တာချီလိတ်တွင် OSS စနစ်ဖြင့် ရပ်ရွာအရောက် ဝန်ဆောင်မှု ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် OSS စနစ်ဖြင့် ရပ်ရွာအရောက် ဝန်ဆောင်မှု ပေး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဌာနဆိုင်ရာတာဝန် ရှိသူများမှ ဒေသခံပြည်သူများအတွက် One Stop Service-OSS စနစ်ဖြင့် ရပ်ရွာအရောက် ဝန်ဆောင် မှုပေးလျက်ရှိကြောင်း တာချီလိတ် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဆိုင်ရာရုံးမှဦးစီးအရာရှိ ဦးစိုင်းရှဲန်တစ်ထံက သိရသည်။
.
.
''ကျွန်တော်တို့ ဌာနအနေနဲ့က တော့ အိမ်ထောင်စုမှာ မွေးတိုး၊ သေဖျက်စာရင်းတွေကို တစ်ထိုင်တည်း လုပ်ပေးပါတယ်။ အိမ်ထောင်စု ဇယားပျက်တာ၊ နိုင်ငံသားကတ် ပျောက်တာတွေကတော့ရုံးကမှတ် တမ်းတွေ ပြန်ကြည့် တိုက်ဆိုင်စစ် ဆေးပြီးမှ လုပ်ဆောင်ပေးပါတယ်'' ဟု ဦးစိုင်းရှဲန်တစ်က ပြောသည်။
.
ယခင်က အဆိုပါလုပ်ငန်းများကို ရုံးတွင်သာ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဘာသာစကား မပေါက်ခြင်း အပါအဝင် အခြားအကြောင်းအမျိုးမျိုး ကြောင့် ရုံးများသို့ မလာရဲသော ပြည်သူများအတွက် ယခုလို ရပ်ရွာ အရောက် လိုက်လံဆောင်ရွက်ပေး ခြင်းမှာ ပြည်သူများအတွက် အလွန်အ ထောက်အကူဖြစ်သဖြင့်လှိုက်လှဲစွာ ကြိုဆိုကြောင်း တာချီလိတ်ဒေသခံများမှ ပြောဆိုလျက်ရှိသည်။
.
အဆိုပါ OSS အစီအစဉ်ကို ပြီး ခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်က တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အ ဆိုပါရပ်ကွက်မှ ဒေသခံ ပြည်သူ ၁၁၁ ဦးကို ဝန်ဆောင်ပေးနိုင်ခဲ့ကာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ပုန်းထွန် ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မှတ်ပုံတင်၊ မြေစာရင်း၊ ထောက်ခံစာ စသည့် ကိစ္စရပ်များအတွက် လုပ် ဆောင်ပေးခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့၊ လျှပ်စစ်၊ မီးသတ်၊ အခွန်၊ လဝက၊ မြေစာရင်း၊ ကျန်းမာရေးစသည့် ဌာ နဆိုင်ရာ ၁ဝ ခုမှ ဝန်ဆောင်မှုပေး ဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းများအား တစ်ထိုင်တည်းအပြီး လုပ်ဆောင်ပေးခဲ့ကြောင်းသိရသည်။
.
ယခုအစီအစဉ်သည်  စမ်းသပ် ကာလဖြစ်ပြီး တာချီလိတ်မြို့ပေါ် ၁၁ ရပ်ကွက်လုံးတွင် လိုက်လံ၍ ဝန် ဆောင်မှုပေးသွားမည်ဖြစ်ကာ တစ် အိမ်တက်ဆင်း ဝန်ဆောင်မပေးနိုင် သော်လည်း ရပ်ကွက်ဓမ္မာရုံ ဘုန်း တော်ကြီးကျောင်းစသည့် နေရာ များတွင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
.
အစီအစဉ်အရ ဖေဖော်ဝါရီလ ၁၉ ရက်တွင် တာလော့ရပ်ကွက်ရှိ ဟုတ်တက်ဗုဒ္ဓဘာသာဘုံကျောင်း၊ ဖေဖော်ဝါရီ ၂ဝ ရက်တွင် မကာဟို ခမ်းရပ်ကွက်၊ ဖေဖော်ဝါရီ ၂၁ တွင် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဖေဖော်ဝါရီ ၂၂ တွင် ဆန်ဆိုင်း(က)ရပ်ကွက်၊ ဖေ ဖော်ဝါရီ ၂၅ တွင်မယ်ခေါင်ရပ်ကွက်၊ ဖေဖော်ဝါရီ ၂၆ တွင် ရန်အောင်မြေ ရပ်ကွက်တို့၌ ဝန်ဆောင်မှုပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်၌ ဝိန်းကျောက် ရပ်ကွက်တွင်လည်းကောင်း၊ ဖေဖော် ဝါရီ ၂၈ ရက်တွင် ပါဆတ်ရပ်ကွက်၊ မတ်လ ၁ ရက်တွင် ဆေခမ်းရပ် ကွက်များတွင်လည်းကောင်း လုပ် ဆောင်ပေးသွားမည်ဖြစ်ပြီး ကျန် ကျေးရွာအုပ်စု ၇ စုသို့လည်း သွား ရောက်ကာ လစဉ်ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats