ပန်ဆန်းတွင် “ဝ” ငြိမ်းချမ်းရေး တည်ထောင်မှု နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, April 15, 2019

ပန်ဆန်းတွင် “ဝ” ငြိမ်းချမ်းရေး တည်ထောင်မှု နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်၊ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းရှိ ပြည်သူ့ရင်ပြင်၌ “ငြိမ်းချမ်းရေး တည်ထောင်မှု နှစ် ၃၀ ပြည့် စစ်ရေးပြ လေ့ကျင့်သည့် အခမ်းအနားကို ယနေ့ ဧပြီ ၁၅ ရက်၊ နံနက်မှ စတင်၍ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.

 ပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထုတ်မရသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး မခွဲထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာ ပြုကြောင်း၊ လိုအပ်ချက်မှာ တိုင်းရင်းသား ဇာတိမာန်နှင့် တန်းတူ ညီမျှရေး၊ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးပြည်ထောင်စု အစိုးရမှ  တိုင်းရင်းသားများအား  ပြည်နယ်အဆင့် သတ်မှတ်ပေးရန်၊ ၄င်း ရည်မှန်းချက်သို့ ရောက်ရန် ရာသက်ပန် ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ကြောင်းအား “ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်းက ယင်းအခမ်းအနားတွင်  ပြောဆိုခဲ့ကြောင်း သိရသည်။
.
.

.
ပန်ဆန်းတွင် ငြိမ်းချမ်းရေး တည်ထောင်မှု နှစ် ၃၀ ပြည့် အခမ်းအနား ပြုလုပ်
.
မင်းဇော်မင်း
.
ရှမ်းပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပန်ဆန်းရှိ ပြည်သူ့ရင်ပြင်၌ ငြိမ်းချမ်းရေး တည်ထောင်မှု နှစ် ၃၀ ပြည့် စစ်ရေးပြ လေ့ကျင့်သည့် အခမ်းအနားကို ယနေ့ ဧပြီလ ၁၅ ရက်၊ နံနက်မှ စတင်၍ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
.

 “ဝ” ပြည်နယ်သည် ပြည်ထောင်စု မြန်မာနိုင်ငံမှ ခွဲထုတ်၍ မရသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး မခွဲထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာ ပြုကြောင်း၊ လိုအပ်ချက်မှာ တိုင်းရင်းသား ဇာတိမာန်နှင့် တန်းတူ ညီမျှရေး၊ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေး၊ ပြည်ထောင်စု အစိုးရမှ  “ဝ” တိုင်းရင်းသားများအား  “ဝ” ပြည်နယ်အဆင့် သတ်မှတ်ပေးရန်၊ ၎င်း ရည်မှန်းချက်သို့ ရောက်ရန် ရာသက်ပန် ကြိုးပမ်း အားထုတ်သွားမည် ဖြစ်ကြောင်းအား “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချန်းက ယင်းအခမ်းအနားတွင်  ပြောဆိုခဲ့ကြောင်း သိရသည်။
.

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)တွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ်များကို ခရိုင် ၂ ခု ခွဲ၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ် ဖော်ပြထားပြီး မိုင်းဆတ်ခရိုင် ထိုင်းနယ်စပ် တစ်လျှောက်တွင် ၁၉၉၁ ခုနှစ်ကတည်းက ရောက်ရှိ အခြေပြုထားသည့် အမှတ် (၁၇၁) စစ်ဒေသ တောင်ပိုင်းအနေဖြင့်လည်း လက်အောက်ခံ တပ်မဟာ ၂၄၈၊ ၅၁၈၊ ၇၇၂၊ ၇၇၅၊ ၇၇၈ တို့ဖြင့် ထိုင်းနယ်စပ် အပါအဝင် အရေးကြီး စစ်ရေးနေရာများကို စိုးမိုးထားကြောင်း သိရသည်။
.
အဆိုပါ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို ဧပြီ ၁၅ ရက်မှ ၁၇ ရက်အထိ ပန်ဆန်းမြို့တွင် ကျင်းပသွားမည် ဖြစ်ပြီး အခမ်းအနားသို့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များလည်း တက်ရောက်လျက် ရှိကြောင်း သိရသည်။


No comments:

Post a Comment

Journal Download

Photo of three cats