အေးသာယာတွင် PRO 1 Global Home Center အရောင်းစင်တာ (Grand Opening) ဖွင့်လှစ်ခြင်း အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Treasure Palace Hotel

Photo of three cats

Saturday, March 30, 2019

အေးသာယာတွင် PRO 1 Global Home Center အရောင်းစင်တာ (Grand Opening) ဖွင့်လှစ်ခြင်း အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ



ဇွဲလေး
.
မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံး ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်း အရောင်း စင်တာ PRO 1 Global Home Center ဖွင့်ပွဲအခမ်းအနား (Grand Opening) ကို မတ်လ မတ်လ ၃၀ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ အရောင်းစင်တာ ဖွင့်လှစ်ခြင်းအခမ်းအနားကို နံနက် ၈ နာရီခွဲမှ မှ ၁၁ နာရီခွဲအချိန်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရောင်းစင်တာ ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ပျော်ရွှင်ဖွယ်ရာ အစီအစဉ် များနှင့်အတူ နိုင်ငံကျော် အဆိုတော်အနုပညာရှင်များဖြစ်သော မြန်မာပြည်သိန်းတန်၊ ဇွဲပြည့်၊ မေသဉ္ဇာဦး၊ ချမ်းချမ်း၊ မေကြည်တို့က  သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ု
.
"ကျွန်တော် တို့ အေးသာယာအရောင်းစင်တာ ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဖြစ် ဝယ်ယူအားပေးသော Customer များအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲမတ်လ ၃၀ ရက်ကနေ မေလ ၃၁ ရက်အထိ ၂ လာ ကာလအတွင်းမှာ ငွေကျပ် ၁ သိန်းဖိုး ၀ယ်ယူတာနဲမော်တော်ဆိုင်ကယ် ၅ စီးအပြင် အခြားအဖိုးတန် ပစ္စည်း အမြောက်အများကို ကံထူးနိုင်မ့် ကံစမ်းမဲလက်မှတ် များပေးသွားမယ့်အပြင် ထပ်ဆင့်အကျိုးခံစားခွင့်အနေနဲ့ မတ်လ ၃၀ ရက်ကနေ ဧပြီလ ၃၀ ရက်အထိ ၁ လတာ ကာလအတွင်းမှာ ငွေကျပ် ၁ သိန်းဖိုး ၀ယ်ယူသူတိုင်းကို ချက်ချင်းဝယ် ချက်ချင်းရ မေတ္တာလက်ဆောင်များလည်း ပေးသွားမှာဖြစ်ပါတယ်" ဟု PRO 1 Global Home Center ၏ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းအခမ်းအနား၌အရောင်းစင်တာ ဖွင့်ပွဲရက်တွင် နာမည်ကြီး အမှတ်တံဆိပ်များဖြစ်သော Kangaroo, Nibban, Khind, Honeywell, Electrolux, Tefal, Beko, ZKT, Orbital, Opple, BCC, Makita, Bosch, Cotto, Crocodile အစရှိသည့် အမှတ်တံဆိပ်များ၏ အထူးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြပြီးအလားတူ မဟာသင်္ကြန် အထူးလျှော့ဈေးအနေဖြင့် ဧပြီလ ၁၂ ရက်အတွင်း ဝယ်ယူပါက နာမည်ကြီး အမှတ်တံဆိပ်များ၏ ကုန်ပစ္စည်းများအား ၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးရာဝန်ကြီး ဦးစိုးညွှန့်လွင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်စိုက်ပျိုးရေးနှင့် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးဝင်းမြင့်ကမောဇဘဏ်နာယကကြီး ဦးအောင်ကိုဝင်းနှင့် PRO 1Global Company Limited မှ တာဝန်ရှိသူများပြည်တွင်းပြည်ပဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats