ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာမှ ဒေသခံ ၂၅ဝ ကျော် သောက်သုံးရေ မလုံလောက်မည်ကို စိုးရိမ်နေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, March 7, 2019

ပင်းတယမြို့နယ်၊ နန်းပလန်ကျေးရွာမှ ဒေသခံ ၂၅ဝ ကျော် သောက်သုံးရေ မလုံလောက်မည်ကို စိုးရိမ်နေ


ရဲရင့်ဇွဲ၊ ထွန်းလွင်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတ ယမြို့နယ်၊ တမဲကျေးရွာအုပ်စု၊ နန်းပလန် ကျေးရွာမှ ဒေသခံပြည်သူများ၏ မိုးရေစုထားသည့် သောက် သုံးရေကန် ခန်းခြောက်ပြီး သောက် သုံးရေ မလုံလောက်မည်ကို စိုးရိမ် နေရကြောင်း နန်းပလန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ကျောင်း ထိုင်ဆရာတော်ထံက သိရသည်။
.
.
''မိုးရေလှောင်ကန်ကတော့  ၂ ကန်ရှိပါတယ်။ ဒါပေမဲ့ ရွာသားတွေအတွက် နွေရာသီတစ်လျှောက်လုံးမှာ ခပ်ယူသုံးစွဲဖို့ မလုံလောက်ဘူး။ ဒါကြောင့် ရေကို အကန့်အသတ်နဲ့ သုံးစွဲဖို့ပြောရတော့ စိတ်လဲမကောင်း ပါဘူး။ အဲဒီ မိုးရေလှောင်ကန် ခန်းသွား ရင်ဘုန်းကြီးကျောင်းမှာရှိတဲ့ ကန်ကို သုံးတယ်။ အဲဒီကန်တွေ ကုန်သွား ရင်တော့ ကလောမြို့နယ်ထဲမှာရှိတဲ့ သိမ်ကြီးရေထွက်အထိ သွားခပ်ရ တယ်။ အသွားအပြန် ၁ နာရီခွဲ ၂ နာရီလောက် လမ်းလျှောက်ရတယ် ဆိုတော့ ရေသွားခပ်ရတာနဲ့ စိုက် ပျိုး ရေးလုပ်ငန်းတွေကို မလုပ်နိုင်တော့ဘူး။ ရေလှောင်ကန်လည်း ခန်းခြောက်နေပြီ''ဟု နန်းပလန် ကျေးရွာ ဆရာတော်က မိန့်ကြားခဲ့ သည်။
.
အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၆၅ အိမ်၊ လူဦးရေ ၂၅ဝ ကျော် နေထိုင်လျက်ရှိပြီး နှစ်စဉ်မိုးရေလှောင် ကန်ကိုသာ အဓိကအားထား အမှီပြု သုံးစွဲနေကြသည့် ကျေးရွာဖြစ်ကာ နှစ်စဉ် ဖေဖော်ဝါလနှင့် ဧပြီလကြား မိုးမကျမီ ကာလတွင် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေရ ကြောင်း သိရသည်။
.
ယင်းကဲ့သို့ သောက်သုံးရေ ခက် ခဲချိန်များတွင် ရေတစ်ထမ်းရရန် မိ နစ် ၅ဝ ခန့် အချိန်ပေးပြီး ပင်ပန်း ခက်ခဲစွာ ကြိုးစားသယ်ယူနေရကာ အဆိုပါရေလှောင်ကန်သည်လည်း ခြောက်သွေ့ ခန်းခြောက် လုနီးနေပြီ ဖြစ်ကြောင်းနှင့် ဘုန်းတော်ကြီး ကျောင်း၌ မိုးရေလှောင်ကန် ၂ ကန် ရှိသော်လည်း နွေရာသီတစ်လျှောက် လုံး ခပ်ယူသုံးစွဲရန် လုံလောက်မည် မဟုတ်သည့်အတွက် အကန့်အသတ် ဖြင့်ပေးဝေနေရကြောင်း ဆရာတော် က ဆက်လက်မိန့်ကြားခဲ့သည်။
.
သို့ဖြစ်၍ နန်းပလန်ကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် စက် ရေတွင်း တူးဖော်လှူဒါန်းလိုသူများ အနေဖြင့် ကျေးရွာဆရာတော်နှင့် ဒေသခံများထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
.

No comments:

Post a Comment