မြစ်ချောင်းဆိုင်ရာ NGO များ ပထမဆုံးအကြိမ် စုစည်းတွေ့ဆုံ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မြစ်ချောင်းဆိုင်ရာ NGO များ ပထမဆုံးအကြိမ် စုစည်းတွေ့ဆုံ



မင်းဇော်မင်း
.
၂ဝ၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနေ့အ ထိမ်းအမှတ်အဖြစ် မတ်လ ၁၃ ရက် နှင့် ၁၄ ရက်များတွင် မန္တလေးမြို့ ၌ မြစ်ချောင်းဆိုင်ရာ NGO အဖွဲ့အ စည်းများ ပထမဆုံးအကြိမ် တစ် စုတစ်စည်းတည်း စုစည်းတွေ့ဆုံခဲ့ ကြကြောင်း သိရသည်။
.
 
''မြစ်ဆုံကိစ္စက အခြားမြစ်တွေ အပေါ်ပါ စိုးရိမ်စိတ်တွေ လွှမ်းမိုးလာ နေစေပြီ။ အဲဒါခွင့်ပြုရင် သံလွင်မြစ် ပေါ်က တာဆန်းဆည်လိုပါ တခြား ဆည်တွေလာကြတော့မယ်။ တိုင်း ရင်းသားဒေသတွေအတွက် အဓိက ခြိမ်းခြောက်မှုကို တာဝန်ရှိသူတွေ သိရှိစေဖို့ စုပေါင်းပြီးကာကွယ်နေ ကြတာပါ''ဟု အဆိုပါတွေ့ဆုံဆွေး နွေးပွဲသို့ တက်ရောက်ခဲ့သူ ကိုဧပ ရယ်ကျူကျူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ တွေ့ဆုံပွဲအခမ်းအနား တွင် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မြစ် ချောင်းများ ထိန်းသိမ်းကာကွယ်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်း စုစုပေါင်း ၉ဝ ကျော်၊ တက်ကြလှုပ် ရှားသူများ၊ ပညာရှင်များ၊ ၂၉၃ ဦး တက်ရောက်ခဲ့ပြီး ထိုအရေအ တွက်သည် တက်ရောက်လက်မှတ် ထိုးသူများဖြစ်ကာ တက်ရောက်လက် မှတ်မထိုးသည့် အခြားတက်ရောက် သူအများအပြားလည်း ပါဝင်ခဲ့ ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် လျှပ် စစ်စွမ်းအင်ရရှိရန်အတွက် ဧရာဝတီ မြစ်ပေါ်ရှိ မြစ်ဆုံရေကာတာစီမံကိန်း ကြီး အပါအဝင် အခြားသော မြစ် ကြီးများဖြစ်သည့် သံလွင်၊ ချင်းတွင်း နှင့် စစ်တောင်းမြစ်များ မြစ်ငယ် များတွင် ရေအားလျှပ်စစ် စီမံကိန်း ကြီး ၅ဝ ကျော် ဆောင်ရွက်ရန် လျာ ထားလျက်ရှိဟု သိရသည်။ အထူး သဖြင့် မြစ်ဆုံရေကာတာအား ဆက် လက်ဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ဖိအားပေးလျက်ရှိသည့်အပြင် လက် ရှိမြန်မာ နိုင်ငံအစိုးရအနေဖြင့်လည်း ပြတ်သားတိကျသည့် သဘောထား ထွက်ပေါ်လာခြင်းမရှိသေးကြောင်း က ဆက်လက်ပြောကြားခဲ့သည်
.
''ဒီအခြေအနေဟာ နိုင်ငံသား အားလုံး၊ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ သမိုင်းအခြေအနေ တစ်ရပ်ကို စောင့်ကြည့်နေရတဲ့အရေး ကြီးအကြပ်အတည်းကာလပါပဲ''ဟု ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း မှ ဒေါ်နန်းဝါနုကပြောသည်။
.
အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ ကချင်၊ ကရင်နီ (ကယား)၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းစသည့် လူမျိုးစုကြီးများအပြင် ကဒူး၊ ယင်းတလဲ၊ ယင်းကျား၊ ယင်းနက်၊ ဓနု၊ တောင်ရိုး၊ တအာင်း (ပလောင်)၊ ပအိုဝ်း၊ ထနော့၊ ကီးကူ စသည့် လူမျိုးစုငယ်များလည်း ကိုယ်စားပြု တက်ရောက်ပါဝင်ခဲ့ကြကြောင်း သိရသည်။
.
သက်ဆိုင်ရာ ဒေသနှင့် မိမိ မြစ်ဝှမ်းအပေါ် မူတည်၍ လှုပ်ရှား နေကြမည့် အစား မြစ်ဝှမ်းများ အားလုံးမှ ရေကာတာ စီမံကိန်းကြီးများ အားလုံးကို လုံးဝဖျက်သိမ်းပေး ရန်အတွက် တစ်နိုင်ငံလုံးမှ စုစည်း ရောက်ရှိလာကြခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ပထမဆုံးနှင့်အကြီးကျယ် ဆုံး မြစ်ဝှမ်းဒေသမှမတူကွဲပြားစုံလင် သည့် လူမျိုးစုများ စုစည်း ရောက် ရှိကာ တစ်စိတ်တစ်ဝမ်းတည်း ပူး ပေါင်းလုပ်ဆောင်ကြသည့် တွေ့ဆုံ ပွဲလည်းဖြစ်ကြောင်း သိရသည်။
.
မတ်လ ၁၃ ရက် တွေ့ဆုံပွဲ ပထ မနေ့တွင် Kesan အဖွဲ့မှ ကိုစောသာဘိုးက မြစ်ဝှမ်းများအားလုံး ပေါင်းစပ်ပြီး လုပ်ဆောင်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ သယံဇာတနှင့် သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရာ ကော်မတီ ဥက္ကဌ ဦးအေးခိုင်မှလည်း အမှာစကားပြောကြားခဲ့ပါသည်။ ထို့ နောက် လူမျိုးစုတိုင်းရင်းသားများ ၏ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခြင်း၊ ရေကာတာဆည်ကြီးများ ဆောက်လုပ် ပြင်ဆင်သည့် အတွက်ကြောင့် ထိခိုက်ခံစားရသည့် ဒေသခံများ၏ စကားသံများ၊ မြန် မာနိုင်ငံ မြစ်ဝှမ်းများအရေးနှင့် လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် အခြားသောနည်းလမ်းများ ရွေးချယ် လုပ်ဆောင်နိုင်ခြင်းကို ကျွမ်းကျင်ရာ ပညာရှင်များမှ ဆွေးနွေးခြင်း၊ ကဏ္ဍစုံမှ အသိပညာရှင်အတတ်ပညာရှင် အနုပညာရှင်များမှ မြစ်များ၏ တန် ဖိုး လူမျိုးစုတိုင်းရင်းသားများ၏တန်ဖိုးကိုဆွေးနွေးခြင်း၊ မြစ်များနှင့် ပတ်သက်သည့် ကဗျာများ သီချင်း များရွတ်ဆို သီဆိုခြင်းတို့ကို ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
.
ဆွေးနွေးပွဲ ဒုတိယနေ့ဖြစ်သော မတ်လ ၁၄ ရက်၊ နံနက်ပိုင်းတွင် ဂေါဝန် ဆိပ်ကမ်း၊ ပင်လုံသဘောင်္ပေါ်၌ ''အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ထိန်းသိမ်းရေးနေ့'' အခမ်းအနားနှင့် သဘောထားကြေညာချက်ကို ထုတ် ပြန်ကာ သတင်းစာရှင်းလင်းပွဲ ပြု လုပ်ခဲ့ပြီး ထိုသဘောင်္ဖြင့်ပင် မြစ် ကမ်းတစ်လောက် စစ်ကိုင်းသို့ ဦး တည်ခုတ်မောင်းကာ မြစ်လည်ရှိ သဲသောင်တစ်ခုပေါ်တွင် လူထုလှုပ် ရှားမှုဖြစ်သည့် ကြေးကြော်သံများ ကြေးကြော်ခြင်း၊ တရုတ်စကားပန်း များအား မြစ်ထဲသို့မျောခြင်း (တရုတ် စကားတွေ ရေနဲ့မျောစေရန်)နှင့် စုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် သဘောင်္အား စစ်ကိုင်း မှတဆင့် အင်းဝသို့ မြစ်ကြောင်းတစ် လျှောက်သွားရောက်လည်ပတ် ကြည့် ရှုခဲ့ပြီး မန္တလေး ဂေါဝန်ဆိပ်ကမ်း သို့ ညနေ ၅ နာရီခွဲတွင် ပြန်လည် ဆိုက်ရောက်ခဲ့ပါသည်။ လမ်းတစ် လျှောက်တွင်လည်း ဆရာဦးမြင့် သိန်းမှ ဧရာဝတီမြစ်နှင့်ပတ်သက်၍ စနမ်သမာညေခန မေအ တင်ဆက်ပြသ ခြင်း၊ လူမျိုးစုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုများကို အစုလိုက် ဆွေး နွေးဖလှယ်ခြင်း၊ ကွန်ရက်ချိတ်ဆက် ခြင်း စသည်တို့ကို ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ရက် (Burma Rivers Network) ၊သံလွင်မြစ် ထိန်းသိမ်းကာကွယ် စောင့် ရှောက်ရေး ကွန်ရက် (ှလေန Save the Salween Network) ၊ဧရာဝတီ ပြည်သူ့ကွန်ရက်၊ မန္တလေးမြို့လူထု နေရာ (Mandalay Community Center) Community Based Stra- tegic Environmental Assessment တို့မှ အင်အား ၅ဝဝခန့် ပါဝင် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
.

Journal Download

Photo of three cats