နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ၄၄၉ ဦးကို ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ အခမဲ့ ခွဲစိတ် ကုသပေးနိုင်ခဲ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ၄၄၉ ဦးကို ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ အခမဲ့ ခွဲစိတ် ကုသပေးနိုင်ခဲ့



ကမ္ဘောဇတိုင်း
.
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းအနေဖြင့် မြန်မာပြည်တစ်ဝှမ်းရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးလျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ မတ်လ ၁၆ ရက်အထိ ဝေဒနာရှင် ၄၄၉ ဦးအား ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
.
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ၂ဝ၁၆ ခု နှစ်၊ သြဂုတ်လတွင် မွေးရာပါ နှုတ် ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၁၁၃ ဦး အား ရန်ကုန်မြို့တွင် ပထမအကြိမ် အဖြစ်လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တောင်ကြီးမြို့ ၌ ဝေဒနာရှင် ၈ဝ ဦးအား ဒုတိယအ ကြိမ် အဖြစ်လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့၌ ဝေဒနာရှင် ၈၈ ဦးအား တတိယအ ကြိမ်အဖြစ်လည်းကောင်း၊ ၂ဝ၁၈ ခု နှစ်၊ မတ်လတွင် တောင်ကြီးမြို့၌ ဝေ ဒနာရှင် ၈၁ ဦးအား စတုတ္ထအကြိမ် အဖြစ်လည်းကောင်း၊ ၂ဝ၁၈ ခုနှစ်၊ သြဂုတ်လတွင် ရန်ကုန်မြို့၌ ဝေဒနာ ရှင် ၈၇ ဦးအား ပဉ္စမအကြိမ် အဖြစ် လည်းကောင်း အခမဲ့ခွဲစိတ်ကုသပေး နိုင်ခဲ့ပြီးဖြစ်ကာ ၂ဝ၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်မှ ၃ဝ ရက်အထိ တောင်ကြီးမြို့၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား ဆဋ္ဌမအကြိမ်အဖြစ် အခမဲ့ ခွဲစိတ်ကုသ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
.
ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနမှ ကြီးမှူးပြီး၊ ကမ္ဘောဇအုပ်စုနှင့် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ အဓိကကူညီ ပံ့ပိုးပေးကာ၊ စင်္ကာပူနိုင်ငံမှာငူန ဗျငေ နှင့် ပူးပေါင်းစီစဉ် ကျင်းပမည့် ဆဋ္ဌမအကြိမ်မြောက် နှုတ်ခမ်းကွဲ၊အာ ခေါင်ကွဲ ဝေဒနာရှင်များအတွက် အခမဲ့ ခွဲစိတ်ကုသရေး အစီအစဉ်ကို လာ မည့် မတ်လ ၂၃ ရက်မှ ၃ဝ ရက် အထိ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ အစီအစဉ်တွင် လူနာများ ခွဲစိတ်ကုသမှု ခံယူစဉ် တစ်လျှောက်လုံး လူနာများ၏ လမ်းစရိတ်၊ တည်းခိုရန် နေရာနှင့် နေ့စဉ်အစား အသောက်မှအစ စရိတ်ငြိမ်းအဖြစ် ကမ္ဘောဇအုပ်စုနှင့် အနာဂတ်အလင်း တန်း မြန်မာဖောင်ဒေးရှင်းက တာ ဝန်ယူ ဆောင်ရွက်ပေးသွားမည် ဖြစ် သည်။
.
မြန်မာနိုင်ငံ နေရာအနှံ့အပြား ပြည်နယ်နဲ့ တိုင်းအသီးသီးမှ မွေးရာ ပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေး/ လူကြီးများအား အခမဲ့ လက်ခံခွဲစိတ် ကုသပေးသွားမည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားမှုကြောင့် ဖုန်းနံပါတ် ဝ၉ ၄၂၇၅၆၂ဝဝ၃ နှင့် ဝ၉ ၄၂၇၅၆ ၂ဝဝ၄ များသို့ အမြန်ဆုံး ဆက်သွယ် စာရင်း ပေးသွင်းနိုင်ကြောင်း ကမ္ဘော ဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းမှ တိုက်တွန်း နှိုးဆော်ထားသည်။
.
ထို့အပြင် ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ၂ဝ၁၉ ခုနှစ်အတွင်း နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များအား အခမဲ့ ခွဲစိတ်ကုသပေးနိုင်ရန် လျာ ထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats