လားရှိုးတွင် အဆင့်မြင့် မော်တော်ယာဉ်ဆေးပေါင်းခန်းဖြင့် ဆေးမှုတ်ဝန်ဆောင်မှု အလုပ်ရုံဖွင့်လှစ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, March 18, 2019

လားရှိုးတွင် အဆင့်မြင့် မော်တော်ယာဉ်ဆေးပေါင်းခန်းဖြင့် ဆေးမှုတ်ဝန်ဆောင်မှု အလုပ်ရုံဖွင့်လှစ်



နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ကားများကို ပတမဦးဆုံးအဆင့်မြင့်ဆေးပေါင်းခန်းဖြင့်ဆေးမှုတ် ၀န် ဆောင်မှုပေးမည့် TK CAR BOYD PAINT & SPA  အလုပ်ရုံတစ်ခုကို စတင်ဖွင့်လှစ်ထား ကြောင်း သိရသည်။
.
 .
လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ လေယာဉ်ကွင်းသွားလမ်းတွင် အဆိုပါအလုပ်ရုံဖွင့်လှစ်ထားပြီး ပြန်လည်ပြုပြင်မည့် ယာဉ်များကို ဆေးပေါင်းခန်းဖြင့် အချိန်တိုအတွင်းပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
.
အရင်ကဆို ကားအကောင်းတွေကိုဆိုရင် မန္တလေး၊ ရန်ကုန်တို့ကိုသွားပြီးတော့မှလုပ်ရတယ်။ အချိန်ကုန်တယ်၊ ငွေကြေးပိုကုန်ကျတယ်။ ဒါတွေကို သက်အောင်ဆိုပြီး ဖွင့်ဖြစ်တာပါ။ တစ်နေရာထဲမှာ အားလုံးကိုလုပ်ဆောင် ပေးပါတယ်။’’ဟု TK CAR  BOYD PAINT & SPA  မှ ဒါရိုက်တာ စိုင်းထွန်းလှကပြောသည်။
.
အဆိုပါဆေးပေါင်းခန်းအသုံးပြုခြင်းကြောင့် ရာသီဥတုမည်သို့ပင်ရှိစေကာမူ အပူကိုချိန်ညှိပေးထားပြီး၊မည်သည့် အချိန်မဆို ဆေးမှုတ်နိုင်ကာ ဖုံတင်ခြင်း၊ လေတိုက်ခြင်း အန္တရယ်များကင်းဝေးကြောင်း သိရသည်။
.
အဆိုပါဆေးပေါင်းခန်းအသုံးပြုပါက ဆေး ၃ နှစ်အာမခံပေးထားပြီး ၃ နှစ်အတွင်း ပျက်ီးပါက ပြန်လည်းပြုပြင်ပေး မည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါအလုပ်ရုံတွင် ကားဘော်ဒီပြုပြင်ခြင်းကိုလည်း ခေတ်မှီစက်ကြီးများအသုံးပြုကာ ပြုပြင်ပေးနေပြီး ပြုပြင်ပြီးသောယာဉ်များကို ပလပ်စတစ်ဖြင့် ဖုံးအုပ်ပေးထားသည့်အပြင် အင်္ဂျင်ပိုင်ပြုပြင်ပေးခြင်း၊ ရေဆေးသည်အပိုင်းနှင့် ပတ်သက်သောလုပ်ငန်းများကိုလည်း ၀န်ဆောင်မှုပေးကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube