ဆက်စပ်မှု ''တန်ဖိုး'' - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, March 18, 2019

ဆက်စပ်မှု ''တန်ဖိုး''



ကျော်လင်းထွန်း (ချောင်းဦး)
.

.
နိုင်ငံတကာ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများ ၏ ပညာရေးစနစ်တွင် နိုင်ငံရေးသိပ္ပံ၊ ဥပဒေပ ညာ၊ စီးပွားရေးပညာသည် ထိပ်ဆုံးမှ ရပ်တည် နေသည်။ ¤င်းနောက်တွင်မှ သုတေသနပညာ၊ ဆေးသိပ္ပံ၊ ဆေးဝါးပညာ၊ နည်းပညာစသော ဘာသာရပ်များ ရပ်တည်ကြသည်။ ယနေ့ မြန် မာ့ပညာရေးစနစ်မှာမူ ဝမ်းနည်းဖွယ် တွေ့နေရ သည်။ (၉)တန်း တက်လာသော ကျောင်းသား ကျောင်းသူများအနက် အင်္ဂလိပ်စာ မနိုင်သူ(မ ကျွမ်းသူ)ကို ဉာဏ်ရည်နိမ့် စာရင်းသွင်းကာ ဘောဂဗေဒ (Economics) အထူးပြု ယူခိုင်း တော့သည်။ တဖန် ခုခေတ်အခေါ် အီကို (Eco) ကလေးများကို အီကိုပညာက ဘာသင်တာလဲ ဟုမေးလျှင် ပိုက်ဆံရှာတဲ့ ပညာဟု ဖြေကြ သည်မှာ စိတ်ပျက်ဖွယ်ကောင်းလေစွ။ သဘာဝ သယံဇာတ အင်အားစုများ၊ လူအင်အားစု များနှင့် လူဖန်တီးသော အင်အားစုများကို စီမံခန့်ခွဲသော ပညာရပ်ဖြစ်သည့် ဘောဂဗေဒ (အီကို) ဘာသာရပ် ဂဃသေချာစွာ မသိကြပေ။ အမှန်တကယ်ဆိုလျှင် ဘောဂဗေဒ၌ လူအင် အားစု (လူ့အရင်းအမြစ်)ကို စီမံခန့်ခွဲအသုံးပြု တတ်ပါမူ မိမိဘဝနှင့်တကွ လောကကမ္ဘာကြီး သာယာလှပမည် ဖြစ်သည်။
.
ဥပမာပြု၍ နှိုင်းယှဉ်ဆက်စပ်ဆွေးနွေးတင် ပြလိုပါသည်။ ဘောဂဗေဒ အယူအဆအရဈေး နှုန်းနှင့် သာမန်ကုန်စည် တို့၏ ဝယ်လိုအားသည် ပြောင်းပြန် ဆက်စပ်သည်။ ဝယ်လိုအားမျဉ်း ကွေး လျှောစောက်သည် အနုတ်လက္ခဏာ ဆောင်သည်။ ဆိုလိုသည်မှာ ဈေးနှုန်း မြင့်မားလာလျှင် ယေဘုယျအားဖြင့် ဝယ်လိုအား(ဝယ် ယူမှု) လျော့နည်းသွားမည်။ ဈေးနှုန်းကျဆင်းလာ လျှင်မူ ဝယ်လိုအား (ဝယ်ယူမှု) ပိုများလာမည်။ ဤသည်ကို ပြောင်းပြန် ဆက်စပ်သည်ဟုသတ် မှတ်ပြီး၊ မျဉ်းကွေးရေးဆွဲပါက ဒေါင်လိုက်ဝင်ရိုး၊ အလျားလိုက် ဝင်ရိုးများ အသုံးပြုလျှင် အောက် သို့လျှောဆင်းသွားသော အနုတ်လက္ခဏာ ဆောင်သည့် လျှောစောက်ကို တွေ့မြင်နိုင်သည်။ ထို ဆက်စပ်မှုကို လူ့လုပ်အားစိုက်ထုတ်မှုနှင့် ဘဝအောင်မြင်မှု တန်ဖိုးတို့ဖြင့် နှိုင်းယှဉ်ကြည့် ပါစို့။
.
ကျောင်းသား လူငယ်များအနေဖြင့် လုပ် အားစိုက်ထုတ်မှု လျှော့နည်းလာလျှင် (ဥပမာ- အိပ်ချိန်များခြင်း၊ အပျော်အပါးများခြင်း ဖြစ်လာ လျှင်) ဘဝအောင်မြင်မှု နှောင့်နှေးကြန့်ကြာမည်။ အချို့ဆိုလျှင် အောင်မြင်မှု မရနိုင်။ ထို့ကြောင့် အိပ်ချိန်နှင့် ဘဝအောင်မြင်မှု ပြောင်းပြန်ဆက် စပ်သည်ဟု ဆိုရမည်။ အိပ်ချိန်များသူသည် ဘဝ အောင်မြင်မှု နည်းမည်။ အိပ်ချိန်နည်းသူသည် ဘဝအောင်မြင်မှု များမည်။ အပျော်အပါးများ လျှင်၊ စိတ်အလိုလိုက်မှုများလျှင် ဘဝအောင်မြင် မှုနည်းမည်။ အပျော်အပါး နည်းလျှင်၊ စိတ်အ လိုလိုက်မှု နည်းလျှင် ဘဝအောင်မြင်မှု များမည် ဖြစ်သည်။
.
စိတ်အလိုလိုက်၍ ကြိုးစားအားထုတ်မှုနည်း သူများ၏ ဘဝတန်ဖိုး နိမ့်ပါးသွားကြသည်။ ကျောင်းသားကျောင်းသူဘဝတွင် အအိပ်ကြီးသူ များ၊ အပျော်များသူများ၏ စာမေးပွဲရမှတ်မှာ နည်းနေမည်။ အအိပ်နည်းသူများ၊ အပျော်အပါး စိတ်အလိုလိုက်နည်းသူတို့၏ စာမေးပွဲ ရမှတ် မှာ များနေမည်။ ထို့ကြောင့် ပညာသင်ကြားနေ သော (အထူးသဖြင့် ကျောင်းသားကျောင်းသူ) အရွယ်တို့အတွက် အိပ်ချိန်နှင့် စာမေးပွဲရမှတ် တို့မှာ ပြောင်းပြန်ဆက်စပ်သည်။ ပြောင်းပြန် ဆက်စပ်မှု၏ တန်ဖိုးသည် အနုတ်လက္ခဏာဖြစ် သည်။ ထို့ကြောင့် အအိပ်များ၊ စိတ်အလိုလိုက် များသော ကျောင်းသားလူငယ်တို့မှာ ကြာလေ စာမလိုက်နိုင်လေ၊ စာမလိုက်နိုင်လေ စိတ်လေ လွင့်မှုများလာလေ၊ စိတ်လေလွင့်မှုများလာသော စိတ်ထွက်ပေါက်အဖြစ် စိတ်အလိုလိုက်မှုများလာ လေ၊ ထို့နောက် စာမလိုက်နိုင်လေ ဖြစ်ကာ စာမေးပွဲရမှတ်နှင့်တကွ လူမှုဆက်ဆံရေးအောင် မြင်မှု၊ ပတ်ဝန်းကျင်၏ အလေးထားမှုများ ဆုံး ရှုံးရတတ်သည်။ တစ်နည်းဆိုရသော် ဘဝတန် ဖိုး အနုတ်လက္ခဏာဖြစ်လာသည်။ စာကြိုးစား ၍ ကြိုးစားလုပ်ကိုင်နေတတ်သူ ကျောင်းသား လူငယ်တို့မှာ စာမေးပွဲရမှတ်များမည်။ ပတ်ဝန်း ကျင်၏ အလေးထားမှုများ ပိုမိုရရှိလာသည်။ ကြိုးစားမှုနှင့် ဘဝတန်ဖိုး တိုက်ရိုက်ဆက်စပ်မှု ပင် ဖြစ်ပြီး၊ ဘဝတန်ဖိုးမှာ အပေါင်းလက္ခဏာ ရလာမည် ဖြစ်သည်။
.
စီးပွားရှာရင်း ပညာရှာနေကြသော သူတို့ အတွက် အထူးသဖြင့် လူရွယ်လူလတ်များ အနေဖြင့် အပျော်အပါး၊ လောင်းကစား၊ အ သောက်အစား၊ အချိန်ဖြုန်းခြင်းများနှင့် စီးပွား ရေး၊ လူမှုရေး၊ ဘဝတန်ဖိုး ပြောင်းပြန်ဆက်စပ် ပါသည်။ အပျော်အပါး၊ လောင်းကစား၊ အချိန် ဖြုန်းခြင်း များလေလေ စီးပွားရေးနှင့် လူမှုရေး တန်ဖိုး ကျဆင်းလေလေ ဖြစ်သည်။ အပျော်အ ပါး၊ အသောက်အစား၊ လောင်းကစားနှင့် စိတ် အလိုလိုက်ခြင်း (်ခေနဘသသု သုံးလွန်ခြင်း၊ ဖုန်း ပွတ်လွန်းခြင်း) နည်းလေလေ စီးပွားရေး၊ လူမှု ရေး တန်ဖိုးမြင့်မား တိုးတက်လာလေ ဖြစ်သည်။ ထိုပြောင်းပြန် ဆက်စပ်မှုအရအချိန်ဖြုန်းသော စိတ်အလိုလိုက်ချိန်များသော သူတို့၏ ဘဝတန် ဖိုးသည် အနုတ်လက္ခဏာဖြစ်လာပါသည်။ ဆ ရာကြီး ဇော်ဂျီ၏ 'သင်သေသွားသော်' ကဗျာ ကို ထာဝရရင်ထဲ စွဲမြဲမှတ်သား ကြိုးစားသူတို့ အတွက်မူ ဘဝတန်ဖိုးသည် အပေါင်းလက္ခဏာ ဖြစ်နေပါမည်။
.
          'သင်ဖွားသောမြေ၊ သင်တို့မြေသည်
          အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
          သင်၏မျိုးသား၊ စာစကားလည်း
.
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏'ဆို သော ဆရာကြီး ဇော်ဂျီ၏ ကဗျာစာသားအတိုင်း ကြိုးစားသင့်လှသည်။ စီးပွားရှာရင်း စာအုပ်စာ ပေများ လေ့လာဖတ်ရှုကာ ဘိုးဘွားအမွေအနှစ် ထိန်းသိမ်းတတ်သောသူ၊ ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားတတ်သောသူ ဖြစ်လာအောင် ကြိုး စားသင့်သည်။ ဆိုလိုသည်မှာ စီးပွားရေးအောင် မြင်သူ အများစုမှာ ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယ ကောင်းသော်လည်း စာအုပ်စာပေ၊ မဖတ် ရှုသောအခါ သဘာဝပတ်ဝန်းကျင်၊ရိုးရာယဉ် ကျေးမှု၊ ပြည်ထောင်စု အမွေအနှစ်တို့ကို တန် ဖိုးမထား တတ်ကြပေ။ စာအုပ်စာပေမှ လောကီ ကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးကိုမ လေ့လာဘဲ ငွေနောက်လိုက်ရင် လောဘကိုအ ရှိန်မသတ်နိုင်၍ 'ဘယ်သူသေသေ ငတေမာပြီး ရော' စိတ် ဖြစ်လာသည်။ ထို့ကြောင့် စီးပွားရှာ နေသူများအတွက် စာအုပ်စာပေ ဖတ်ရှုချိန်များ နှင့် ဘဝတန်ဖိုး တိုက်ရိုက်ဆက်စပ်သည်။ စာ အုပ်စာပေ ဖတ်ရှုလေ့လာချိန်များလေလေ မိမိ တွင်ရှိသော စီးပွားဥစ္စာကို လူ့ဘောင်ကောင်း ကျိုးအတွက် အသုံးပြုလေလေ ဖြစ်သည်။ တိုက် ရိုက်ဆက်စပ်မှု၏ သင်္ကေတအဖြစ်ဘဝတန်ဖိုး၊ အချိန်တန်ဖိုးတို့မှာ အပေါင်းလက္ခဏာ ဆောင် နိုင်ပါလိမ့်မည်။ ဘဝအတွက် သမိုင်းကောင်းနှင့် နာမည်ကောင်း ချန်ထားနိုင်ခဲ့ပါလိမ့်မည်။
.
ထိုနည်းတူစွာ ဘာသာရေး အသိအမြင်များ နှင့် ဘာသာရေး အကျင့် (စရဏ တရား) ကောင်းများမှာလည်း ဘဝတန်ဖိုး အချိန်တန်ဖိုး နှင့် တိုက်ရိုက်ဆက်စပ်ပါသည်။ ဘာသာရေးအ သိနှင့် အကျင့်ကောင်းများလေလေ ဘဝတန်ဖိုး မြင့်မားလေလေပင် ဖြစ်သည်။ ဤတိုက်ရိုက် ဆက်စပ်မှု၏ အကျိုးရလဒ်အဖြစ် အပေါင်းလက္ခ ဏာရပါမည်။ စာအုပ်စာပေ ဖတ်ရှုမှုနည်းလေ  လေ ဘာသာရေးအမြင်နည်းပြီး အကျင့်မှားလေ လေ ဖြစ်သည်။ ထိုအခါ အသက်သာ ကြီးလာ ပြီး ဘဝတန်ဖိုးကျဆင်းသွားပြီး ပြောင်းပြန်ဆက် စပ်မှု၏ အကျိုးရလဒ် ဘဝနေဝင်ချိန် (သို့မ ဟုတ်) အသက်ရှင်ချိန်ကို အနုတ်လက္ခဏာနှင့် အချိန်ကုန်ရပါလိမ့်မည်။
.
စည်းကမ်းရှိခြင်း၊ မိမိစိတ်ကို ကြည်လင် အောင် ထိန်းသိမ်းတတ်ခြင်း၊ သဘာဝတရားများ ကို တန်ဖိုးထား ခံစားတတ်ခြင်းများသည် အ ချိန်ကို တန်ဖိုးထားခြင်းနှင့် တိုက်ရိုက်ဆက်စပ်ပါ သည်။ အချိန်တန်ဖိုးထားခြင်း ဆိုရာ၌ နံနက် အိပ်ယာစောစောထပြီးမှသည် ည အိပ်ယာဝင် ချိန်အထိ နေ့စဉ်အချိန်ကို တန်ဖိုးထားခြင်းနှင့် မိမိဘဝ၏ အပိုင်းအခြား ပညာသင်ချိန်၊ စီးပွား ရှာချိန် အနားယူချိန်စသော အချိန်များကို တန် ဖိုးထားခြင်းဟု အကြမ်းဖျင်းအားဖြင့် ခွဲခြားနိုင် ပါသည်။ အချိန်၏ တန်ဖိုးနှင့် ပတ်သက်၍ ငယ် စဉ်က နဝမတန်း မြန်မာစကားပြေတွင် သင် ကြားခဲ့ဖူးသော ဆရာကြီး ပီမိုးနင်း၏ 'အဖိုး တန်ဆုံးသော အရင်းအနှီး'သင်ခန်းစာကို မှတ် မိနေသေးသည်။ လူ့ဘဝကြီးပွားတိုးတက်စေရန် အရေးအကြီးဆုံး အရင်းအနှီးမှာ အချိန်အရင်း အနှီးပင် ဖြစ်သည်။ ထိုအချိန် အရင်းအနှီးကို အကောင်းဆုံး အသုံးချပြီး ကျန်းမာခြင်းအရင်း အနှီးကို ရအောင် ကောင်းအောင်ကြိုးစားရမည်။ ¤င်းအရင်းအနှီးများကို ရင်းနှီးပြီးသွားလျှင် ပ ညာရေးအရင်းအနှီး၊ စီးပွားရေးအရင်းအနှီးများ ထူထောင်ရမည်ဟု ဆရာကြီးက ဆိုထားပါ သည်။ အချိန်ကို အကျိုးရှိအောင်အသုံးပြုခြင်း ဖြင့် စည်းကမ်းလိုက်နာခြင်းနှင့် စိတ်ကြည်လင် ချမ်းမြေ့ခြင်း၊ သဘာဝ ပတ်ဝန်းကျင်သာယာလှ ပအောင် ဖန်တီးနိုင်ခြင်းတို့သည် တူယှဉ်တွဲ၍ပါ လာမည်။
.
အချိန်ကို တန်ဖိုးထားတတ်သော အကျင့် ကောင်းကို စာသင်သားအရွယ်ငယ်စဉ်ကပင် လေ့ကျင့်ပေးနိုင်ပါမူ ဘဝနောင်ရေးနှင့် လောက ပတ်ဝန်းကျင်အတွက် စိတ်အေးချမ်းစေနိုင်ပါ မည်။ အဓိပ္ပါယ်ပြည့်ဝသော အနားယူချိန်၊ စာ ဖတ်ချိန်၊ အဓိပ္ပါယ်ပြည့်ဝသော ပရဟိတလုပ် ဆောင်ချိန် စသည်တို့ကို ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် ပြုစုပျိုးထောင် ပုံသွင်းရပေ မည်။ ဤသို့သော အရွယ်တွင် ပုံသွင်းထားသော အချိန်တန်ဖိုးထားတတ်သည့် လူငယ်များ လူ ရွယ်လူလတ် ဖြစ်လာပါက အတ္တပရ မျှတသည့် စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာမည်။ ငယ်စဉ် က ပရဟိတ စိတ်၊ အရွယ်ရောက်သော် အတ္တ ပရ မျှတသော စိတ်ရှိသော သူသည် တတိယ အရွယ်တွင် စိတ်ချမ်းမြေ့ သာယာစွာဖြင့် ဘဝ ကို အဓိပ္ပါယ်ရှိရှိ အပေါင်းလက္ခဏာ ဆောင်နိုင် ပါလိမ့်မည်။
.


ဆက်စပ်မှု သီအိုရီများ အသုံးချ၍ ဘဝ တန်ဖိုး မြင့်မားလာကြပါစေ။
.
 

No comments:

Post a Comment

Recent Tube