တောင်ကြီးမြို့ရှိ မြင်းစီး ရုပ်တု ဖျက်ဆီးခံရ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ရှိ မြင်းစီး ရုပ်တု ဖျက်ဆီးခံရ

ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ မြင်းစီးရုပ်တုအား ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူအချို့မှ ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
“ လူတစ်ချို့က လာပြီးတော့ ဖျက်ဆီးသွားတယ်လို့ပဲ သိရသေးပါတယ်။ ဘယ်သူဆိုတာ မသိရသေးပါဘူး၊ နီးစပ်ရာ CCTV တွေကို ကြည့်ရှု စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ ဘယ်အချိန်က ဖြစ်ပွားခဲ့တာလည်း ဆိုတာကိုလည်း မပြောနိုင်သေးပါဘူး။ CCTV မှတ်တမ်း ကြည့်လို့ မပြီးသေးတဲ့အတွက် ကြောင့်ပါ” ဟု တောင်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ် အောင်မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

(ဓါတ်ပုံ - တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီ) 
တာဝန်ရှိသူများမှ CCTV မှတ်တမ်းများအား ကြည့်ရှုစစ်ဆေးနေဆဲ ဖြစ်ကာ စစ်ဆေးကြည့်ရှုမှု ပြီးပါက ဖျက်ဆီးခဲ့မှု အခြေအနေများကို အတိအကျ သိရှိနိုင်မည်ဖြစ်ပြီး ယင်းကဲ့သို့ လူတစ်စု၏ ရိုက်ချိုး ဖျက်ဆီးမှုကြောင့် ရုပ်တုမှ မြင်း၏ခွာ၊ ဒူး၊ အမြီးနှင့် လူ၏ ယာဘက်ပခုံးတို့ ပျက်ဆီးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မြင်းစီးရုပ်တုသည် တောင်ကြီးမြို့၏ အထင်ကရ နေရာများအနက် တစ်ခု အပါအ၀င် ဖြစ်ကာ ဒေသခံများမှ မြင်းရုပ်ဟု အမှတ်သညာ ပြုလုပ် ခေါ်ဆိုကြပြီး လဲကျသူ အမျိုးသားမှ မြင်းပေါ်ရှိ အမျိုးသားအား လက်ဆင့်ကမ်း ပေးအပ်သည့်သဏ္ဍာန်အဖြစ် ပြုလုပ်ထားခြင်း ဖြစ်သည်။

Journal Download

Photo of three cats