့တွင်ပင် လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူးထံ ဆက် သွယ်တိုင်ကြားခဲ့ရာ ည ၁၁ နာရီ ခန့်အချိန်တွင် ပိတ်သိမ်းခဲ့ပြီဖြစ် ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးက ဒေါ်နန်း ခင်ထားရီထံ မတ်လ၂၃ ရက်တွင် အကြောင်းပြန်ကြားခဲ့သည်ဟု သိရ သည်။
.
လားရှိုးမြို့နယ်အတွင်း ကျင်း ပပြုလုပ်လေ့ရှိသည့် ဘာသာရေး ပွဲတော်များနှင့် တရုတ်နှစ်သစ် ကူးကဲ့သို့သော ရိုးရာပွဲတော်ကာလ များအတွင်း လောင်းကစား ၀ိုင်းများ အား ထည့်သွင်း ကျင်းပနေခြင်းကို တာဝန်ရှိသူများက ထိရောက် စွာအ ရေးယူမရှိသလောက် နည်းပါး ကြောင်း ဒေသခံပြည်သူများ၏ပြော ကြားချက်အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats