ရပ်စောက်တွင် စတုတ္ထအကြိမ်မြောက် ဓနုတိုင်းရင်းသားများ ဆုံစည်းရာပွဲတော် ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, March 17, 2019

ရပ်စောက်တွင် စတုတ္ထအကြိမ်မြောက် ဓနုတိုင်းရင်းသားများ ဆုံစည်းရာပွဲတော် ပြုလုပ်



ထမံသီ
.
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကီးခိုင် ရပ်စောက်မို့နယ် မြင်တောင်ကျေးရွာအုပ်စု၊ ပုန်းအင်း ကျေးရွာ နန်းပုန်းဘုန်းတော်ကီးကျောင်းတွင် ယနေ့ မတ်လ ၁၇ ရက်၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် ဓနုတိုင်းရင်းသားများ ဆုံစည်းရာ ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.
.
ပွဲတော်ကို ဩဝါဒါစရိယ ဆရာတော်များနှင့် ဂုဏ်ထူး ဆောင်ဧည့်သည်တော်များက ဖဲကိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဓနုတိုင်းရင်းသား ဆရာတော် သံဃာတော်များအား ပူဇော်ကာ ရပ်စောက်မို့နယ် မြင်တောင်ကျေးရွာအုပ်စု သံဃနာယကဥက္ကဋ္ဌ ဆင်သေကျောင်းဆရာတော် ဦးဥာဏိဿရထံမှ သြ၀ါဒခံယူခဲ့ကြသည်။
.
ထို့နောက် နိုင်ငံတော်အလံ၊ ရှမ်းပြည်နယ်အလံနှင့် ဓနုတိုင်းရင်းသားအလံများအား အလေးပြု၍ သဘာပတိမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးရပ်စောက်မြို့နယ်ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌရှမ်းပြည်နယ်အစိုးရ အဖွဲ့င် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် ဓနု တိုင်းရင်းသားရိုးရာအဖွဲ့ချုပ် (ဗဟို) ဥက္ကဌတို့မှ နှုတ်ခွန်းဆက်အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။
.
အဆိုပါဓုတိုင်းရင်းသားများ ဆုံစည်းရာပွဲတော်သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့င် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်၊ မို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်၊ ဓုတိုင်းရင်းသားရေးရာအဖွဲ့ချုပ်(ဗဟို)ဥက္ကဋ္ဌ ဦးဏ္ဏမင်း၊ ရပ်စောက်မြို့နယ် ဓနုတိုင်းရင်းသားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဘမော်နှင့် ဒေသခံဓနုတိုင်းရင်းသား စုစုပေါင်း ၂၀၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဓနုတိုင်းရင်းသား မောင်မယ်များမှ ထာရသစွာတိုင်းရင်းသာိးုးရာအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
 .

No comments:

Post a Comment

Recent Tube