မိုင်းဆတ်တွင် မြို့လုံခြုံလှပစေရေးအတွက် ဆလိုက်လမ်းမီးများ ထွန်းညှိသွားမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 9, 2019

မိုင်းဆတ်တွင် မြို့လုံခြုံလှပစေရေးအတွက် ဆလိုက်လမ်းမီးများ ထွန်းညှိသွားမည်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်း ဆတ်မြို့တွင် ရေပေးဝေနေသည့် မယ်ပန် ရေအားလျှပ်စစ်မှ ရေအား လျော့ကျ လာမှုကြောင့် လျှပ်စစ်မီး ပေးနိုင်မှု အားနည်းချိန်ဖြစ်သည့် နွေ ရာသီကာလများတွင် မြို့လုံခြုံရေးနှင့် လှပစေရေးအတွက် မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် မြို့မိမြို့ ဖ အလှူရှင်များ ညှိနှိုင်းပေါင်းစပ်ကာ ဆလိုက်လမ်းမီးများ တပ်ဆင်ထွန်း ညှိသွားမည်ဖြစ်ကြောင်း မိုင်းဆတ် မြို့နယ် စည်ပင်သာယာရေး ကော်မ တီမှ သိရသည်။
.
.
မီးအလင်းအား ၆ဝ ဝပ်ရှိမည့် (LED) ဆလိုက်မီးအလုံး ၂ဝ ကို ပထမ အသုတ်အဖြစ် မတ်လ ပထမ အပတ်မှ စတင်ကာ မြို့၏ အဓိကကျသည့် လမ်းဆုံလမ်းခွများ၊ ဈေးအတွင်း၊ အထက်တန်းကျောင်းပတ်လည်နှင့် လေယာဉ်ကွင်း ပတ်လည်တို့ တွင် စိုက်ထူထွန်းညှိသွား မည်ဖြစ် ပြီး ဒုတိယအသုတ် မီးအလုံး ၂ဝ အား လိုအပ်သည့် နေရာများတွင် ထပ်မံ ထွန်းညှိနိုင်ရန် စီစဉ်ဆောင် ရွက်လျက်ရှိကာ မီးတိုင် တစ်တိုင် လျှင်(လုပ်အားခမပါ) ၁၂ဝဝဝဝ ကျပ် ကျသင့်ကာ စေတနာရှင်များမှ လှူ ဒါန်းနိုင်ကြောင်း သိရသည်။
.
''နွေရာသီမှာ ချောင်းရေနည်း ပါးမှုကြောင့် ရေအားလျှပ်စစ်က ပေးနေတဲ့ မီးအား နည်းမယ်။ ပြီး တော့ အလှည့်ကျ ဆိုတော့ အဓိက ကျတဲ့ လမ်းဆုံလမ်းခွတွေ၊ ဈေးတွေ၊ ကျောင်းတွေမှာ မြို့လုံခြုံရေးအရ ဆ လိုက်မီးတွေ ထွန်းညှိဖို့ ပြီးခဲ့တဲ့လ အစည်းအဝေးမှာ ညှိနှိုင်းဆုံးဖြတ်ခဲ့ ကြတာပါ။ မြို့လည်း သာယာလှပ စေဖို့ ရည်ရွယ်ပါတယ်'' ဟု မိုင်းဆတ် မြို့နယ်စည်ပင်သာယာရေး ကော်မ တီ၏ ဥက္ကဌ ဦးစိုင်းကျော်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ မိုင်းဆတ်မြို့နယ်စည် ပင်သာယာရေးဌာနမှ အမှုဆောင်အ ရာရှိ ဦးကျော်နိုင်ကလည်း ''စည်ပင် ရန်ပုံငွေက တစ်နှစ်ကို ကျပ်သိန်း ၁ဝဝဝ ဝန်းကျင်မှာ ၅ဝ ရာခိုင်နှုန်း ကို လမ်း၊ တံတားတွေမှာ ပြန်အသုံး ပြုရပါတယ်။ အခုဒီမီးထွန်းရေးက လည်း လွန်ခဲ့တဲ့ ၃ နှစ်လောက်က ပျံကျဈေး ချေးငွေကရရှိပြီး ရပ်ထား တဲ့ ကျပ်သိန်း ၇ဝ ကို ဈေးရဲ့ မီး သတ်ရေကန်၊ ရေဝပ်နေတဲ့လမ်းခင်း တာ၊ ဈေးတံခါး ပြင်ဆင်တာ၊ ရေ မြောင်းဆယ်တာ၊ ကျောက်စီတာ တွေမှာ ပြန်သုံးဖို့နဲ့ မီးထွန်းဖို့ အ တွက် ဈေးကော်မတီ၊ စည်ပင်ကော် မတီတို့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်'' ဟု ပြောသည်။
.
မိုင်းဆတ်မြို့တွင် မယ်ဆွမ် (မြောက်)၊ မယ်ဆွမ်(တောင်)၊ကျဒယ်၊ မြို့သစ် ရပ်ကွက်များအပြင် ကျေးရွာ များမှ ရပ်ကွက်အဖြစ် ပြောင်းလဲဖွဲ့ စည်းထားသည့် ဝိန်းဝိုင်၊ ဝိန်းနေ၊ ဆိုက်ခေါင် ရပ်ကွက်များအပြင် ဝမ် ဟုန်ကျေးရွာ၊ မယ်ဆတ်၊ ကန်န၊ ကောင်းမှုတုန် ကျေးရွာများအထိ မယ်ပန်ရေ အားလျှပ်စစ်မှ မီးပေးဝေ လျက်ရှိနေပြီး ယခုနွေရာသီတွင်မူ အလှည့်ကျ ခွဲတမ်းစနစ်ဖြင့် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။
.
မိုင်းဆတ်မြို့သည် လူဦးရေ ၆ဝဝဝ ကျော်နေထိုင်သည့် ရှမ်းပြည် နယ်အရှေ့ပိုင်းမှ ခရိုင်အဆင့် ရုံး စိုက်ရာ မြို့တစ်မြို့ဖြစ်ပြီး နိုင်ငံတော် ဓါတ်အား မရရှိသေးသဖြင့် မယ်ပန် ရေအားလျှပ်စစ်ကုမ္ပဏီမှ မြို့မီးပေး ရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိရာ နွေရာသီတွင် ရေရရှိမှု နည်းပါးခြင်း ကြောင့်လျှပ်စစ်ဓါတ်အား ပေးဝေရာ တွင် မြို့ပေါ်ရပ်ကွက် အလိုက်အလှည့် ကျပေး ဝေရမည်ဖြစ်ပြီး မြို့၏ အဓိ ကကျသည့် နေရာများတွင် လုံခြုံရေး နှင့် လှပရေးအတွက် ဆလိုက်လမ်း မီးများ ထွန်းညှိနိုင်ရန် စီစဉ်ဆောင် ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Recent Tube