နိုင်ငံရေး ကင်းရှင်းကြောင်း သီပေါမြို့နယ် စာရေးဆရာအသင်း ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နိုင်ငံရေး ကင်းရှင်းကြောင်း သီပေါမြို့နယ် စာရေးဆရာအသင်း ထုတ်ပြန်



နောင်(မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် စာရေးဆရာအသင်းသည် စာပေနှင့် စာနယ်ဇင်း လုပ်ငန်းများကိုသာ အကောင်ထည်ဖော် ဆောင်ရွက်နေသည့် အသင်းအဖွဲ့ဖြစ်ကာ နိုင်ငံရေးကင်းရှင်းကြောင်း မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရသည်။
.

.
''ကျွန်တော်တို့အသင်းရဲ့ ရပ်တည်ချက်လေးနဲ့ လုပ်ဆောင်နေတဲ့ အပိုင်းလေးတွေကို အများသိအောင် ကျန်တာတွေနဲ့ မပတ်သက်ဘူးဆိုတဲ့အကြောင်း ထုတ်ပြန်တာ ဖြစ်ပါတယ်။ ပင်မစာပေ အလုပ်လုပ်တယ်၊ လူမှုရေး၊ ဘာသာရေးတွေ ပြည်သူနဲ့ အတူလုပ်တယ်။ စာနယ်ဇင်း ကျင့်ဝတ်အရ သတင်းရေးနေတာတွေကို အဓိကထား ဆောင်ရွက်နေတာပါ။ စာပေ၊ ယဉ်ကျေးမှု သက်သက်ဖြစ် တယ်ဆိုတာကို အများသိအောင် အခြေနေအချိန်အရ အမှုဆောင် အဖွဲ့က အသိပေး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်''ဟု သီပေါမြို့နယ် စာရေးဆရာအသင်း ဥက္ကဌ ဦးလှ မောင်လတ် (စာရေးဆရာ သီပေါ ကိုလတ်)က ပြောသည်။
.
အဆိုပါအသင်းသို့ ဝင်ရောက်ရန် အတွက် ဝတ္ထုတို၊ ဆောင်းပါး၊ ပုံပြင်၊ ကဗျာ၊ လုံးချင်းဝတ္ထုရေးသားသူ၊ ပြ ဇာတ် ရေးသားသူ ဖြစ်ရမည်ဖြစ်ကာ အသင်းအနေဖြင့် စာပေ၊ စာနယ်ဇင်း လုပ်ငန်း၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ ပရဟိတနှင့် ယဉ်ကျေးမှု လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ကူညီသော အသင်းဖြစ်ကြောင်း သိရသည်။
.
''ကျွန်တော်တို့က နိုင်ငံရေး \ပါ တီ ကင်းရှင်းတယ်။ ဝင်ချင်ရင်တော့ သွားဝင်လို့ရပါတယ်။ စာရေးဆရာ အသင်းဝင်ရင် နိုင်ငံရေးပါတီကင်း ရှင်းရမယ်။ တရားဝင်နိုင်ငံရေးပါတီက စာပေဟောပြောပွဲတွေဖိတ်ကြား ရင်တော့ သွားပြီးဟောပြောခွင့် ရှိ ပါတယ်။ သူတို့လုပ်ငန်းကိုမလုပ်နဲ့ ပါတီကို မဝင်နဲ့၊ ဆန္ဒပြတာတွေ၊ ဆန္ဒဖော်ထုတ်တာတွေ ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် တိုက်ပွဲရပ်တို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့တွေသည် အကြံပေးခြင်း၊ ဆွေးနွေးခြင်း၊ ထောက် ခံခြင်း၊ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်း၊ ပါဝင်ခြင်း မပြုလုပ်ဘူးဆိုတာလေးကို အများသိအောင် ထုတ်ပြန်တာဖြစ်ပါတယ်'' ဟု ဦးလှမောင်လတ်(စာရေးဆရာသီပေါကိုလတ်)ကပြောသည်။
.
အဆိုပါ စာရေးဆရာအသင်းသည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ ကျောက်မဲမြို့ များတွင်လည်း အသင်းခွဲများ ဖွင့်လှစ် ထားပြီး စာပေ၊ စာနယ်ဇင်း လုပ်ငန်း၊ ဘာသာရေး၊ ပညာရေး၊ လူမှုရေး၊ ပရဟိတနှင့် ယဉ်ကျေးမှု လုပ်ငန်းများကို လုပ်ဆောင်ပေးနေ ကြောင်း သိရသည်။
.

Journal Download

Photo of three cats