ရှမ်းနီတိုင်းရင်းသားများ၏ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဖော်ထုတ်နိုင်ရန်အတွက် ၄၉၂ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Tuesday, March 19, 2019

ရှမ်းနီတိုင်းရင်းသားများ၏ ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဖော်ထုတ်နိုင်ရန်အတွက် ၄၉၂ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ ပြုလုပ်



စိုင်းသိင်္ခသူ
.
ရှမ်းနီတိုင်းရင်းသားများ၏ ယဉ်ကျေးမှု စရိုက်လက္ခဏာများကိုဖော် ထုတ်နိုင်ရန်အတွက် ၄၉၂နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၊ ဗုဒ္ဓတက္က သိုလ်ခန်းမတွင် မတ်လ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
.
အဆိုပါအခမ်းအနားသို့ မြန်မာ နိုင်ငံတစ်ဝှမ်းရှိ ရှမ်းနီဆရာတော် သံဃာတော်များ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမူရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ မန္တလေး အခြေစိုက် တိုင်းရင်းသားအဖွဲ့များ၊ စာရေးဆရာများ၊ ရှမ်းနီတိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.
ရှမ်းနီအမျိုးသားနေ့ သတ်မှတ် ပြုလုပ်ရခြင်းနှင်ပတ်သက်၍ ရှမ်းနီလူငယ်အဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဆေကောင်းဖှက ''ကျွန်တော်တို့ ရှမ်းနီတွေ သမိုင်းအစဉ်အလာ ကြီးမားခဲ့တယ်ဆိုတာ အမှတ်ရအောင်ရယ်၊ ဒီနေ့လေးကို အကြောင်းပြုပြီး ကိုယ့်ရဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာတွေကို ဖော်ထုတ်နိုင်ဖို့ရယ်၊ ကိုယ့် အမျိုးသားတွေ စုစည်းတွေ့ဆုံနိုင်ဖို့ ရည်ရွယ်ပါတယ်'' ဟု ပြောကြား သည်။
.
အဆိုပါ အခမ်းအနားတွင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှ ရှမ်းနီယဉ်ကျေးမှုအဖွဲ့၊ ရှမ်းနီလူငယ် အဖွဲ့ချုပ်မှ လူငယ်များ၊ ရှမ်းပြည်နယ် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း အဖွဲ့တို့မှ ဖျော်ဖြေရေး အစီအစဉ် များဖြင့် ပါဝင်တင်ဆက်ခဲ့ကြကြောင်း သိရသည်။
.
''ဆွေမျိုးတွေရဲ့ အမျိုးသားပွဲကို တက်ရောက်အားပေး ပါဝင်ဖျော်ဖြေ ပေးခဲ့ပါတယ်''ဟု ရှမ်းနီအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျွန်းတစ်ထောင်မြေ ဖောင်ဒေရှင်းမှ ဒေါ်နန်းဝါနုက ပြောသည်။
.
''အဓိကက မှတ်ပုံတင်လူမျိုး အမှန် ရှမ်းနီနေရာမှာ ဗမာတို့ တခြား တို့ စာရင်းသွင်းခံထားရလို့ ရှမ်းနီ လူမျိုးအမှန် ရေးသွင်းနိုင်ရေးလည်း လုပ်ဆောင်နေပါတယ်'' ဟု ရှမ်းနီ (တိုင်းလိုင်)ပါတီ SNP မှ ဦးစောဝင်း ထွန်းက ပြောသည်။
.
သက္ကရာဇ် ၈၈၈ ခု (ဗီ-၁၅၂၇) မိုးညှင်းစော်ဘွား စဝ်လုံ ဦးဆောင် သော ရှမ်းနီတိုင်းရင်းသားများ အင်း ဝထီးနန်းကို ရယူ၍ မြန်မာနိုင်ငံ အား စုစည်းနိုင်ခဲ့ပြီး မြန်မာ့သမိုင်း တွင် ရှမ်းခေတ်အဖြစ် သမိုင်းရေးထိုး နိုင်ခဲ့သောနေ့ကို ရှမ်းနီအမျိုးသား နေ့အဖြစ် ကျင်းပခြင်း ဖြစ်ကြောင်း သိရှိရသည်။
.
ရှမ်းနီခေါ် တိုင်းလိုင် လူမျိုးများ သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်း မြစ်ရိုး တစ်လျှောက်ရှိ မြို့ရွာများ၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေ သကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့ တွင် အများဆုံး နေထိုင်နေကြကာ ပြည်ပရောက် ရှမ်းနီတိုင်းရင်းသား များအပါအဝင် ခန့်မှန်းလူဦးရေ ၁ဝ သိန်းကျော် ရှိနိုင်သည်ဟု သိရသည်။
.

No comments:

Post a Comment

Recent Tube