တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်း မူးယစ်ရမ်းကား၍ အများပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မှုများရှိနေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 8, 2019

တောင်ကြီးမြို့၊ ဗိုလ်ချုပ်ပန်းခြံအတွင်း မူးယစ်ရမ်းကား၍ အများပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်မှုများရှိနေ ဟုဆို


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်း မူးယစ်သေစာ သောက်စားခြင်း၊ ရမ်း ကားခြင်းနှင့် အများပြည်သူ စိတ် အနှောင့်အယှက်ဖြစ်အောင် ပြုလုပ် မှုများ ရှိနေပြီး ယင်းကိစ္စမျိုးကိုလက် ခံသွားမည်မဟုတ်ကြောင်း တရား ဥပဒေစိုးမိုးရေးကွန်ယက်မှ ကိုဝင်းနိုင် စိုးက ကမ္ဘောဇတိုင်းသို့ ပြောကြား ခဲ့သည်။
.
.
ယင်းကဲ့သို့ ဗိုလ်ချုပ်ပန်းခြံအ တွင်း မူးယစ်သောက်စား ရမ်းကားမှု များနှင့် ပတ်သက်၍ အဆိုပါပန်းခြံ အတွင်း အခမဲ့စာဖတ်ခန်းဖွင့်လှစ် ထားသည့် တရားဥပဒေစိုးမိုးရေးကွန် ရက်မှ ကိုဝင်းနိုင်စိုးက ''ဟိုတလော ကမှ ရမ်းကားပြီး ဈေးသည်တွေနဲ့ ပြည်သူတွေနားက ပိုက်ဆံတောင်း တယ်လို့ သိလိုက်ရတယ်။ ဒီလိုကိစ္စ တွေက ဖြစ်တော့ဖြစ်ခဲ့ဖူးပါတယ်။ မကြာခဏဖြစ်တာတော့ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ အဖွဲ့တွေလည်း ပန်းခြံမှာ ရှိနေပါတယ်။ လူပေါင်းစုံ လာတဲ့နေရာဆိုတော့ တစ်ခါတလေ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ တ ရားဥပဒေစိုးမိုးရေးကွန်ယက်ကတော့ ဒီလိုကိစ္စတွေကို လုံးဝလက်ခံသွားမှာ မဟုတ်ပါဘူး။ တွေ့ခဲ့ရင်ပညာပေး မယ်။ ပြန်လွှတ်ပေးမယ်။ အဲဒီလိုလုပ် ပေးတာကိုမှ ဆက်လုပ်နေရင် တရား ဥပဒေအရ လုပ်သင့်လုပ်ထိုက်တာ ကိုဆက်လုပ်သွားမှာပါ''ဟု ပြော သည်။
.
ဗိုလ်ချုပ်ပန်းခြံအတွင်း၌ ဈေး သည်များနှင့် ပန်းခြံသို့အလည်လာ သော ကျောင်းသား/ကျောင်းသူများ ထံမှ အရက်မူးယစ်သောက်စားထား သူများက ငွေညစ်တောင်းခံမှုများရှိ ကြောင်း ပန်းခြံတွင်းဈေး ရောင်းချနေ သည့် ဈေးသည်တစ်ဦးထံမှ သိရှိ ရပြီး ပြည်သူများစိုးရိမ်မှု မဖြစ်ပေါ် စေရန်အတွက် ထိန်းချုပ်ပေးရန် လိုအပ်နေကြောင်း ဗိုလ်ချုပ်ပန်းခြံအတွင်းသို့လာရောက်လည်ပတ်ကြ သည့် ပြည်သူများနှင့် ဈေးသည်အချို့ က ပြောဆိုလျက်ရှိသည်။
.
''အရက်သမားတွေရှိတော့ ဈေး ရောင်းတဲ့လူတွေလည်း လန့်နေရ တယ်။ အဖွားဆီက တစ်ခါတောင်းဖူး တယ်။ မပေးလို့လည်း မရဘူးလေ။ သူတို့က မူးနေတာဆိုတော့ တစ်ခုခု လုပ်လိုက်မှာ ကြောက်ရတယ်။ လူ ပါးတဲ့နေ့တွေဆိုရင် ဖြစ်တတ်တယ်။ တချို့က လာပါဦးလို့ ခေါ်လို့သွားလိုက် တော့ ပိုက်ဆံပေးဆိုပြီးတောင်းတာ ပါ''ဟု ပန်းခြံအတွင်း၌ ပျံကျဈေး ရောင်းချလျက်ရှိသည့် ဈေးသည်တစ် ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ဗိုလ်ချုပ်ပန်းခြံသည် တောင် ကြီးမြို့လယ်တွင်တည်ရှိပြီး မြို့ပေါ် မှ လာရောက်အပန်းဖြေသူများ၊ ကျောင်းသား/ ကျောင်းသူများနှင့် အခမဲ့ စာဖတ်ခန်းတွင် စာအုပ်စာပေ လာရောက်ဖတ်ရှုသူများမပြတ် ရှိနေ ပြီး ယခုကဲ့သို့ ပန်းခြံအတွင်း မူး ယစ်ရမ်းကားသူများ ရှိနေခြင်းသည် လာရောက်လည် ပတ်သူများအ တွက် စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း ဒေ သခံများမှ ပြောဆိုလျက်ရှိသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်၊ မွန်းလွဲပိုင်းအချိန်ကလည်း ပန်းခြံအတွင်း၌ ဈေးရောင်းချသည့် ဈေးသည် တစ်ဦးထံမှအရက်သေစာ သောက်စားထားသူ တစ်ဦးက ငွေတောင်းခံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube