တောင်ကြီးမြို့တွင် ပြုလုပ်သည့် အထူးဓမ္မသဘင်အတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Boxed(True/False)

Comments system

Photo of three cats

Sunday, March 31, 2019

တောင်ကြီးမြို့တွင် ပြုလုပ်သည့် အထူးဓမ္မသဘင်အတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်း


ရှမ်းပြည်နယ်တောင်ကီးမို့တွင် မတ်လ ၂၁ ရက်မှ ၂၅ ရက်ထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပ ပြုလုပ်ခဲ့သည့် ပထမအကိမ် အထူးဓမ္မသဘင် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေးအတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း ၁၀၀၀ အား လှူဒါန်းခဲ့ကြောင်း သိရသည်။
.

ယင်းကဲ့သို့ အထူးဓမ္မသဘင် အောင်မြင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုပွဲကို မတ်၃၀ ရက် ညနေက တောင်ကြီး မို့တော်ခန်းမ၌ ပြုလုပ်ခဲ့ပြီး ကမ္ဘောဇဘဏ် အပါအ၀င် အလှူရှင်များနှင့် ကော်မတီအသီးသီးတိုအား ရှမ်းပြည်နယ် ဝန်ကီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကီးချုပ်၊ ပြည်နယ် ဝန်ကီးများနှင့် ပြည်နယ်စာရင်းစစ်ချုပ်တိုက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
.
ယင်းအထိမ်းအမှတ် ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကီးချုပ် ဒေါက်တာ လင်းထွဋ်က ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားပြည်သူအပေါင်း ယုံကြည် ကိုးကွယ်လျက်ရှိသော ဗုဒ္ဓဘာသာသာသနာနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စေတီပုထိုး ဘုရား ကျောင်းကန် စသည့် သာသနိကပစ္စည်းများ တည်ဆောက် ပြုပြင်ရေးကိစ္စများ ရာသီအလိုက် ဘာသာရေး ပွဲတော်များ ကျင်းပပြုလုပ်ရေး ကိစ္စများတွင်လည်း ဒေသခံစေတနာရှင် လုပ်သားပြည်သူများနှင့်အတူ ဦးဆောင် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အထူးဓမ္မသဘင်ပွဲကို ညတိုင် စည်ကားသိုက်မိုက်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက် ရှမ်းပြည်နယ်နှင့် မြန်မာပြည်တစ်ဝှမ်းလုံး သာမက တစ်ကမ္ဘာလုံးတိုင်အောင် မီးမောင်းထိုးပြ ဂုဏ်ယူနိုင်ပီး ဖြစ်ကြောင်း၊ လူမှုရေး ပရဟိတအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များ၏ စိတ်ရောကိုယ်ပါ တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ဂုဏ်ပြုထိုက်သူများ အားလုံးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း ပြောကြားခဲ့သည်။
.
အဆိုပါ အထူးဓမ္မသဘင် တရားပွဲတွင် ချမ်းမြေ့ဆရာတော်၊ သီတဂူဆရာတော်၊  တိပိဋက ယောဆရာတော်၊ ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒနှင့် ဗန်းမော်ဆရာတော်ကြီးတို့မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ၅ ရက်တိုင်တိုင် ဟောကြား ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats