ကျိုင်းတုံတွင် သင်္ကြန်ကာလအတွင်း ဂျုံမှုန့်ဖြင့် ပက်ဖြန်းခြင်းမပြုရန် ထိန်းသိမ်းကြပ်မတ်သွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျိုင်းတုံတွင် သင်္ကြန်ကာလအတွင်း ဂျုံမှုန့်ဖြင့် ပက်ဖြန်းခြင်းမပြုရန် ထိန်းသိမ်းကြပ်မတ်သွားမည်


ထက်တိုင်းကျော်
.
မြန်မာသက္ကရာဇာ် ၁၃၈၁ ခုနှစ်၊ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ရက်များအတွင်း ကျိုင်းတုံမြို့နယ်၌ ရေပက်ကစားကြရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် ဂျုံမှုန့်ဖြင့် ပက်ဖြန်းမှုများကို မပြုလုပ်ရန် မြို့နယ် တာဝန်ရှိသူများ၏ အကူအညီဖြင့် ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
.
ကျိုင်းတုံတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ကာလအတွင်း၌ ရေပက်ကစားကြသူအချို့သည် ပြီးခဲ့ သည့် ၂၀၁၈ ခုနှစ်က ရေပက်ခံထွက်သူများ၊ လမ်းလျှောက်သူများနှင့် ယာဉ်မျိုးစုံတို့အပြင် တာဝန်ကျ ဝန်ထမ်း များအား ရေပက်ခြင်း သာမက မုန့်လုပ်ရာတွင် အသုံးပြုသည့် ဂျုံမှုန့်များဖြင့် ပက်ဖြန်းမှုများ ရှိခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရမှုဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.
ကား/ဆိုင်ကယ် မောင်းနှင်စီးနင်လာသူတွေက ရေစိုရွှဲနေတော့ဂျုံမှုန့်ကပ်ရင် ရုတ်တရက် ရှေ့မြင်ကွင်းကို မမြင်ရတော့ဘဲ ထိခိုက်ဒဏ်ရာရတာလို မတော်တဆဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ် သင်္ကြန်အတွင်းမှာ ဂျုံမှုန့်နဲ့ အပက်ခံရလို့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။ ဒါကြောင့် လာမယ့်သင်္ကြန်ကာလမှာ ရေ ကစားသူတွေအနေနဲ့ ဂျုံမှုန့်ကို ပက်ကစားတာမျိုး မပြုလုပ်ကြဖို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကြီးကြပ်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်ဟု ကျိုင်းတုံမြို့ရှိ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

ဖားစည်ပို့တဲ့ ရက်ဆိုင် လူတွေ၊ ယာဉ်တွေ ကြပ်ညှပ်နေတတ်တဲ့အတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေး အတွက် သေချာဂရုစိုက်ပြီး လမ်းရှင်းတာဝန်ကို ယူထားရတဲ့အချိန်မှာ ဘယ်ကမှန်း မသိတဲ့ ဂျုံမှုန့်နဲ့ အပက်ခံရတာမျိုး ကြုံရဖူးပါတယ်။ ကိုယ့်ကိုချစ်လို့ စနောက်တာ ဖြစ်နိုင်ပေမဲ့ ရုတ်တရက် မြင်ကွင်းပျောက်သွားပြီး တာဝန်ကို အနှောင့် အယှက်ဖြစ်စေနိုင်တဲ့အတွက် ဂျုံမှုန့်နဲ့ မပက်စေချင်ပါဘူးဟု ကျိုင်းတုံမြို့ရှိ အမှတ် (၁၁၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့ စုမှူးရုံးမှ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ၎င်း၏အတွေ့အကြုံကို ပြောသည်။
.
နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ရက်များအတွင်း ရေပက်ကစားကြသည့် ရိုးရာဓလေ့ကို မြန်မာနိုင်ငံ အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ပြုလုပ်လေ့ရှိပြီး လူအချင်းချင်း ချစ်ခင်ကျီစယ်လိုခြင်း၊ အမွှေးနံ့သာရနံ့ သင်းပျံ့စေ လိုခြင်းသဘောဖြင့် ပေါင်ဒါမှုန့်များ၊ အမွှေးနံ့သာများသုံး၍ ပက်ဖြန်းသည့် အစဉ်အလာများ ရှိနေပြီး မြန်မာ့ရိုးရာ နှစ် သစ်ကူးသင်္ကြန်ပွဲတော်အတွင်း ဂျုံမှုန့်ဖြင့် ပက်ဖြန်းသည့် လုပ်ရပ်မှာ မဖြစ်သင့်ကြောင်း ဒေသခံများမှ ဝေဖန်ပြောဆို လျက်ရှိသည်။

Journal Download

Photo of three cats