ကျိုင်းတုံတွင် ရွှေ့ပြောင်းလုပ်သား ဝင်ထွက်မှု စာရင်းပြုစုနိုင်ရန် Job Center ဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, March 9, 2019

ကျိုင်းတုံတွင် ရွှေ့ပြောင်းလုပ်သား ဝင်ထွက်မှု စာရင်းပြုစုနိုင်ရန် Job Center ဖွင့်လှစ်


ထက်တိုင်းကျော်
.
ကျိုင်းတုံမြို့အား ဖြတ်သန်း၍ မိုင်းလားနှင့် ''ဝ'' အထူးဒေသများသို့ ဝင်ထွက်သွားလာနေသည့် ရွှေ့ပြောင်း လုပ်သားများ၏စာရင်း ပြုစုထားရှိရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန် ကြားလာသဖြင့် ကျိုင်းတုံမြို့နယ် အ လုပ် သမားညွှန်ကြားမှုဦးစီးဌာနတွင် မတ်လ ၁ ရက်မှစတင် ၍ Job Center ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
.
ကျိုင်းတုံမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ပြည်သူ့ဝန်ဆောင်မှုစင်တာ (OSS) ရုံးတွင် Job Center အား ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျိုင်းတုံမြို့နယ် ကိုဖြတ်၍ မိုင်းလားနှင့် ''ဝ'' အထူး ဒေသများသို့ ဝင်ထွက်သွားလာနေ ကြသည့် ရွှေ့ပြောင်းအလုပ်သမားများ နှင့် ပတ်သက်သည့် အချက်အ လက်များကို စာရင်းပြုစုဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
.
''တောင်ကြီးမှာရှိတဲ့ ပြည်နယ်အ လုပ်သမားညွှန်ကြားမှုဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ ၂၅ ရက်စွဲပါ စာမှာ လည်း ရွှေ့ပြောင်းလုပ်သား ဝင်ထွက် မှုအခြေအနေကို မှတ်တမ်းတင်ရာမှာ ဌာနဆိုင်ရာများကနေ ပူးပေါင်းပါ ဝင်ကူညီ ဆောင်ရွက်ပေးဖို့အတွက် ပါပါတယ်။ ကျိုင်းတုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ လုပ်ခဲ့တဲ့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လက် ရှိ OSS ရုံးမှာပဲ  Job Center ဖွင့် လှစ်ခဲ့တာဖြစ်ပါတယ်''ဟု ကျိုင်းတုံ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် က ကမ္ဘောဇတိုင်းသို့ပြောသည်။
.
ကျိုင်းတုံမြို့တွင် နေ့စဉ်ဝင်ထွက် သွားလာနေကြသည့် ရွှေ့ပြောင်း အလုပ်သမားများနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ''ဧည့်စာရင်း ဥပ ဒေကို ဖျက်သိမ်းလိုက်ချိန်ကစပြီး အတားအဆီးမရှိ ဝင်ထွက်သွားလာ နေကြသူတွေကို လူကုန်တားရဲတပ် ဖွဲ့အနေနဲ့ ပညာပေးဟောပြောပြီး လက်ကမ်းစာစောင် ဝေတာလောက်ပဲ လုပ်တာ  တွေ့ရပါတယ်။ ဒေသလုံခြုံ ရေးအတွက်သာမကဘဲ ပြည်တွင်းနေ ရာအနှံ့က ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေအနေ အကောင်းအဆိုးကို ဌာနဆိုင်ရာ တာဝန်ရှိသူတွေက စာ ရင်းပြုစုထားဖို့ စီစဉ်တာကိုကြိုဆို ပါတယ်''ဟု ၎င်း၏အမြင်ကိုပြော သည်။
.
မြန်မာနိုင်ငံ နေရာဒေသအနှံ့ အပြားမှ ရွှေ့ပြောင်းလုပ်သားအချို့ သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံမြို့နယ်အားဖြတ်၍ မိုင်းလားနှင့် ''ဝ'' အထူးဒေသများသို့ ဝင်ထွက် သွားလာမှုများရှိနေပြီး ၂ဝ၁၈ ခုနှစ် အတွင်းက ရခိုင်လူမျိုး ရွှေ့ပြောင်း လုပ်သားအချို့သည် သံလွင်မြစ်ကူး တံတား တာကော်မှ ဖြတ်သန်းခွင့် မ ရ သည့်အတွက် လမ်းလျှောက်လှည့် ပြန်ရသည့် ဖြစ်စဉ်နှင့် ကျိုင်းတုံမြို့မှ ¤င်းတို့နေရပ်သို့ ပြန်ပို့ပေးခဲ့ရသည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment