ရေမှော်ကိုဖယ် ရေကြည်ကို သောက်မယ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, March 16, 2019

ရေမှော်ကိုဖယ် ရေကြည်ကို သောက်မယ်



ဆာယာ-လှမြင့်
.

.
သင်ဖြစ်စေ ကျွန်ုပ်ဖြစ်စေ ကျေးဇူးနှင့်ကင်း ၍ ရပ်တည်လို့ မရနိုင်ပါ။ အကူအညီလိုအပ်နေ သူတွေကို ထောက်ပံ့ စောင့်ရှောက်မှု ပေးခြင်းသည် ကျေးဇူးတွေ လူတိုင်းမှာ တင်ရှိနေကြပါ၏။ ရှင်ဒေဝဒတ်ကိုပင် ကျေးဇူးတင်စရာ တစ်ခု ရှိပါသည်။ သူ့ကြောင့် မြတ်စွာဘုရား ဂုဏ်သတင်း ပိုတက်လာလို့ပါ။ ဘုရားဂုဏ်ကတော့ သူ မရှိလည်း တင့်လွန်းမြင့်လွန်းပြီးသားပါ။ ဗုဒ္ဓဝင် မှာ သူကလူကြမ်းကြီးအဖြစ် ဘုရားကို ဂုဏ် တင်ပေးလို့ ကျေးဇူးတင်စရာပါ။ သဘာဝပတ် ဝန်းကျင်တွေကလည်း လူတွေနှင့် အပြန်အလှန် ကျေးဇူးပြုနေကြလို့ ဂေဟစနစ်ကောင်းနေတာ ပေါ့။ သစ်ပင်ကို အပြစ်မတင်ပါနဲ့။ ကျေးဇူးတင် ပါ။ ခုတ်လို့ ကုန်တော့မယ်ဆိုပါတော့ တောင်က တုံးတွေ သျှောင်ထုံးအောင် လုပ်ပေဦးတော့။
.
မြတ်ဗုဒ္ဓက ကျေးဇူးသိသူကို ''ကတညူ'' သိသည့်အားလျော်စွာ တုံ့ပြန်လေ့ရှိသူကို ''ကတဝေဒီ'' ကျေးဇူးဂုဏ်ကိုတော့ ''ကတညုတာ'' ရယ်လို့ မာဂဓ ဘာသာစကားနှင့် သုံးနှုန်းပါသည်။ ထိုသို့ကျေးဇူးနှင့် ပတ်သက် သော အခြင်းအရာတို့သည် လူတို့ကျင့်အပ်သော ကျင့်ဝတ်တွေမို့ ကျင့်ပါလျှင် ကြီးပွားဖို့အကြောင်း မင်္ဂလာပါပဲ။ ကတညုတာ ကတဝေဒီ မင်္ဂလာ မည်ပါ၏။
.
''ကျေးဇူးတင်ပါတယ်ရှင်'' ဤ ရေဒီယိုသီ ချင်းလေးကို လူတိုင်းနှုတ်ဖျားမှာ လက်သုံးစကား အဖြစ် နှုတ်ထွက် လွယ်ကြပါသည်။ ပြုခြင်း သိခြင်း ဆပ်ခြင်းကိစ္စမှာတော့ ဝန်လေးနေကြပါ၏။ လူ့စရိုက်ဆိုးမို့ ရိုက်ချိုးပစ်ပါ။ ကျေးဇူးသိမှ မင်္ဂလာ။ ဖိုမပေါင်းသင်းကြတာ မင်္ဂလာအစစ် မဟုတ်ပါဘူး။ ကိလေသာ အလုပ်၊ ခြင်ထောင်ထဲ က ကိစ္စယောကျာ်းက မိန်းမလိုချင်လို့ မင်္ဂလာ ဆောင်သည်။ မိန်းမက မင်္ဂလာဆောင်ချင်လို့ ယောကျာ်းရှာသည် ဒါပါပဲ။ လောကီရေးမင်္ဂလာ လို့ ဆိုလျှင်တော့ ဟုတ်ပါသည်။
.
တကယ့် မင်္ဂလာအစစ်သည် သီလ သမာ ဓိပညာ သိက္ခာ (၃)ပါးပါ။ မကောင်းမှုကို သမာ ဓိပညာနှင့်ပယ်၊ ရှောင်တာက သီလ၊ မင်္ဂလာ တရားကို အဆီအနှစ်ထုတ်တော့ တရားကိုယ် ဓာတ်သားက သီလ သမာဓိ ပညာပင်။ သိက္ခာ (၃)ပါး လူ့လောကထဲ ရောက်သွားဖို့ လိုအပ်ပါ ၏။ ဤသုံးပါးလူ၏ သန္တန်ကင်းမဲ့နေချေသော် လူ့ဘဝသည် အချည်းနှီးသာတည်း။
.
ကျေးဇူးသိသူ ကြီးပွားအံ့။ ကျေးဇူးကန်းသူ တစ်နေ့ ဆုတ်ယုတ် ပျက်စီးအံ့။ ဤသီအိုရီအတိုင်း လက်တွေ့ဘဝနှင့် ထင်ဟပ်ကြည့်ပါ။ သို့ သော် ကျေးဇူးကန်းသူတချို့ ကြီးပွားနေတယ် ဆိုပါစို့။ ခဏပါ။ မကြာခင် သူ့လမ်းကြောင်းအ တိုင်း ထိုးဆင်းသွားမှာပါ။ ကျေးဇူးသိတဲ့သူ တ ချို့ဆင်းရဲနေကြတာကလည်း ကံအရှိန်မကောင်း သေးလို့ပါ။ ငွေကြေး ဓနဥစ္စာဆိုသည် ကံအရှိန် ကောင်းမှ အချိုးတည့်ဝင်လာပါ၏။ ဝင်မလာခင် ခေတ္တချို့တဲ့စေကာမူ ကျေးဇူးခံ ပုဂ္ဂိုလ်များရဲ့ မေတ္တာဓာတ်အရှိန်ကြောင့် အလွန်အောက်ကျ နောက်ကျ မဖြစ်ပါ။ သပ်သပ်ရပ်ရပ် ဆင်းရဲပါသည်။ သူ၏ သိတတ်သော စေတနာကသူ့ကို မြေတောင်မြှောက်ပေးပါ၏။ ကျေးဇူးမသိသူကို လည်း မသိမှုကပင် ဖျက်ဆီးပါ၏။ သည်တော့ ဘာလုပ်မလဲ။ သူ့ကျေးဇူးကို သိပါ ဆပ်ပါ။ ဤ မင်္ဂလာတရားသည် လူ့ကျင့်ဝတ်ဖြစ်နေ၍ ဘာသာမဲ့ဆိုသူတွေလည်း ပြုကျင့်ရမှာပဲလေ။
.
ကျွန်တော်တို့ ဘဝခရီး တစ်လျှောက်မှာ အခက်အခဲ ကြုံလေတိုင်း နတ်မိမယ် (ဗညါူန) လေးများပမာ ဝင်ရောက်ကူညီပေးလာသူတွေ ရှိကြမှာပါလေ။ စာရေးဆရာမကြီး မဝင်းမြင့်လေ ယာဉ်မတက်ခင် တစ်ယောက်ယောက်က ခေါ် ငင်သွားခဲ့လျှင် ဆရာမကြီးဝတ္ထုတွေ ဖတ်နေဦး မှာ။ နတ်မိမယ်တွေ ခရီးလွန်နေရော့လား။ နတ် မိမယ် (သို့) မေခလာ နတ်သမီးလို ကယ်တင် ရှင် ကျေးဇူးတွေကို အောင်းမေ့တသ သတိတရ ကျေးဇူးတုံ့လှဲ့ပေးကြပါ။ သူတစ်ပါး၏ အပြစ်ကို မရှာပါလင့်။ သူ့ကျေးဇူး ဘာရှိလဲလို့သာ တွေး ပါကြည့်ပါ ရှာကြပါ။ အပြစ်ရှာဖို့ လွယ်၏။ အ မှားပြင်ဖို့ကျ ခက်နေတတ်ပါသည်။
.
ပမာ တစ်ခုပြုပါရစေ။ လူတစ်ယောက် နွေ ကန္တာခရီးလမ်းမှာ ဝန်ထုပ်ကြီးတွေကို ထမ်း လျှောက်လာရော ချွေးတစ်ပြိုက်ပြိုက်နှင့် မော ဟိုက်လာတော့၏။ ရေဆာလာ၏။ ကံကောင်း ထောက်မစွာ ရေအိုင်တစ်ခုတွေ့၏။ သို့သော် ရေပြင်ပေါ်မှာ မှော်တွေ ဖုံးနေသည်။ ရေမှော် အောက်မှာတော့ ရေကြည်တွေ ရှိနေပါ၏။ ဤ တွင် ရေမှော်ရှိလို့ ရေမသောက်ဘဲ ခရီးဆက်ခဲ့ သော် လမ်းခုလတ်မှာ ဘိုင်းကနဲ လဲမှာပဲ။ တ ကယ်လုပ်ရမှာက ရေမှောက်ကိုဖယ်၊ ရေကြည် ကို သောက်ပေါ့။ ရေမှော်ကို မကြည့်ဘဲနေမှ ဘ ဝအမောတွေ ပြေလျော့သွားမည်။ သည့်အတိုင်း ပင် ထိတွေ့ဆက်ဆံရသောလူတွေ အပေါ် ရေ မှော်နှင့်တူသည့် အပြစ်တွေ ဖယ်ရှား၍ ရေ ကြည်နှင့် အလားတူသော သူ့ကျေးဇူးတွေကို သိကြဆပ်ကြမည် ဆိုလျှင် ကောင်းလေစွ။ ဒါ ပေမဲ့ လွယ်တော့ မလွယ်ပါဘူးလေ။
.
ဗုဒ္ဓကျေးဇူးကြောင့် ကျွန်တော်တို့အမှောင် ထဲကလွတ် အလင်းရခဲ့ကြ၏။ တရားကျေးဇူးဖြင့် အမှန်လမ်း သိခဲ့ကြ၏။ သံဃာ့ကျေးဇူးဖြင့် ကု သိုလ်ကောင်းမှု ပြုခွင့်ရခဲ့ကြ၏။ မိဘကျေးဇူး ကြောင့် လူလားမြောက်လာ။ ဆရာ့ကျေးဇူး ကြောင့် ဘဝတွေ လှခဲ့ပေါ့။ သည်ဂုဏ်ကျေးဇူး တွေ ရည်မျှော်ရင်း သိနိုင်ဆပ်နိုင်ကြပါစေသော်။ အကယ်၍ ဘုရားရွှေမချနိုင်သေးလျှင် ရှိစေ၊ ဘု ရားရွှေ မခွာပါနှင့်။ ကျေးဇူးမကန်းကြစေရာ။ ကျေးဇူးကန်းသူများရဲ့ နှလုံးသားမှာ မေတ္တာစမ်း ရေတွေ ခန်းခြောက်နေလေရဲ့။
.
မြစ်ထဲရေ အလကားသောက်ရတဲ့အခါ ဧ ရာဝတီကျန်းမာပါစေ။ မြစ်ဆုံရေကာတာ ဘေး နဲ့ ဝေးပါစေ။ ဆုတောင်းရ အခါခါ။ သစ်ရိပ်မှာ ခိုနားရလျှင် အခက်မချိုး အပင်မခုတ်ပါနှင့်။ အ ပင်က အောက်ဆီဂျင်ထုတ်ပေး အဆိပ်ကာဗွန် ဒိုင်အောက်ဆိုဒ်ကို စုပ်ယူအသီးကိုကျွေး။ ကျေး ဇူးတွေနဲ့ပါ။ သစ်ပင်ကို အပြစ်မတင်ရ လူမှာဖြစ် စေ။ အပင်မှာ ဖြစ်စေ ရှာကြည့်စမ်းပါ။ ကျေး ဇူးတစ်နေရာတော့ တွေ့ပါလိမ့်မည်။
.
တစ်နေ့တွင် ကျွန်တော်သည် အရေးကြီး ကိစ္စတစ်ခု ပေါ်လာ၍ ဆိုင်ကယ်နှင့် ခရီးသွား ရင်း လမ်းတွင် ဆီပြတ်သွား၏။ တော်သေး၏။ လမ်းဘေးမှာ ဓာတ်ဆီဆိုင် အဆင်သင့်တွေ့ရ ၏။ ဆီဝယ်ထည့်ပါသည်။ ဆိုင်ရှင်ကို ကျေးဇူး တင်ကြောင်း ပြောတော့ သူက ''ကျွန်တော့်အ လကားပေးနေတာမှ မဟုတ်တာ ဘာလို့ကျေး ဇူးတင်ရတာလဲ''တဲ့ ''အေး ဒီလိုရှိတယ်ကွာ တကယ်လို့ မင်းက ဆီရောင်းမပေးရင် ငါ ခရီး ဆက်လို့ မရတော့ဘူး ငါ့မှာ ပိုက်ဆံတွေရှိတယ်။ ဒါပေမဲ့ ငွေစက္ကူတွေနဲ့ ဆိုင်ကယ်မောင်းမရဘူး လိုနေတာ ဓာတ်ဆီ၊ ခရီးဆက်နိုင်အောင် ဆီ ရောင်းပေးတဲ့ ငါ့ညီကို ကျေးဇူးတင်ရပါတယ်'' ဤစကားတစ်ခွန်း ရှာကြံ၍ ကျွန်တော်ပြောဖြစ် ခဲ့သည်။ သီတဂူဆရာ၏ မင်္ဂလာတရားများ နာ ခဲ့ရသည့်အချိန်မှစကာ ကျေးဇူးစကားတွေ ခဏ ခဏမကြာမကြာ ပြောလေ့ပြောထရှိလာ၏။ ဆ ရာတော့် ဉာဏ်ကိုမှီ၍ ဤစာစုကို ရေးနေပါ ကြောင်းကိုလည်း ဝန်ခံပါ၏။ သြော် ကျေးဇူး သည် ရှာဖွေလေ တွေ့ရှိလေပါတကား။ တွေ့ပြန် တော့လည်း တုံ့လှည့်ဖို့ အရေးခက်နေသေး၏။
.
ပြုရန် သိရန် ဆပ်ရန် ခက်လှသောကျေးဇူး ကို ဒုလ္လဘတရားအဖြစ် မြတ်ဗုဒ္ဓက (၃)မျိုး ခွဲပြရာ (၁)ရှေးဦးစွာ သူတစ်ပါးအပေါ် ကျေးဇူး ပြုလေ့ရှိသူ ရှား၏။ ထိုပုဂ္ဂိုလ်ကို ပုဝွကာရီ(၂) ကျေးဇူးသိသူကို ကတညူ (၃) ကျေးဇူးပြန်ဆပ် လေ့ရှိသူ ကတဝေဒီ ဟူ၍ဖြစ်၏။ ထိုသုံးမျိုးထဲ စာရင်းဝင်ဖို့ ခဲယဉ်းပါကြောင်း လူ့ဖြစ်စဉ်တွေက သက်သေခံနေ၏။ မိဘက ပုဗ္ဗကာရီ၊ သားသမီး သည် ကတဝေဒီ။ ပုဗ္ဗကာရီအပိုင်းက သူ့တာ ဝန်သူ ကျေ၏။ ကတဝေဒီဖြစ်ဖို့ကတော့ ခဲယဉ်း သွားသည်။ သည့်နည်းတူစွာ ဆရာသည် ပုဗ္ဗ ကာရီ၊ တပည့်က ကတဝေဒီ ဤအစဉ်တိုင်း သွားရပါသည်။ သို့သော် ခဲယဉ်းနေကြလေ၏။
.
အသက်အရွယ်အရ ကျွန်တော်သည် ပင်စင်စားနေပြီဆိုတော့ ပုဗ္ဗကာရီ (အကန်တော့ခံ) စာရင်းဝင်နေပါပြီ။ ကတဝေဒီ တပည့်များက ပုဗ္ဗကာရီဆရာများကို ကျေးဇူးဆပ်သည့် မြတ် ဆရာပူဇော်ပွဲတွေမှာ မိန့်မိန့်ကြီး ကန်တော့ခံနေ ပါသည်။ ကိုယ့်ကိုယ်ကို ပုဗ္ဗကာရီ ဖြစ်ခဲ့ရဲ့လား လို့ တုန်လှုပ်မိ၏။ အသက်ကြီးလို့ ကန်တော့ခံ တာဆိုလျှင် လက်အုပ်ြေ<ွကးတင်သွားမှာပေါ့။တ ပည့်ရှိနေ၍သာ ဆရာ့ဘဝ ရှင်သန်ရသည်မို့ တ ပည့်ကျေးဇူးလည်း ရှိပြန်သည်။ တံတားကူးသ လို အပြန်အလှန်သဘောရှိ၏။ တပည့်များလက် အုပ်ချီ ကန်တော့နေကြသောအခါ ကိုယ့်လိပ် ပြာက သန့်ပေမယ့် စိတ်မချလို့ စိတ်ထဲက မြတ် စွာဘုရား ဂုဏ်တော်တွေ ပွားများနေရင်း ဂုဏ်တော်နှင့် ကာထားလိုက်ပါ၏။ တပည့်တွေ ကုသိုလ်ရပါစေတော့လို့။
.
ဤပြုသိဆပ်လုပ်ရမယ့် ကျေးဇူးတရားကို ထမင်းစား ရေသောက်ကိစ္စသဘောမျိုး မထား ကြစေလို။ ဗုဒ္ဓအဆုံးအမ ပါလားလို့ အရေးတယူ ကျင့်ဆောင်စေချင်၏။ လူပြောသူပြော မဟုတ်။ ဘုရားဟော မင်္ဂလာတရား စစ်စစ်ဖြစ်၍ သင် သည် မင်္ဂလာတရား၌သာ တည်ပါ၏။ ဘာမှမ ပူနဲ့။ ဒုက္ခရောက်နေလည်း ခဏပါ။ ဓမ္မစွမ်းအင် ဖြင့် ကူညီမစမည့်သူ မိတ်ဆွေကောင်းတွေပေါ် လာရမှာ ယုံပါ။ တရားရှိသူတွေ ဆင်းရဲမည်ဆို လျှင်တော့ သတင်းစာရှင်းလင်းပွဲ လုပ်ရပါလိမ့် မည်။ အဓမ္မက နိုင်ရိုးထုံးစံ မရှိပါ။
.
ကျွန်တော်တို့ဘဝမှာ ဝင်ထွက်သွားလာနေ သည့် သူငယ်ချင်းတွေ များချင်များနေကြမည်။ မိတ်ဆွေရှားပါ၏။ မြတ်ဗုဒ္ဓက မိတ်ကောင်းရှိ လျှင် ကိစ္စအားလုံးပြီးသည်။ ငါဘုရားသည်သင် တို့ရဲ့ မိတ်ဆွေကောင်းပဲဟု ရှင်အာနန္ဒာကို မိန့် ပါသည်။ မိတ်ဆွေကောင်းနှင့် နေရခြင်းသည် မ မြင်ရသည့် နတ်ပြည်ခြောက်ထပ်မဟုတ်ပေမယ့် မြင်နေရသည့် လူ့ပြည်ထဲက နတ်ပြည်တစ်ထပ် မှာ ရောက်နေရသလို ရန်သူတွေနှင့် ဆုံနေ ရခြင်းက ငရဲကြီးရှစ်ထပ်ကို ကျနေရသလို။ သည်သဘောမျိုး ဆရာပါရဂူ ပြောဖူးသည်။
.
မိတ်ဆွေကောင်းဟူသည် ကျေးဇူးပြုသူများ (ပုဗ္ဗကာရီ)ဖြစ်၏။ ကျွန်တော့်ဘဝမှာ မိတ်ဆွေ ကောင်းလို့ ဆိုရမည့်သူ ရှိခဲ့၏။ သူသည် ငယ် ပေါင်းကြီးဖော် သူငယ်ချင်းတော့ မဟုတ်။ ကျွန် တော် ကျောင်းအုပ်ဘဝမှာ လက်ထောက် ဆရာမတစ်ဦး၏ ခင်ပွန်းပြည်နယ်အုပ်ချုပ်ရေးအရာ ရှိတစ်ဦးပါ။ ဆရာမနှင့် နှီးနွယ်၍ ကျွန်တော့်ကို ကူညီကျေးဇူးပြုခဲ့ပါသည်။ ကျွန်တော်ပင်စင်ယူခါနီးတွင် မြေကွက်လျှောက်ခိုင်းပြီး မြေတစ် ကွက်ချပေးခဲ့ပါ၏။ သည်ကျေးဇူးကို မှတ်ထားပါသည်။ ဘယ်တော့မှ မပေးပါ။ မြေကွက်ဝယ်နိုင်တဲ့ အင်အားကျောင်းဆရာမှာ မရှိရိုးထုံးစံပဲလေ။ မြေကွက်ရလိုက်တာ ဒုလ္လတစ်ခုပါပဲ။ ကျေးဇူးရှင် ဇနီးကောင်းဖြစ်ကြတဲ့ ဗိုလ်မှူးမြအောင်နဲ့ ဆရာမ ဒေါ်မာမာသိမ်းကို အခါသင့် အခွင့်ကြုံ လျှင် ကျေးဇူးဆပ်ချင်ပါသေးသည်။
.
ကျွန်တော့်မှာ မြေကွက်လက်ဝယ် ပိုင်ခဲ့ပြီ မို့ တကယ်ဝမ်းသာခဲ့ရသည်။ ဘဝမှာ စားဝတ် နေရေး ကျန်းမာရေးသည် တို့တာဝန်အရေး (၄) ပါးအစစ်။ အသက်ရှင် ရပ်တည်ဖို့လိုအပ်၏။ ယ နေ့ကာလဝယ် စားစရာ ဝတ်စရာ၊ ပူစရာမလို။ နေစရာသာ လိုပါသည်။ ပြန်စရာ အိမ်ရယ်လို့ ရှိရမည်။ ကျူးကျော်တဲ၊ ပလက်ဖောင်းဘေးက ပြည်သူတွေ ကြုံရာ ကျဘန်း နေနေကြရ၏။ ဘယ်သူနဲ့ ဆိုင်သလဲ။ မည်သူ့မှာ တာဝန်ရှိသ နည်း။ ရောမဘုရင် မိသားစုက နန်းတော်ထဲမှာ စားသောက်ပွဲနဲ့ အပြင်မှာ ရောမသားတွေပေါင် မုန့်ငတ်နေရမှာလား။
.
မြန်မာ့မြေမှာ စားဖို့ ဝတ်ဖို့ မခဲယဉ်းလှပါ။ စားဖို့က နတ်ထွင်းတဲ့ ခံတွင်းရှိသည်။ ကုသိုလ် ကံအားကောင်းလျှင် ကံ အာဟာရနှင့်ပင် နေနိုင်၏။ ခိုနားစရာ၊ ကျောခင်းစရာအတွက် မိုးကောင်း ကင်လည်း မတတ်နိုင်ပါ။ နိုင်ငံတော်က တတ်နိုင် ပါသည်။ ကျန်းမာရေးကလည်း သင့်တင့်မျှတ သဘာဝကျကျ နေထိုင်စားသောက် တတ်ပါ လျှင် ကောင်းနိုင်၏။ နေစရာ မရှိသူနေစရာပေး။ စားစရာ ဝတ်စရာအတွက် အလုပ်အကိုင်အခွင့် အလမ်းတွေဖွင့်၊ သည်လိုဆို ခရေပင်အောက်က ပိတောက်ကိုမချစ်တော့ပါ။ မလေးရှား၊ စင်္ကာပူ သွားစရာမလို။ ကိုယ့်နိုင်ငံမှာ ဥု နေလျှင် ပြည် သူလူထုက အစိုးရကို မေတ္တာပို့ရင်းကျေးဇူး တင်နေကြမှာပါ။
.
သည်မြေ သည်ရေ သည်နိုင်ငံမှာ လူဖြစ် လာပြန်တော့ နိုင်ငံရဲ့ ကျေးဇူးသစ္စာကိုလည်း သည်လူအပေါင်းက စောင့်သိရိုသေရမည်ပင်။ အမေရိကန် သမ္မတကနေ ဒီက ''တိုင်းပြည်က ငါ့ကို ဘာပေးမလဲဆိုတာထက် ငါက တိုင်းပြည် အတွက် ဘာတွေ ပေးဆပ်ပြီးပြီလဲ အရင်စဉ်း စားပါ''တဲ့။ ဆိုတော့ မိဘပြည်သူများဘက်က လည်း တရားဥပဒေကို လေးစားလိုက်နာကြရဲ့ လား။ ဝန်ထမ်းတွေက လာဘ်စားတုန်းလား။ အစိုးရ အရေးမယူကြဘူးလား။ စစ်ကြောဝေဖန် ကြည့်ပါ။ အပြစ်တွေ မြန်နေရုံမျှဖြင့် မြန်မာ့နွေဦး မလှစေနိုင်။ နိဂုံးချုပ်ရသော် ကျွန်တော့်အနေ ဖြင့် ကျေးဇူးတရားတွေ အပြန်အလှန် ရစ်ပတ် ချည်နှောင်ထားသော လူ့ဘဝထဲက လူ့ကျင့် ဝတ်တစ်ခုကို မင်္ဂလာရှုထောင့်မှ ရေးအပြီးမှာ ထပ်၍ ထပ်ခါထပ်ခါ အကြိမ်ကြိမ် ပွတ်သပ်မွမ်းမံကာ အယ်ဒီတာ စားပွဲပေါ်ရောက်အောင် ပေးပို့လိုက်ပြီ။ ကံအားလျှော်စွာ စာမျက်နှာပေါ် ရောက်ခဲ့လျှင် ဟုတ်ကဲ့ ကျေးဇူးပါ။
.

No comments:

Post a Comment