အောင်ပန်း မြို့အ၀င် ဆိုင်းဘုတ်အနီး၌ မော်တော်ယာဉ် ၂ စီး တိုက်မိသဖြင့် တစ်ဦး သေဆုံးကာ၊ ၁၃ ဦး ဒဏ်ရာရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, March 13, 2019

အောင်ပန်း မြို့အ၀င် ဆိုင်းဘုတ်အနီး၌ မော်တော်ယာဉ် ၂ စီး တိုက်မိသဖြင့် တစ်ဦး သေဆုံးကာ၊ ၁၃ ဦး ဒဏ်ရာရ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့အ၀င် ဆိုင်းဘုတ်အနီး ပြည်ထောင်စုလမ်း၊ မိုင်တိုင်အမှတ်(၇၈/၂)နှင့် (၇၈/၃)ကြား၌ ယနေ့ မတ်လ ၁၃ ရက်၊ နံနက် ၆ နာရီခွဲခန့်တွင် မော်တော်ယာဉ် ၂ စီး တိုက်မိသဖြင့် တစ်ဦး သေဆုံးကာ၊ ၁၃ ဦး  ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ ယာဉ်မောင်း ကောင်းခန့်၊ (၂၅)နှစ် မောင်းနှင်သော ကန်တာ၊ ၆ ဘီး အဖြူရောင်ယာဉ်သည် တစ်ဘက်ယာဉ်ကြောရှိ ကလောဘက်မှ မောင်းနှင်လာသည့် အောင်ပန်းမြို့၊ မြို့ဟောင်းရပ်ကွက်နေ ဦးရန်နိုင်ဦး၊ (၄၆)နှစ် မောင်းနှင်လာသော ကန်တာ၊ ၆ ဘီး အဖြူရောင်ယာဉ်အား ၀င်ရောက် တိုက်မိကာ ယာဉ်ပေါ်ပါ ခရီးသည်များနှင့် ယာဉ်မောင်းဖြစ်သူတို့ သေဆုံး/ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ယာဉ်တိုက်မှုကြောင့် အောင်ပန်းမြို့၊ ရွာငံစုရပ်ကွက်နေ မဆင့်၊ (၅၄)နှစ်မှာ ၀ဲယာ လက် ၂ ဘက်ကြေမွ၊ ယာနားထင် ချိုင့်ဝင် ဒဏ်ရာများဖြင့် အောင်ပန်းဆေးရုံ၌ ဆေးကုသမှု ခံယူစဉ် သေဆုံးခဲ့ရပြီး၊ အခြား ၁၃ ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကာ တောင်ကြီးမြို့၊ စ၀်စံထွန်းဆေးရုံ၊ ကလောဆေးရုံတို့တွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
.
ယင်းကဲ့သို့ မော်တော်ယာဉ်အား မဆင်မခြင် မောင်းနှင်၍ တစ်ဘက် ယာဉ်ကြောသို့ ရောက်ရှိ တိုက်မိသဖြင့် လူ သေဆုံး၊ ဒဏ်ရာများ ရရှိစေခဲ့သူ ယာဉ်မောင်း ကောင်းခန့်အား အောင်ပန်း နယ်မြေရဲစခန်းမှ ယာဉ်(ပ) ၄၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄(က)ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးထားကြောင်း သိရသည်။

No comments:

Post a Comment

Recent Tube