တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားပေါ်တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားပေါ်တွင် လမ်းလျှောက်သင်္ကြန် ပြုလုပ်မည်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီ လိတ်မြို့တွင် ကျင်းပပြုလုပ်မည့် မြန် မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်အတွင်း နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားပေါ်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော် ပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

.
''မတ်လ ၁၃ ရက်နေ့ကတော့ အစည်းအဝေး လုပ်ဖြစ်တယ်။ လမ်း လျှောက်သင်္ကြန်ဆိုတာက ချစ်ကြည် ရေးတံတားပေါ်မှာ နှစ်နိုင်ငံ ပူးပေါင်း ပြီး ပန်းအလှတွေနဲ့ တံတားအလှ ဆင်မယ်။ အဲဒီနေရာမှာပဲ လုပ်ဖို့ အကြမ်းဖျင်း သတ်မှတ်ထားတာပါ။ ထူးခြားအစီအစဉ်တွေတော့ ထည့် သွင်းသွားဖို့ မရှိသေးပါဘူး''ဟု တာ ချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ  ဦးနေထူးက ကမ္ဘောဇတိုင်းသို့ ပြော ကြားခဲ့သည်။
.
အဆိုပါ လမ်းလျှောက်သင်္ကြန်အား နှစ်ဘက်နိုင်ငံရှိ အကြီးအကဲများ တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်း နှီးမှု ရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိပြီး ထိုင်းနိုင် ငံဘက်မှလည်း တံတားပေါ်တွင် ပန်း အလှများဖြင့် ပြင်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။
.
တာချီလိတ်မြို့၌ မဟာသင်္ကြန် ကျင်းပနိုင်ရေးအတွက် အစည်းအဝေး တစ်ရပ်ကို မတ်လ ၁၃ ရက် နံနက် ပိုင်းအချိန်က တာချီလိတ်မြို့၊ စုပေါင်း ရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗဟို မဏ္ဍပ်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ အိမ် နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနိုင် ငံနှင့် ထိုင်းနိုင်ငံတို့ကိုလည်း ဖိတ် ကြားသွားရန် စီစဉ်နေကြောင်း သိရ သည်။
.

Journal Download

Photo of three cats